Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် အာရက္ခဒေသ

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၇။

မြို့ပြစီမံကိန်းတွေနဲ့ပြည်တွင်းနေရပ်စွန့်ခွာသူတွေအရေး

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာပြည်တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)၊စစ်ဘေးရှောင်တွေကို နေ ရာပြောင်းရွှေ့တာတွေ လုပ်နေပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ရဲ့မေလ ၂၉ ရက်နေ့ထုတ်ပြန်ချက်မှာ မြို့ပြစီမံကိန်းတွေ လုပ်မှာမို့ လိုအပ်တဲ့မြေတွေကို အခြေအနေလိုအပ်ချက်အရ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီသိမ်းမယ်လို့ ဆိုထားပါတယ်။

အဲဒီကြေညာချက်မှာ ဘယ်ဥပဒေလို့မပါရှိပေမယ့် မြေပြင်မှာတော့ ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေနဲ့ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

အဲဒီတော့ ရခိုင်မြေယာကိစ္စမှာ မြေသိမ်းမှုဖြစ်စဉ်အသစ်တွေ ဆက်ရှိနေမယ့်သဘောလို့ ယူဆလို့ရပါတယ်။

အရင်စစ်အာဏာရှင်အဆက်ဆက်ကသိမ်းယူထားတဲ့မြေသိမ်းခံရမှုတွေဟာ ခုချိန်ထိမရှင်းနိုင်သေးပါဘူး။

အရင်စစ်အာဏာရှင်လက်ထက်က မြေသိမ်းတဲ့အခါ”လျော်ကြေးဆိုင်ရာတရားမျှတမှု”မရှိခဲ့ပါဘူး။

ခုလည်း ကာလတန်ဖိုးထက်နည်းတဲ့လျော်ကြေးငွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာမြေသိမ်းဖို့ ခြေလှမ်းလှမ်းနေပါတယ်။

အဲဒီတော့ မြို့ပြစီမံကိန်း၊မြို့ပြအင်္ဂါရပ် လှပခေတ်မီရေးစီမံကိန်းတွေရဲ့နော က်ဆက်တွဲဟာမြေယာလျှော်ကြေးဆိုင် ရာတရားမျှတမှုနဲ့ပြည်တွင်းနေရပ်စွန့် ခွာသူတွေ(IDPs)၊စစ်ဘေးရှောင်တွေကို နေရာပြောင်းရွှေ့ဖယ်ရှားမှုတွေရှိနေမှာဖြစ်ပါတယ်။

အာရက္ခဒေသရဲ့မြေယာပြဿနာတွေကို ကြည့်ရင် အုပ်စုခြောက်ခုကို တွေ့ရမှာပါ။

  • ၁။ အရင်အစိုးရအဆက်ဆက်သိမ်းဆည်းခဲ့တဲ့မြေယာပြဿနာ။
  • ၂။ ပဋိပက္ခတွေကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရတဲ့မြေယာပြဿနာ။
  • ၃။ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)ရဲ့မြေယာပြဿနာ။
  • ၄။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုသ က်သေအထောက်အထားမြေယာပြဿနာ။
  • ၅။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရတဲ့မြေယာပြဿနာ။
  • ၆။ နေရပ်စွန့်ခွာလာသူတွေ၊ဒုက္ခသည်တွေကို ပြန်လည်နေရာထားရေးအတွက် မြေယာပြဿနာ။
  • ၇။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ရဲ့မြို့ပြစီမံကိန်းတွေကြောင့် ဖြစ်လာတဲ့မြေယာပြဿနာ။

အဲဒီအထဲမှာနံပတ်တကလွဲပြီးနံပတ်နှစ်မှ ခုနှစ်ထိပြဿနာကိုကိုင်တွယ်ဖြေရှင်းနိုင်တဲ့နိုင်ငံတကာစံနှုန်းတွေရှိပါတ ယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ကုလသမဂ္ဂနဲ့မြေယာပဋိပက္ခဆိုင်ရာလမ်းညွှန်ချက် GUIDANCE NOTE OF THE SECRETARY-GENERAL (The United Nations and Land and Conflict)ထဲမှာ..

