Border News Agency
ဆောထိ၊ မေ ၂၄။
ဆောထိမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးကြောင့် အရပ်သားတဦးသေဆုံးသွားတယ်လို့ ကေအဲန်ယူမှ မေလ ၂၃ရက်နေ့ ထုတ်ပြန်ပါတယ်။
ဆောထိမြို့နယ်၊ တောကြောင်ပေါက်ကျေးရွာကို မေလ ၁၂ ရက်နေ့က နတ်သံကွင်းရှိ အာဏာသိမ်းစစ်တပ်မှ ၁၂၀ မမ လက်နက်ကြီးတလုံးပစ်ခတ်လို့ ပေါက်ကွဲခဲ့တာကြောင့် အသက် ၇၅ နှစ်အရွယ် စောလှမောင်ကြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မအူပင်ကျေးရွာကို တုံးတံတားရှိအာဏာသိမ်းစစ်တပ်မှ ဒရုန်းနဲ့ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးစိုးမင်းရဲ့ နေအိမ်တလုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အင်္ဂနီကျေးရွာမှာလည်း မေလ ၁၆ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်မှထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းကိုတက်နင်းမိလို့ အသက် ၁၃နှစ်အရွယ် မောင်ရဲမင်းထွန်းဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေပစ်မှတ်ထားတိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက်လုပ်ဆောင်လာနေတာကြောင့် ကော်သူးလေအုပ်ချုပ်မှုနယ်မြေတွေအတွင်းနေထိုင်တဲ့ အရပ်သားတွေဟာ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။










