Border News Agency
မြဝတီ၊ ဒီဇင်ဘာ ၁။
လာအို
အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများကဲ့သို့ လာအိုသည်လည်းအွန်လိုင်းလိမ် လည်မှုများရှိနေသည်။
တပါတီစနစ်က အွန်လိုင်းစီးပွားရေးဖြင့်ကုန်သွယ်ခွင့်၊ရင်းနှီးမြုပ်နှံခွင့်များကို ပေးထားသည်။နိုင်ငံအတွင်း ကုန်ထုတ် လုပ်မှုကနည်း၊စက်မှုလုပ်ငန်းများက အားမကောင်း၊နိုင်ငံသည်လည်းအကြွေးနွံ့ထဲနစ်ဝင်လာသည်။
ဤသည်က လာအို၏တပါတီစနစ်နှင့် အုပ်ချုပ်သူများ၏မူဝါဒအားနည်းချ က်ဖြစ်သည်။
အကြွေးပြဿနာကို ဖြေရှင်းပုံက အလွ ယ်လမ်းကိုင်လိုက်၍ စီးပွားရေးအချော င်နှိုက်အကွက်တွင် ဝဲလည်တော့သည်။ အခြားနိုင်ငံများမှအပေါစားလျော့စျေးဖြင့်ပေးသော ကုန်ပစ္စည်းများကို တင် သွင်းသည်။ မြေယာနှင့်သယံဇာတကို နိုင်ငံခြားမှ ရင်းနှီးမြုပ်နှံသူများကို လျှာ့စျေးဖြင့် ထိုးပေးသည်။
ဤသို့ဖြစ်သလို ပုံစံဖြင့် ဝင်ငွေရလမ်းအပေါ် လာအိုအစိုးရက မှီခိုနေရသည်။
ဤသို့ဖြင့်တရားမဝင်စီးပွားရေးများ ရှင်သန်ရာ ရေကန်အသင့်ကြာအသင့် ဖြစ်လာတော့သည်။လာအို၌ တရားမဝင်စီးပွားရေးလုပ်ငန်းများက ထမင်း စားရေသောက် သမရိုးကျဆန်ဆန်ပင် စည်ပင်နေသည်။ တခါတရံ အစိုးရ၏ အကာအကွယ်ကိုပင် ရနေသေးသည်။
ရွှေတြီဂံအထူးစီးပွားရေးဇုန်(Golden Triangle Special Economic Zone- GTSEZ)ကား အကောင်းဆုံးနမူနာဖြစ် သည်။တရုတ်လူမျိုး စီးပွားရေးသမား ကျောက်ဝေ(Zhao Wei)ဆိုသူက GTSEZ ကို ချယ်လှယ်နေသည်။
ကျောက်ဝေကား အမေရိကန်၏စီးပွား ရေးပိတ်ဆို့မှုကိုရင်ဆိုင်နေရသည်။သို့ သော် လာအိုအစိုးရက အကာအကွယ်ပေးထားသည်။
၂၀၂၄ ခုနှစ်တွင် လာအိုအစိုးရက သူ့အား ဒေသန္တရတည်ဆောက်ရေးတွင် ပံပိုးကူညီသူအဖြစ်နိုင်ငံအဆင် ဆုတံဆိ ပ်( State Medal)ကိုပင် ပေးအပ်လိုက်သေးသည်။
နာမည်ကသာ အထူးစီးပွားရေးဇုန် (SEZ)ဖြစ်သည်။ထိုဇုန်ထဲတွင်တော့ ကျောက်ဝေ၏ကိုယ်ပိုင်ကာစီနိုရုံများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့်လာအို အာဏာ ပိုင်များအကာအကွယ်ပေးထားသော အွန်လိုင်းလိမ်လည်မှုနှင့်တရားမဝင်ကု န်သွယ်မှု လုပ်ငန်းများရှိသည်။
ယင်းလုပ်ငန်းများကို အာဏာပိုင်များက တိုက်ဖျက်ရန်ပင် စိတ်မကူး၊အပံ့အ ပိုးပေးထားခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ ဩဇာခံမှုနှင့်နိုင်ငံခြားဝင်ငွေပင်ရသည်ဟုပင် မြင်နေကြသေးသည်။