  • နေရပ်စွန့်ခွာရသူတွေရဲ့မြေနေရာတွေမှာ တခြားနေရာက နေရပ်စွန့်ခွာသူတွေကို နေရာချတာမျိုးဟာ နောင်အနာဂတ်မှာ ရှင်းရခက်တဲ့ပြဿနာတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေတယ်ဆိုတာကိုဖော်ပြထားပါတယ်။
  • တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ကြရတဲ့ မြေ၊အိုးအိမ်၊ရပ်ရွာစတဲ့ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေ လက်ရှိမှာ လူမရှိ သူမရှိ ပလပ်မြေဖြစ်နေရင်တောင် ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပြီးအလွှဲသုံးစား သိမ်းပိုက်မှုတွေမရှိအောင် ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။
  • ပလပ်ခံရသလိုဖြစ်နေတဲ့၊ပလပ်မြေလို့ ထင်စရာရှိနေတဲ့မြေတွေဟာ သွေးရိုး သားရိုးပလပ်ခံရတာမဟုတ်ဘဲ စစ်ပွဲ၊ပ ဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ပလပ်မြေ (Forcibly Abandoned Lands)တွေ ဖြ စ်ပြီး အဲဒီမြေတွေရဲ့သက်သေအထော က်အထားဆိုင်ရာစံနှုန်းတွေကိုလည်း ပြဋ္ဌာန်းပေးနိုင်ဖို့။

အဲဒီမြေတွေရဲ့ နဂိုမူလပိုင်ရှင်တွေ၊စွန့်ခွာရမှုတွေနဲ့ပတ်သက်လို့ ဘယ်လိုသ က်သေအထောက်အထားမျိုးကိုသတ် မှတ်မယ်၊ပြုလုပ်မယ်၊အတည်ပြုမယ် စတဲ့စံနှုန်းတွေရှိဖို့။

အဲဒီမြေနေရာတွေမှာ တခြားနေရာက နေရပ်စွန့်ခွာသူတွေကို နေရာချတာမျိုးလို နေရာဒေသရဲ့လူမျိုးရေးဆိုင်ရာ ပိုင် ဆိုင်မှုတွေအပြောင်းအလဲမဖြစ်သွားအောင်လည်း ဂရုစိုက်အလေးထား ကိုင် တွယ်ရမယ်လို့ ဆိုထားပါတယ်။

  • နိုင်ငံရေးရည်ရွယ်ချက်၊အကျိုးစီးပွား ရည်ရွယ်ချက်တွေနဲ့ပြည်တွင်းနေရပ်စွ န့်ခွာသူတွေ၊ဒုက္ခသည်တွေရဲ့လက်ရှိခို လှုံနေထိုင်မှုကို ဖျက်ခိုင်းပြီး တခြားနေ ရာတွေကို ရွေ့ပြောင်းတာလိုမျိုး နိုင်ငံရေးရည်ရွယ်ချက်၊အကျိုးစီးပွား ရည် ရွယ်ချက်တွေနဲ့ဆောင်ရွက်မှုတွေကိုလ ည်းရေရှည်အမြင်နဲ့တားဆီးဖို့လိုတယ်လို့ ဆိုထားပါတယ်။

UNHCR ရဲ့နေရပ်စွန့်ခွာရွှေ့ပြောင်းရသူ များဆိုင်ရာလမ်းညွှန်အခြေခံမူများ (Guiding Principles on Internal Displacement)အချက် ၃၀ ထဲမှာလ ည်း IDPs၊စစ်ဘေးရှောင်တွေနဲ့သက်ဆို င်တဲ့မြေယာဆိုင်ရာအချက်တွေပါပါတ ယ်။

UNHCRရဲ့နေရပ်စွန့်ခွာရွှေ့ပြောင်းရသူများဆိုင်ရာလမ်းညွှန်အခြေခံမူအပိုဒ် (၂)မှာ “ဘယ်အဖွဲ့အစည်းအဖွဲ့အစည်း၊ ဘယ်အစိုးရမဆို အခြေခံမူ ၃၀ စ လုံးကို ဥပဒေကြောင်းအရလေးစားလိုက်နာရမယ်လို့ ဆိုထားပါတယ်။

