Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံတကာ နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

မလွတ်မြောက်သေးသော ရခိုင်ဒေသ၏ မြေသိမ်းကျိန်စာ – ၅

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဇွန် ၉။

၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေပေါ်လာမှု နှင့်အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တို့၏မြေသိမ်းဥပဒေများ

၁၈၉၄ခုနှစ်၊မြေသိမ်းဥပဒေ(The Land Acquisition Act, 1894)သည် ဗြိတိသျှများ၏အကျိုးစီးပွားကို အကောင်အထည်ဖော်ရန်အတွက်ဖြစ်သည်။

၁၈၉၄ခုနှစ်၊မြေသိမ်းဥပဒေသည် ဗြိတိသျှများ၏အကျိုးစီးပွားအားဖော်ဆောင်ရန် ဗြိတိသျှကိုလိုနီအစိုးရ၏အုပ်ချုပ်ရေး၊စီးပွားရေးနယ်ချဲ့မှုဗျူဟာထဲမှ တခုလည်းဖြစ်သည်။

၁၈၂၄ ခုနှစ်မှ၁၈၇၀ ခုနှစ်ကျော်ထိ ဗြိတိသျှအိန္ဒိယနယ်မြေတလျှောက်မြေ ယာကိစ္စအပေါ် ကိုင်တွယ်မှုတွင် ဗြိတိသျှတို့အနေဖြင့် ဥပဒေတပြေးညီမှုအပိုင်းတွင် အားနည်းချက်များရှိခဲ့သည်။

ကိုလိုနီနယ်မြေများအပေါ် အကျိုးစီး ပွားအရ အမြတ်ထုတ်နိုင်ရန်အုပ်ချုပ်ရေးယန္တရားခိုင်မာရန်လိုအပ်သည်။ စီးပွားရေးအရခေါင်းပုံဖြတ်ရန်လည်း လမ်း၊တံတား၊မီးရထားလမ်းများရှိရန်လိုအပ်လာခဲ့သည်။

ထိုအကျိုးစီးပွားများအားကာကွယ်ရန် စစ်တပ်စခန်း(Cantonments)များ တည်ဆောက်ရန် လိုအပ်လာခဲ့သည်။

ထိုလုပ်ငန်းစဉ်များအတွက် မြေနေရာလိုအပ်လာသည်။ အစောပိုင်းကာလ ၁၈၂၄ ခုနှစ်၊၁၈၅၀ ပြည့်နှစ်၊ ၁၈၇၀ ပြည့်နှစ်များတွင် မြေသိမ်းဥပဒေအဟော င်းများကို တောက်လျှောက်ပြဋ္ဌာန်းခဲ့သည်။

ထိုဥပဒေဟောင်းများသည်လျော်ကြေးတွက်ချက်ပုံရှုပ်ထွေးလွန်းပြီး ဒေသအလိုက်မညီမညာပေ။

ထိုပြင် မြေသိမ်းရသောလုပ်ငန်းစဉ်အလွန်ကြန့်ကြာပြီး စီမံကိန်းများ အချိန်မီ မပြီးစီးပေ။

မြေပိုင်ရှင်များနှင့်အငြင်းပွားမှုများကို ဖြေရှင်းရာတွင်လည်း ခက်ခဲနေခဲ့သည်။

ထိုသို့စီမံခန့်ခွဲမှု အခက်အခဲများအပေါ် ဗြိတိသျှများကိုလိုနီအစိုးရဖြစ်၍ လူထု၏တရားမျှတမှုအပေါ် မျက်ကွယ်ပြုကာ ဖြေရှင်းခဲ့သည်။

၁၈၈၀ ခုနှစ်မှ ၁၈၉၀ ခုနှစ်အကျော်ထိ ဗြိတိသျှတို့၏ လောဘမှာ တောင်အာရှနှစ်အရှေ့တောင်အာရှတလျှောက်”အင်ပါယာချဲ့ထွင်ရေး”သာဖြစ်သည်။