ဤသို့ဖြင့် အဖြစ်အပျက်က နှာခေါင်းက သွေးထွက်ရန် ဖြစ်လာတော့သည်။ တရုတ်နိုင်ငံသားများတော်တော်များများအွန်လှိုင်းလိမ်လည်မှု၏သားကော င်များဖြစ်လာသောအခါ တရုတ်အစိုးရလည်း ရှူးရှူးရှဲရှဲ ဖြစ်လာ၏။
တရုတ်နဂါး၏ ဒေါသမာန် မျက်စောင်းမထိုးလာခင် ရွှေစိတ်တော် ပြေပါစေကြောင်း လာအိုအာဏာပိုင်တို့ လုပ်ပြတော့သည်။ အထူးစီးပွားရေးဇုန်အတွ င်းရှိ ရာနဲ့ချီ ရှိနေသော အွန်လိုင်းလိမ်ာလည်မှုလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဩ ဂုတ်လကပင် တိုက်ဖျက်မည်။တိုက်ဖျ က်ရေးလုပ်ငန်းစဉ်အား ၂၀၂၅ ခုနှစ် ဩဂုတ်လထိ သတ်မှတ်ကာ တရားဥပါဒေစိုးမိုးရေးကို လာအိုအာဏာပိုင်တို့ ဟိုတကွက် ဒီတကွက် သရုပ်ဖော်ပြတော့သည်။
ရွှေတြီဂံအထူးစီးပွားရေးဇုန်ကား လူကုန်ကူးမှုလုပ်ငန်း၊အွန်လိုင်းမသာမာမှု၊ အွန်လိုင်းလိမ်လည်မှု၊ကာစီနိုရုံများ၊အိ မ်ခြံမြေလုပ်ငန်းများဖြင့် ဒီရေတက်နေချိန်ဖြစ်သည်။
ငွေမဲအား ငွေဖြူဖြစ်ရန်အတွက် ကာစီနိုလုပ်ငန်း၊အိမ်ခြံမြေလုပ်ငန်းတို့ဖြင့် ခြိတ်ဆက်ထားသည်။
လာအိုအာဏာပိုင်တို့ နှမ်းဖြူးပြသော တိုက်ဖျက်ရေးတွင် ပစ်မှတ်ထားခံရသူ များက အောက်ခြေအဆင့်ဝန်ထမ်းများသာ အများစုဖြစ်သည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပိုင်ရှင်များက ဘာမှမဖြစ်၊၎င်းတို့၏ ပိုင်ဆိုင်မှုများကလည်း အပြောင်းအလဲမရှိ။အဓိ ကသော့ချက်ကို မဖွင့်ဘဲ အကိုင်းအဖြားအနားသတ်ပြမှုကို တက်ကြွစွာတို က်ဖျက်မှုအဖြစ် ဂုဏ်ဆာလိုက်သေးသ ည်။
အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၏ ရုပ်ပြဇာတ်ဆောင်(principle actors) များက ဘာမှမဖြစ်၊၎င်းတို့လုပ်ငန်း၏ စီးဆင်းလည်ပတ်မှုအထိုင်သည်လည်း အင်္ဂါမခြွတ်ယွင်းပေ။
၂၀၂၃ ခုနှစ်နှင့်၂၀၂၄ခု နှစ်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း တစ်စခန်းထ ရွှေထီးဆောင်ခဲ့သည်။ယခုကား ဘယ် လိုလဲဟုမေးလာသော် ဆက်လက် ကျန်ဆဲ၊ရှင်သန်ဆဲဟုသာ ဖြေရပါလိမ့်မည်။
ပြီးခဲ့သည့်လအတွင်း အစီရင်ခံစာများအရ စီးပွားရေးဇုန်ထဲ အွန်လိုင်းလိမ်လ ည်မှုက ခေါင်းထောင်နေဆဲဟုဆိုထား သည်။
ဖိလစ်ပိုင်