အခြေခံမူအပိုဒ် ၄ အရ ပြည်တွင်းနေ ရပ်စွန့်ခွာသူတွေ(IDPs)ကို ခွဲခြားဆက် ဆံမှုမရှိရပါဘူး။ လူမျိုး၊ဘာသာ၊ကျား/မ၊နိုင်ငံရေးအယူအဆပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတာမပြုရဘဲ၊ထိခိုက်လွ ယ်တဲ့(ကလေး၊ကိုယ်ဝန်ဆောင်၊မသန် စွမ်း)အုပ်စုတွေကို ဦးစားပေး စောင့် ရှောက်ရပါမယ်။

အခြေခံမူအပိုဒ် ၅ အရ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)၊စစ်ဘေးရှောင်တွေရဲ့လူအခွင့်အရေးကို လေးစားမှုရှိရပါမယ်။

အစိုးရ ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းမဆို နေရပ်စွန့်ခွာရွှေ့ပြောင်းတာမဖြစ် ပွားစေရန်ကြိုတင်ကာကွယ်ရမယ်။

အခြေခံမူအပိုဒ် ၆ အရ လူမျိုးရေးသန့် စင်မှု၊စနစ်တကျပြစ်ဒဏ်ခတ်မှုနဲ့တရားမျှတမှုမရှိတဲ့ပဋိပက္ခတွေကြောင့် လူထုကို အတင်းအဓမ္မရွှေ့ပြောင်းခိုင်းတာမပြုရ။

အဲဒီလိုအခြေအနေတွေကို ဖန်တီးပြီးရွှေ့ပြောင်းဖို့အခြေအနေမဖန်တီးရပါဘူး။

အခြေခံမူအပိုဒ် ၇ အရတကယ်လို့မလွှဲမရှောင်သာဘဲ ပြောင်းရွှေ့ရပါက လုံံခြုံရေး၊ကျန်းမာရေး၊အမိုးအကာနဲ့အစား အသောက်တွေကို ကြိုတင်စီမံပေးရပါမယ်။မိသားစုတွေ မကွဲအောင်လုပ် ဆောင်ရပါမယ်။

အဲဒီအချက်တွေကို ပြောင်းရွှေ့ရမယ်ဆိုရင် အာဏာပိုင်တွေက လိုက်နာရပါမယ်။

အခြေခံမူအပိုဒ် ၈ အရ ပြောင်းရွှေ့တာဟာ ထိခိုက်ခံရသူတွေ၊ပြည်တွင်းနေရ ပ်စွန့်ခွာသူတွေ(IDPs)၊စစ်ဘေးရှောင်တွေရဲ့လွတ်လပ်မှုနဲ့ဂုဏ်သိက္ခာကို မထိ ခိုက်စေရပါဘူး။

အခြေခံမူအပိုဒ် ၉ အရအထူးကာကွယ်မှုအနေနဲ့စဉ်းစားရမယ့်အချက်ရှိပါတ ယ်။

ဌာနေတိုင်းရင်းသားတွေနဲ့လယ်သမားတွေလို မြေယာနဲ့အထူးနီးစပ်တဲ့လူထုကို အတင်းအဓမ္မရွှေ့ပြောင်းတာအထူးကာကွယ်ပေးရပါမယ်။ဥပမာ-သစ် တောတွေ၊တောတောင်တွေ၊မြစ်ချောင်းတွေကို မှီခိုနေရတဲ့သူတွေကို သူတို့မှီခိုနေရတဲ့သဘာဝအရင်းအမြစ်တွေနဲ့ ဝေးတဲ့နေရာကို မပို့ရပါဘူး။

တံငါလုပ်တဲ့ကျေးရွာတခုစစ်ဘေးရှော င်ရရင် သူတို့တံငါလုပ်လို့ရတဲ့တခြား နေရာကို ရွှေ့ပေးရမယ်ဆိုတဲ့သဘောပါ။

အဲဒီ​အခြေခံမူအပိုဒ် ၁၀ အရပြည်တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)၊စစ်ဘေးရှောင်တွေကို သတ်ဖြတ်တာ၊ပျောက် ဆုံးစေတာ၊ညှင်းပန်းနှိပ်စက်တာတွေမလုပ်ရပါဘူး။