၁၈၈၅ ခုနှစ်တွင် အထက်မြန်မာနိုင်ငံကို သိမ်းကာ တနိုင်ငံလုံးကို အပြည့်အဝထိန်းချုပ်ပြီးနောက် မီးရထားလမ်း၊ ဆိပ်ကမ်း၊တူးမြောင်း၊သစ်တောနှင့်သတ္တုတွင်းလုပ်ငန်းကဲ့သို့ အခြေခံအဆောက် အအုံများကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်ရန် လိုအပ်လာခဲ့သည်။

ထိုအတွက် ပုဂ္ဂလိကပိုင်မြေများအားအမြန်ဆုံး၊အလွယ်ကူဆုံး စနစ်တကျသိမ်းယူနိုင်ရန် ဥပဒေတရပ်အရေးတကြီးလိုအပ်လာသည်။

ထိုလိုအပ်ကြောင့် ၁၈၉၄ ခုနှစ်တွင် မြေသိမ်းဥပဒေတရပ်အား အိန္ဒိယဘုရင်ခံချုပ်ကောင်စီ(Imperial Legislative Council)က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ထို၁၈၉၄ ခုနှစ်၊ဥပဒေ၏အဓိကဒဿနမှာ”Eminent Domain” အယူအဆအပေါ် အခြေခံထားခြင်းဖြစ်သည်။

အဓိပ္ပာယ်ကနိုင်ငံတော်/အစိုးရသည်အများပြည်သူအကျိုးစီးပွားအတွက် လိုအပ်ပါက နိုင်ငံအတွင်းရှိမည်သည့်ပုဂ္ဂလိကပိုင်မြေကိုမဆို လျော်ကြေးပေး၍ သိမ်းယူပိုင်ခွင့်အချုပ်အခြာအာဏာရှိစေရမည်ဆိုသောအချက်ကို တဖက်လှည့်အသုံးချသွားခြင်းဖြစ်သည်။

ဗြိတိသျှများက မြေပိုင်ရှင်အပေါ်လျော်ကြေးဆိုင်ရာ ကန့်ကွက်ခွင့်အတွ က်အကာအကွယ်ပေးထားသည်ဟုဆိုသော်လည်း အစိုးရက စီမံကိန်းလုပ်ရန် မြေလိုသောအခါ မြေပိုင်ရှင်ကငြင်းဆ န်ခွင့်မရှိစေရဆိုသောအချက်ကို အတ ည်ပြုရန် ၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

၁၉၄၈ ခုနှစ်၊မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလခေတ်၊တော်လှန်ရေးကောင်စီခေတ်၊လမ်းစဉ်ပါတီခေတ်မှ စစ်အစိုးရခေတ်ထိ ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် မြေသိမ်းရာတွင် ကိုလိုနီခေတ်လက်ကျန် ၁၈၉၄ ဥပဒေကိုသာ ပင်မဥပဒေအဖြစ် ဆက်အသုံးပြုခဲ့ကြသည်။

ဤသို့ဆိုပါလျှင် ၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေအောက်တွင် အတူတူရှိနေခဲ့သော ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတွင် မြေသိမ်းရာ၌ အခြေအနေမည်သို့ရှိသနည်းဟု ပြန်ဆန်းစစ်စရာရှိလာသည်။

ဘင်္ဂလားဒေ့ရှ်မြေသိမ်းဥပဒေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဗြိတိသျှကိုလိုနီခေတ်ကတည်းက ကျင့်သုံးခဲ့သော ၁၈ ၉၄ ခုနှစ်၊ မြေသိမ်းဥပဒေဟောင်းအား အကြီးအကျယ်ပြင်ဆင်ကာ ၂၀၁၇ ခုနှစ်တွင်”အိမ်ခြံမြေသိမ်းယူခြင်းနှင့်ဒေသပြောင်းရွှေ့နေရာချထားခြင်းဆိုင်ရာဥပဒေ”(The Acquisition and Requisition of Immovable Property Act, 2017)အား ပြဋ္ဌာန်းထားသည်။

