အင်တာဗျူး
Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၂၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့မှာ မိဘမဲ့လူငယ်တွေအတွက် “အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်း” ဖွင့်ထားပါတယ်။
အဲဒီကျောင်းကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ဖွင့်နေတာလဲ။ ဘာတွေလုပ်ဆောင်နေသလဲဆိုတာကို အာရက္ခလူငယ်ဖွံ့ ဖြိုးရေးကျောင်းရဲ့ပြန်ကြားရေးတာဝန်ခံမင်းသန့်စိုးကို မေးထားပါတယ်။
“အဓိကရည်ရွယ်ချက်အနေနဲ့ကတော့ အာရက္ခပြည်အတွင်းမှာရှိတဲ့ မိဘမဲ့က လေးတွေအနေနဲ့အေးချမ်းတဲ့ပတ်ဝန်း ကျင်မှာ ဂုဏ်သိက္ခာရှိရှိပညာသင်နိုင်ရန်နဲ့စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်ပြီးတော့ ကလေးတွေမိမိကိုယ်ပိုင်ဘဝကိုအဆင့်တန်းရှိရှိဖန်တီးတည်ဆောက်နိုင်ရန်ရည်ရွယ်ချက်နဲ့ဖွင့်လှစ်ထားတာဖြစ်ပါတယ်။”
“နောက်ထပ်ရည်မှန်းချက်အနေနဲ့က တော့ အာရက္ခပြည်အတွင်းမှာရှိတဲ့ ဘဝလုံခြုံပြီးတော့ ကာယဉာဏဖွံ့ဖြိုးတိုးတက်ပြီး အာရက္ခပြည်ကိုခေါင်းဆောင်နိုင်တဲ့အနာဂတ်နိုင်ငံကောင်းသားပေါ် ထွက်လာမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ပါ။”
“ကျွန်တော်တို့အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းအရင်းအနေနဲ့ကတော့ ဆရာကြီးဦးလှစော၊ ဆရာမောင်ခိုင်အောင် ဦးဆောင်မှုလမ်းညွှန်မှုနဲ့အတူ ဆရာဖြစ်ချင်တဲ့ဆန္ဒကို ကျွန်တော်တို့ မြောက်ဦးကလူငယ်တွေစုပေါင်းပြီး ဆရာကြီးနဲ့အတူတူ ဦးဆောင်မှုအကြံပေးမှု လမ်းညွှန်မှုတွေနဲ့ ရှေ့ဆက်ပြီးလုပ်ဆောင်လာတာဖြစ်ပါတယ်။”
“ကျွန်တော်စပြီး ဆက်လုပ်လာတာကတော့ ဆရာဦးလှစောရဲ့မတည်ငွေနဲ့ပဲ ရှေ့ဆက်လုပ်ဆောင်လာတာဖြစ်ပါတယ်။”
“ကျွန်တော်တ်ို့ကော်မတီဝင်တွေဆွေးနွေးပြီး ဒီကျောင်းတည်ထောင်မယ့်နေ့သတ်မှတ်တဲ့အချ်ိန်မှာ ကျွန်တော်တို့ ငါးလပိုင်းငါးရက်နေ့ ၂၀၂၅ ကို တည်ထောင်တဲ့နေ့အဖြစ် သတ်မှတ်မယ်ဆိုပြီးကော်မတီအစည်းအဝေးဆုံးဖြတ်ညချက်နဲ့ငါးရက်ငါးလ ၂၀၂၅ ညနေပိုင်းခြောက်နာရီအချိန်မှာ Facebook မှာစပြီးတော့ announce လုပ်ခဲ့ပါတယ်။”
“စိတ်မကောင်းစွာနဲ့အဲဒီငါးရက်ငါးလ ၂၀၂၅ နေ့မှာပဲ ဆရာကြီးဦးလှစောက ည ၁၁ နာရီအချိန်လောက်မှာ ကွယ်လွန်သွားပါတယ်။”
“ရန်ပုံငွေအနေနဲ့ဘယ်လိုမျိုးလုပ်လဲဆိုတာတော့… ပထမဆုံးတဆင့်အနေနဲ့ ဆရာကြီးဦးလှစောရဲ့မတည်ငွေနဲ့ ရှေ့ဆက်ပါတယ်။ တခြားပြည်တွင်း၊ ပြည်ပအလှူရှင်တွေဆီက လှူဒါန်းငွေတွေနဲ့ ရှေ့ဆက်ပါတယ်။”
“ကျွန်တော်တို့အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်း၏ရည်ရွယ်ချက်က အာရက္ခပြည်မှာရှိတဲ့ကလေးတွေ အဓိကတော့မိဘမဲ့ကလေးတွေပေါ့။ အဲဒီကလေးတွေအနေနဲ့ လူငယ်အရင်းအမြစ်တွေကို ပိုပြီးပညာတတ်အောင် အရင်းအမြစ်ကောင်းတွေဖြစ်လာအောင်တွက် ကျွန်တော်တို့ကလုပ်ပေးနေတာဖြစ်ပါတယ်။”
“ပြည်တွင်း၊ ပြည်ပအလှူရှင်တွေအနေနဲ့ ကျွန်တော်တို့အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းကို အာရက္ခပြည်မှာရှိတဲ့ ကလေးတွေ၊ လူငယ်တွေ ပိုပြီးကောင်းလာဖို့ရယ်၊ ပိုပြီးကာယဉာဏဖွံ့ဖြိုးလာဖို့ရယ်ဆိုတဲ့ရည်ရွယ်ချက်ကို ကူညီပေးစေချင်ပါတယ်။”
“ကျွန်တော်တို့အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းမှာတက်မယ်ဆိုရင် အဓိကစံသတ်မှတ်ချက်သုံးချက်ရှိပါတယ်။ ပထမတချက်ကတော့ စစ်ပွဲဒဏ်ကြောင့် အမေ(သို့မဟုတ်)အဖေ ဆုံးရှုံးခဲ့ရတဲ့ ကလေးဖြစ်ရပါမယ်။ ဒုတိယတချက်အနေနဲ့ကတော့ မွေးကင်းစအရွယ်ကနေ အသက်ဆယ်နှစ်အောက်ကလေးဖြစ်ရပါမယ်။ နောက်ဆုံးတချက်အနေနဲ့ကတော့ အာရက္ခပြည်တွင်းမှာနေထိုင်တဲ့ ကလေးဖြစ်ရပါမယ်။ ဒီသုံးချက်ကိုတော့သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ဒီစံနှုန်းသတ်မှတ်ချက်သုံးခုနဲ့ညီပြီး ရောက်လာတဲ့ကလေးတွေက်ို နံပတ်တစ်အချက်အနေနဲ့ အသက် ၁၈ နှစ်ပြည့်အောင်ထိ ကျန်းမာရေး၊ ပညာရေးအရာအားလုံး ကိစွစအဝဝကို ကျွန်တော်တို့တာဝန်ယူပြီး ပြုစုစောင့်ရှောက်သွားပါမယ်။ ၁၈နှစ်ပြည့်ပြီးတဲ့နောက် ပိုင်းမှာ ကလေးတွေအနေနဲ့ ပညာရေးတပိုင်းတစလည်းပြီးပြီဆိုတော့ ကလေးတွေဖြစ်ချင်တဲ့ဆန္ဒအတိုင်း ကျွန်တော်တို့အားက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းက ကူညီပံ့ပိုးပေးသွားပါမယ်။”