အဲဒီအခြေခံမူအပိုဒ် ၁၁အရအဓမ္မပြုကျင့်တာ၊လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာ၊ လူကုန်ကူးတာတွေက ကာကွယ်ရပါမ ယ်။

အဲဒီအခြေခံမူအပိုဒ် ၁၂ အရပြည်တွင်းနေ ရပ်စွန့်ခွာသူတွေ(IDPs)ကို စခန်းတွေထဲမှာ အကျဉ်းသားတွေလို ပိတ်လှောင်မထားရဘဲ လွတ်လပ်စွာသွားလာခွင့်ရှိရပါမယ်။

အဲဒီအခြေခံမူအပိုဒ် ၁၃ အရကလေးသူင ယ်တွေကို စစ်သားအဖြစ်စုဆောင်းတာနဲ့ပြည်တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)ကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာမပြုရပါဘူး။

အဲဒီအခြေခံမူအပိုဒ်၁၄နဲ့၁၅ အရ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)ကို ဘေးက င်းရာသို့ လွတ်လပ်စွာသွား လာခွင့်၊နိုင် ငံပြင်ပသို့ ထွက်ခွာခွင့်၊ခိုလှုံခွင့်တောင်း ခံခွင့်တွေကို ပေးရပါမယ်။

အဲဒီအခြေခံမူအပိုဒ် ၁၆ နဲ့ ၁၇ အရ ပြည် တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)ရဲ့ကွဲ ကွာနေတဲ့မိသားစုဝင်တွေကို ပြန်လည်ရှာဖွေပေးရပါမယ်။မိသားစုအတူတူနေ ထိုင်ခွင့် ရှိရပါမယ်။

အဲဒီအခြေခံမူအပိုဒ် ၁၈ အရ ပြည်တွင်းနေ ရပ်စွန့်ခွာသူတွေ(IDPs)ရဲ့အစားအသောက်၊ရေ၊အမိုးအကာ၊အဝတ်အထည်နဲ့ဆေးဝါးစတဲ့အခြေခံလိုအပ်ချက်တွေကိုအဆင့်အတန်းရှိရှိရရှိအောင်အာဏာပိုင်တွေ ဆောင်ရွက်ပေးရပါမယ်။

အဲဒီအခြေခံမူအပိုဒ် ၁၉ အရ ဒဏ်ရာရသူ၊ဖျားနာသူတွေနဲ့ စိတ်ဒဏ်ရာရသူတွေကို လိုအပ်တဲ့ဆေးကုသမှုပေးရပါမယ်။

အဲဒီအခြေခံမူအပိုဒ် ၂၀ အရမှတ်ပုံတင်၊မွေးစာရင်းစတဲ့ ပျောက်ဆုံးသွားတဲ့သက်သေခံကတ်ပြားစတာတွေကို အစိုးရက ပြန်လည်ထုတ်ပေးရပါမယ်။

အဲဒီအခြေခံမူအပိုဒ် ၂၁ အရစွန့်ခွာခဲ့ရတဲ့ အိုးအိမ်၊ခြံမြေ၊ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊လုယက်တာမခံရအောင် ကာကွယ်ပေးရပါမယ်။

အဲဒီအခြေခံမူအပိုဒ် ၂၂ နဲ့ ၂၃ အရမဲပေးခွင့်၊လွတ်လပ်စွာကိုးကွယ်ခွင့်၊အ လုပ်လု ပ်ကိုင်ခွင့်၊ကလေးငယ်တွေ အ ခမဲ့မူလတန်းပညာသင်ကြားခွင့်ကို အာဏာပိုင်တွေ ဖန်တီးပေးရပါမယ်။

အဲဒီခြေခံမူအပိုဒ် ၂၈ အရပြည်တွင်းနေ ရပ်စွန့်ခွာသူတွေ(IDPs)ဟာ မိမိတို့အိုး အိမ်ကို ဘေးကင်းဂုဏ်သိက္ခာရှိရှိ”မိမိသဘောဆန္ဒအလျောက်”(Voluntary) ပြန်ခွင့် သို့မဟုတ် တခြားနေရာသစ်တခုမှာ အခြေချခွင့်ကို လွတ်လပ်စွာရွေး ချယ်ခွင့်ရှိပြီးအတင်းအကျပ်ပြန်ခိုင်း၊နေခိုင်းတာမျိုးမပြုရပါဘူး။

