Border News Agency
လောင်းလုံ၊ဇွန် ၉။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ ရွာစဉ်လှည့်နေတဲ့အာဏာသိမ်းစစ်တပ် စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေက ၈ ရက်ဆက်တိုက် ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အများအပြား သေဆုံးသွားတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့က ဇွန်လ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (LLSBF) နဲ့ ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့ ပူးပေါင်းပြီး မေလ ၂၂ ရက်ကနေ ဇွန်လ ၁ ရက်အထိအကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ လောင်းလုံးမြို့ကနေ စစ်ပြဲရွာ၊ဂေါ့အင်းရွာနဲ့ ကဒက်ကြီးရွာဘက်တွေကို စစ်ကြောင်းထိုးလာချိန်တိုင်း တော်လှန်ရေးအဖွဲ့တွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ တော်လှန်ရေးအဖွဲ့တွေက ဆက်လက် စုံစမ်းနေဆဲလို့ဆိုတယ်။















