Border News Agency
ဖိလစ်ပိုင်၊ ဇွန် ၈။
ဖိလစ်ပိုင်နိုင်ငံမှာ ဇွန်လ ၈ ရက်၊ ဒီနေ့မနက်က လှုပ်ခတ်သွားတဲ့ Magnitude 7.8 အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် ပျက်စီးမှုတွေက တနေရာပြီးတနေရာ ထပ်မံပေါ်ပေါက်လာနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီဆောက်သ်ကိုတာဘာတိုပြည်နယ်၊ ဘန်ဂါမြို့နယ်၊ လမ်ပါရီကျေးရွာမှာ ငလျင်ဒဏ်ကြောင့် တံတားတစင်းရဲ့အစိတ်အပိုင်းတခု ပြိုကျသွားခဲ့သလို ဒါဗာအိုအိုစီဒင်တယ်ပြည်နယ်၊ ဟိုဆေးအဘာ့ဒ် ဆန်းတို့စ်မြို့နယ်မှာလည်း မာလာလန်ရပ်ကွက်ရုံးအဆောက်အအုံတခု လုံးဝပြိုကျသွားခဲ့ပါတယ်။
အဲဒီငလျင်ဗဟိုချက်ဖြစ်တဲ့ မာဆင်မြို့နဲ့ ဝန်းကျင်ဒေသတွေမှာ အဆောက်အအုံတွေ၊ တံတားတွေနဲ့ ကျောင်းဆောင်တွေ ပြိုကျပျက်စီးတာတွေကြောင့် ထိခိုက်မှုစာရင်းက တိုးလာနေပါတယ်။
အာဏာပိုင်တွေကတော့ ငလျင်ဒဏ်သင့်တဲ့နေရာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်ဆုံးပို့ဆောင်ပေးနေပြီး ပြိုကျနေတဲ့ အဆောက်အအုံတွေအောက်မှာ လူတွေပိတ်မိနေတာမျိုးရှိမရှိကို ရှာဖွေနေကြပါတယ်။
ကမ်းခြေဘက်မှာလည်း ဆူနာမီလှိုင်းတွေ ရိုက်ခတ်လာနိုင်တာကြောင့် ပြည်သူတွေကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းတွေကို အမြန်ဆုံး ရွှေ့ပြောင်းပေးနေရပါတယ်။














