Border News Agency
မီဇိုရမ်၊မေ ၂၅။
မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့တွင်းမှာ ရွှေလို့ယူရတဲ့အတုံးအခဲတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ အကောက်ခွန်ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၄ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီဖမ်းဆီးမှုဟာ ကြိုတင်ရရှိထားတဲ့ သတင်းအချက်အလက်အရ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာကနေ ရွှေတုံးအများအပြားကို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့သက်သေခံပစ္စည်းတွေနဲ့အတူ သံသယရှိသူတွေကိုအကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းထားပြီး အကောက်ခွန်အက်ဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်မီဇိုရမ်ပြည်နယ်ထဲကို မြန်မာနိုင်ငံဘက်ကနေ ရွှေနဲ့မှောင်ခိုကုန်စည်တွေ တရားမဝင် စီးဝင်နေတာကြောင့် အခုလို နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကောက်ခွန်ဌာနတို့က ဖမ်းဆီးမှုတွေကို ခပ်စိပ်စိပ် ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ ရွှေအတုံးအခဲတွေရဲ့ ကာလတန်ဖိုးနဲ့ မှောင်ခိုကွန်ရက်နောက်ကွယ်က ပါဝင်ပတ်သက်သူတွေကို ပိုပြီးသိနိုင်ဖို့သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။