အွန်လိုင်းလိမ်လည်မှုအား တိုက်ဖျက်ရေးတွင် ဖိလစ်ပိုင်က အအောင်မြင်ဆုံးဖြစ်သည်။ ဖိလစ်ပိုင်ဇာတ်ခုံတွင် နောက် ကြောင်းပြန်သောနိုင်ငံ၏ ပြင်ပလောင်း ကစားမှုက အွန်လိုင်းလိမ်လည်မှုလုပ် ငန်းများကို ပလူပျံစေခဲ့သည်။
အံဩစရာကောင်းသည်က အဆိုပါအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ခေါင်းထောင်လာသော အချိန်ကာလမှာ မူးယ စ်ဆေးဝါးတိုက်ဖျက်ရာတွင် လက်သံ ပြောင်ယုံတင်မကလက်ပါလွန်ခဲ့သော
ဒူတာတေး၏သက်တမ်းတွင် ဖြစ်လာခြင်းဖြစ်သည်။
ဒူတာတေးလက်ထက်တွင် ဖိလစ်ပိုင်ပြ င်ပလောင်းကစားအော်ပရေတာ (Philippine Offshore Gaming Operators- POGOs)အတွက် လိုင်စင်ချပေးသည့်စနစ်ကို အသစ်တီထွင်ခဲ့သ ည်။
POGOs သို့ ထုတည်ဖြင့်လာ၍ ရင်းနှီးမြုပ်နှံ့သူများမှာ တရုတ်နိုင်ငံသားများဖြစ်ကြသည်။လိုင်စင်စနစ်က ဗဟိုအ စိုးရနှင့်ဒေသန္တရအစိုးရတို့အတွက် ဝင် ငွေများစွာရစေသည်။လွှမ်းခြုံဘက်စုံချဉ်းကပ်ခြင်းကလည်းမရှိ၊ဗဟိုချုပ် ကိုင်မှုကို လျော့ချထားသောကြောင့် လို င်စင်ချပေးမှုတွင် ယိုပေါက်က ရှိလာသ ည်။ယိုပေါက်ကို အသုံးချသွားသူများက ဒေသန္တရနိုင်ငံရေးသမားများဖြစ်ကြသည်။
လက်သင့်ရာစားတော်ခေါ် သစ္စာခံမွေးအကျင့်စရိုက်က လိုင်စင်ချပေးတွင် နေ ရာယူလာတော့သည်။အွန်လိုင်းလောင်း ကစားလုပ်ငန်းများက မြက်မြက်က လေးကြေးပိုပေး၍ နိုင်ငံရေးသမားများလည်း အိတ်ကပ်စူဖြိုးကုန်ကြတော့သ ည်။အပြန်အလှန်အားဖြင့် နိုင်ငံရေးသ မားများက အွန်လိုင်းလောင်းကစားလု ပ်ငန်းအတွက် အကာအကွယ်ပေးသည့် ဒိုင်းကာတလက်ဖြစ်လာခဲ့သည်။
၂၀၂၃ ခုနှစ်တွင်တော့ ထိုဇာတ်ရှုပ်က အပုတ်နံထွက်လာတော့သည်။ တာလက်(Tarlac)နယ်မြေတွင် မြို့တော်ဝန် အက်လစ်ဂေါင်(Alice Guo)သည် အွန်လိုင်းမသမာမှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု စုံစမ်းရေးအရင်း အမြစ်က ထုတ်ဖော်လာခဲ့သည်။
သူမ၏မြို့တော်ဝန်သက်တမ်းအတွင်း သူမနယ်မြေထဲရှိ အွန်လိုင်းမသမာမှုများနှင့်သူမ၏ အကျိုးစီးပွားမှာ ဆက် စပ်နေသည်။သူမလည်း ယနေ့တွင် တ ရားစွဲခံနေရပြီဖြစ်သည်။ပြဿနာတခုက သူမသည် တရုတ်နိုင်ငံတွင် မွေးဖွားသူဖြစ်ပြီး သူမ၏သရုပ်သကန်ကို ဖုံးကွယ်ကာ ဖိလစ်ပိုင်နိုင်ငံသားအဖြစ် ခံာယူထားသည်ဟုလည်း ဆိုကြသည်။
