Border News Agency
တနင်္သာရီ၊ မေ ၂၅။
တနင်္သာရီမြို့နယ်မှာအာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၅၅၈ ခြေမြန်တပ်ရင်းမှာ မွမ်းမံသင်တန်းတက်နေတဲ့ စစ်မှုထမ်းတပ်သား ၆ ဦး PDF မြိတ်ခရိုင်တပ်ရင်း ၃ ဆီ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သား ၆ ဦးဟာ မွမ်းမံသင်တန်းမှ မေလ ၂၁ ရက်၊ညနေပိုင်းမှာ ထွက်ပြေးလာခဲ့ပြီး မေလ ၂၃ ရက်၊ မနက် ၁၀နာရီခန့်က PDF မြိတ်ခရိုင်တပ်ရင်း ၃ ဆီ လက်နက်မဲ့အလင်းဝင်လာကြတာလို့ ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သားတွေဟာ ကမ္မလိုင်းရွာအခြေစိုက် စစ်တပ် ခမရ ၅၅၈ မှာ မွမ်းမံသင်တန်းတက်နေတဲ့ အပတ်စဉ် ၂၂ မှ စစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဟာ စစ်တပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲစုဆောင်းခံရသူတွေဖြစ်ကြပြီး စစ်တပ်ရဲ့ ပြည်သူအပေါ်အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံနိုင်တဲ့အတွက် တပ်မှထွက်ပြေးလာတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်တပ် ခမရ ၅၅၈ မှာ မွမ်းမံသင်တန်းတက်နေတဲ့ စစ်မှုထမ်းတပ်သား ၅၅ ဦးရှိပြီး အဲဒီအထဲမှာ အသက် ၁၆ နှစ်အရွယ် ကလေးငယ် ၆ ဦးပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၅ ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းက နွေးထွေးစွာကြိုဆိုပြီး ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ အသိပေးထားပါတယ်။