အဲဒီအခြေခံမူအပိုဒ် ၂၉ အရ နေရပ်ပြန် လာသူတွေရဲ့မြေယာ၊ပိုင်ဆိုင်မှုတွေကို ပြန်လည်ရရှိအောင်အာဏာပိုင်တွေကကူညီရပါမယ်။

တကယ်လို့ ပျက်စီးဆုံးရှုံးသွာရင် သင့် တော်တဲ့လျှော်ကြေး(Compensation) ကို အာဏာပိုင်တွေက ပေးရပါမယ်။

အဲဒီအချက်တွေကို ဆောင်ရွက်ချင်ရင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးကြားဖြတ်အမိန့်နဲ့မြေယာ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလ ၂၃ ရက်နေ့က မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့”ကြားဖြတ်စီမံဆောင်ရွက်မှုအမိန့်”(Provisional Measures)ထဲမှာ မြေ ယာတွေ၊နေရပ်စွန့်ခွာသူတွေနဲ့သက် ဆိုင်သွားစေမယ့်အချက်ပါဝင်ပါတယ်။

ကြားဖြတ်အမိန့်အချက်သုံးမှာ –

“မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့သက်ဆိုင်တဲ့ဘယ်သက်သေအထောက်အထားကိုမဆို ဖျက်ဆီးတာမပြုဖို့နဲ့အဲဒီ သက်သေအထောက်အထားတွေကို စနစ်တကျထိန်းသိမ်းထားဖို့ ထိရောက်တဲ့အစီအမံတွေဆောင်ရွက်ရမယ်။”လို့ ဖော် ပြထားပါတယ်။

ICJ ကြားဖြတ်အမိန့်အချက်သုံးဘာကြောင့် ပေါ်လာသလဲ

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုသက် သေခံမြေနေရာတွေနဲ့ပတ်သက်ပြီး ဂမ်ဘီယာဘက်က အပြည်ပြည်ဆိုင်ရာတ ရားရုံး(ICJ)တရားခွင်မှာ ရိုဟင်ဂျာတွေ စွန့်ခွာသွားတဲ့မြေနေရာတချို့မှာ ဒေသ ခံရခိုင်တိုင်းရင်းသားတွေနဲ့တခြားလူန ည်းစုတွေကို နေရာချထားပေးတာတွေ၊အစိုးရစီမံကိန်းတွေ လုပ်ဆောင်နေတ ယ်လို့ တင်ပြခဲ့ပါတယ်။

အဲဒီတင်ပြချက်ကြောင့်”သက်သေအ ထောက်အထားမဖျက်ဆီးရ”ဆိုတဲ့အချက်ထွက်လာတာပါ။

လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ဥပ ဒေပညာရှင်တွေက ရိုဟင်ဂျာတွေ နေ ထိုင်ခဲ့တဲ့ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရမှုတွေ၊မြေနေရာတွေကိုဘူဒိုဇာနဲ့ထိုးပြီး အဆောက်အအုံသစ်တွေဆောက်လုပ်မှုတွေဟာသက်သေအထောက်အထား ဖျက်ဆီးတာ၊မြေယာပိုင်ဆိုင်မှုအထော က်အထားတွေပျောက်ပျက်အောင်လုပ်တာဖြစ်လို့ အပြည်ပြည်ဆိုင်ရာတရား ရုံး(ICJ)ကြားဖြတ်အမိန့်အရ အဲဒီမြေနေရာတွေနဲ့သက်သေတွေကို မဖျက် ဆီးဘဲ မူလအတိုင်းထိန်းသိမ်းထားရမယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကြားဖြတ်အမိန့်ထုတ်ပြန်လာပြီးနောက် ပိုင်းမှာအဲဒီစွန့်ခွာမြေနေရာတွေပေါ်မှာ မူလသက်သေခံလက္ခဏာတွေ ပျောက် ပျက်သွားစေမယ့် မြေညှိတာ၊ပုံစံပြော င်းလဲတာ၊စီမံကိန်းအသစ်တွေအကြီး အကျယ်လုပ်တာ၊တခြားနေရာတွေကပြည်တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)၊စစ်ဘေးရှောင်တွေကို နေရာချတာတွေကိုလုပ်ဆောင်ရင် လုပ်ဆောင်တဲ့ဘယ်သူမဆို အပြည်ပြည်ဆိုင်ရာတရားရုံး(I CJ)ရဲ့ ကြားဖြတ်အမိန့်ကို ချိုးဖောက်ရာရောက်တာကိုလည်း သတိပြုဖို့လိုပါတယ်။