မည်သို့ပင်ဆိုစေ သူမအဖြစ်အပျက်က ဖိလစ်ပိုင်၏ဒေသန္တရအုပ်ချုပ်ရေးနှင့် စီးပွားရေးတွင် သူမတို့၏ကွန်ရက်သ ည် မည်မျှကြီးမားနက်ရှိုင်းမှုရှိသည်ကိုတော့ ဖော်ပြနေပါသည်။အခြားနယ် မြေများဖြစ်သောပမ်ပန်ဂါ (Pampanga)၊လပ်စ်ပီယာစ် ( Las Pias)နှင့်ပါဆေး (Pasay)များတွင်လာည်း အလားတူဖြစ်ရပ်များရှိနေခဲ့သည်။
ထိုနယ်မြေများ၌ အကာအကွယ်မဲ့လူကုန်ကူးခံရသူများ၏ ဇာတ်လမ်းမျိုးကို ခ ဏခဏကြားရသည်။သပွတ်အူလိုက်နေသောအစိုးရဆိုင်ရာအစီရင်ခံစာများနှင့်ပတ်သက်၍ဇာတ်လမ်းများကို ခဏ ခဏကြားနေရသည်။
ဖိလစ်ပိုင်၏အွန်လိုင်းလိမ်လည်မှု လုပ်ငန်းဇာတ်ခုံက ကမ္ဘောဒီးယား၊လာအို၊ မြန်မာတို့၏ဇာတ်ခုံမျိုးနဲ့မတူပေ။ဥပ ဒေပိုင်းဆိုင်ရာထိန်းချုပ်မှုစွမ်းအားက ဖိလစ်ပိုင်တွင် ပိုရှိသည်။
မားကိုစ်သမ္မတဖြစ်လာချိန်တွင် ၂၀၂၄ ခုနှစ်၌ POGOs အားပိတ်ပင်လိုက်သ ည်။၂၀၂၅ ခုနှစ်တွင် ဥပဒေအဖြစ်လာက်မှတ်ထိုးလိုက်သည်။ထိုဥပဒေက နောက်ကြောင်းပြန်လိုက်ပိုင်ခွင့်ရှိနေသ ည်။လူဝင်မှုကို ပြန်စုံစမ်းနိုင်သည်။ဒေ သန္တရအာဏာပိုင်များ၏ညှင်းပန်းနှိပ်စ က်မှုများကို ပြန်လိုက်နိုင်သည်။
အလုပ်သမားများကို နယ်နှင်နိုင်သည်။ အချို့အွန်လိုင်းမသာသူ အော်ပရေတာများကို အမြဲပိတ်သိမ်းပစ်လိုက်ပြီဖြစ် သည်။လူသိရှင်ကြားစိစစ်ခြင်းက နိုင်ငံ ရေးဆိုင်ရာအကာအကွယ်ကိုပိုရှိစေသ ည်။
ထိုကဲ့သို့ မူဝါဒပိုင်းဖြင့် လူသိရှင်ကြား ကိုင်တွယ်နေလျှင်တောင် များစွာသော အော်ပရေတာများက အမည်ပြောင်းလို က်ကြသည်။အချို့က မှောင်ခိုတရားမဝင် လုပ်နေကြသည်။တခါတရံအွန်လို
င်းလိမ်လည်မှုလုပ်ငန်းအဖြစ်အသုံးပြုခဲ့သောအဆောက်အအုံနှင့်လူပုဂ္ဂိုလ်အ မည်ကိုပါ သုံးစွဲနေကြသေးသည်။
၎င်းတို့အော်ပရေတာ များထပ်လည် ပတ်စေရန် ခြေကုတ်နေရာအသစ်များကို ရှာနေကြသည်။
ဤဖြစ်စဉ်တလျှောက်ကို အမှန်တက ယ် တရားဥပဒေစိုးမိုးရေးကထိန်းသိမ်းခဲ့သည်ဟုဆိုနိုင်သော်လည်းဖိလစ်ပိုင် ၏ဒေသန္တရအစိုးရအာဏာဥပဒေအ မျိုးမျိုးကြားရှိတခုနှင့်တခုဟကြေးအပေါ် ခွထိုင်ထားနိုင်သည့် အွန်လိုင်းလုပ်ငန်းများကိုတော့ စိစစ်ဖယ်ထုတ်မှု မလုပ်နိုင်သေးချေ။
ဆက်ရန်…
The diplomat တွင်ဖော်ပြထားသော Cracking-southeast-asias-scam-economy ကို ပြန်ဆိုသည်။