ဂမ်ဘီယာက သက်သေအဖြစ်တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာ ဖွေရေးအဖွဲ့(Independent International Fact-Finding Mission on Myanmar(IIFFMM)အစီရင်ခံစာထဲမှာ ရခိုင်ဒေသက မြေယာဆိုင်ရာအချ က်တွေနဲ့ပတ်သက်လို့ ရခိုင်အပါအဝင် တခြားလူမျိုးစုတွေအတွက် မြေယာအခွင့်အရေးကို ထိခိုက်စေနိုင်တဲ့အချက်တွေကိုလည်း ဖော်ပြထားပါတယ်။

PrevPreviousချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ
Nextအာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆိုNext
Previous Post

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

Next Post

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

June 7, 2026

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

June 7, 2026
သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေးBorder News Agency
မကွေး၊​ဇွန် ၇။​ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇွန်လ ၅ ရက်နေ့က နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တွေနဲ့အတူ သံတမန်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ပါတယ်။​အဲဒီရှင်းလင်းပွဲမှာ SCEF ကိုယ်စားလှယ်တွေက နိုင်ငံတဝှမ်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ပေါင်းစည်းညီညွတ်မှုရရှိရေးရဲ့ အရေးပါမှုနဲ့ ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မယ့် အခြေအနေတွေပေါ်ထွက်လာဖို့ SCEF ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေခဲ့ကြပါတယ်။​ဒါ့အပြင် မြန်မာ့အကျပ်အတည်းဟာ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမျှသာ မဟုတ်ဘဲ နက်ရှိုင်းတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်တာကြောင့် အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် ချဉ်းကပ်မှုတွေ လိုအပ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။နောက်ပြီးအရပ်သားတွေကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေလက်လှမ်းမီရရှိရေးနဲ့ ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ရင် ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်သလို အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။​ခုရှင်းလင်းပွဲဟာ ဒေသတွင်း၊နိုင်ငံတကာ မိတ်ဖက်တွေနဲ့ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့ လုပ်ဆောင်ချက်တခု ဖြစ်ပြီး အဲဒီပွဲသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

June 7, 2026

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

June 7, 2026

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

Releated Post

​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

June 7, 2026

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

June 7, 2026
Photo - Thai Local News

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

June 7, 2026

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

June 7, 2026
သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေးBorder News Agency
မကွေး၊​ဇွန် ၇။​ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇွန်လ ၅ ရက်နေ့က နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တွေနဲ့အတူ သံတမန်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ပါတယ်။​အဲဒီရှင်းလင်းပွဲမှာ SCEF ကိုယ်စားလှယ်တွေက နိုင်ငံတဝှမ်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ပေါင်းစည်းညီညွတ်မှုရရှိရေးရဲ့ အရေးပါမှုနဲ့ ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မယ့် အခြေအနေတွေပေါ်ထွက်လာဖို့ SCEF ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေခဲ့ကြပါတယ်။​ဒါ့အပြင် မြန်မာ့အကျပ်အတည်းဟာ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမျှသာ မဟုတ်ဘဲ နက်ရှိုင်းတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်တာကြောင့် အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် ချဉ်းကပ်မှုတွေ လိုအပ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။နောက်ပြီးအရပ်သားတွေကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေလက်လှမ်းမီရရှိရေးနဲ့ ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ရင် ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်သလို အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။​ခုရှင်းလင်းပွဲဟာ ဒေသတွင်း၊နိုင်ငံတကာ မိတ်ဖက်တွေနဲ့ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့ လုပ်ဆောင်ချက်တခု ဖြစ်ပြီး အဲဒီပွဲသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

June 7, 2026

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

June 7, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page