ဤဥပဒေသစ်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် မြေသိမ်းခံရပါကလျော်ကြေးနှုန်းထားမှာ အရင်ကထက် သိသိသာသာ မြင့်တက်လာခဲ့သည်။

ဥပဒေသစ်အရ ဘင်္ဂလားဒေ့ရှ်တွင် မြေ ယာတန်ဖိုးတွက်ချက်သောအခါ မြေသိမ်းဒေသ၏လွန်ခဲ့သောတဆယ့်နှစ်လအတွင်း အရောင်းအဝယ်ဖြစ်ကာလပေါက်ဈေး(Market Value)ကို အခြေခံပြီး တွက်ချက်လာသည်။

အစိုးရသိမ်းသောကိစ္စရပ်များတွင် ပိုင်ရှင်နစ်နာမှုမရှိစေရန်”အပိုဆောင်းနစ်နာကြေး(Premium/Premium Compensation)သတ်မှတ်မှု ပိုမိုအဆင့်မြင့်လာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏အပိုဆောင်းနစ်နာကြေး(Premium/Premium Compensation)သတ်မှတ်မှု

အစိုးရစီမံကိန်းများအတွက်ဖြစ်ပါက မြေဈေးကွက်ပေါက်ဈေးအပြင် နောက်ထပ်နှစ်ရာရာခိုင်နှုန်း(သုံးဆ)ထိ တိုးမြှင့်ပေးရသည်။(ဥပမာ – မြေတန်ဖိုးသိန်းတရာဆိုပါကလျော်ကြေး သိန်းသုံးရာဖြစ်သွားမည်ဖြစ်သည်။)

ပုဂ္ဂလိကစီမံကိန်းများအတွက် အစိုးရကမြေသိမ်းပါက ဈေးကွက်ပေါက်ဈေးအပြင် နောက်ထပ်သုံးရာရာခိုင်နှုန်း(လေးဆ)ထိ တိုးမြှင့်ပေးရသည်။

မြေပေါ်ရှိ ပိုင်ဆိုင်မှုများ၊အဆောက်အအုံနှင့်သစ်ပင်များ၊မြေပေါ်အိမ်၊ အဆောက်အအုံ၊ အုတ်တံတိုင်း၊စိုက်ပျိုးထားသော အပင်ကြီးများ၏ ကာလပေါက်ဈေးအပြင် နောက်ထပ်တရာရာခိုင်နှုန်း(နှစ်ဆ)ကို ပေါင်းပေးရသည်။

မြေသိမ်းခံရ၍ ပိုင်ရှင်၏အသက်မွေးဝမ်းကျောင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းထိခိုက်ရပ်ဆိုင်းသွားပါက ထိုအတွက် နစ်နာကြေးကိုပါ တွက်ချက်ပေးရသည်။

လုပ်ထုံးလုပ်နည်းနှင့်ကန့်ကွက်နိုင်ခွင့်

ဒေသန္တရအုပ်ချုပ်ရေးမှူး(Deputy Commissioner-DC)မှ မြေသိမ်းမည် ဖြစ်ကြောင်း ပိုင်ရှင်ထံတရားဝင်အကြောင်းကြားစာပို့ရသည်။

မြေပိုင်ရှင်ဘက်က မြေသိမ်းမှုအားမကျေနပ် သို့မဟုတ် အများပြည်သူအကျိုးစီးပွားအတွက် မဟုတ်ဘူးဟု ယူဆပါက အကြောင်းကြားစာရပြီး ၁၅ ရက်အတွင်း ဒေသအာဏာပိုင် (DC) ထံ ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိသည်။ DC က ကန့်ကွက်လွှာကို စိစစ်ပြီးအစိုးရထံ တင်ပြရသည်။

မြေဧရိယာအတိုင်းအတာပေါ်မူတည်ပြီး အစိုးရအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနက အတည်ပြုချက်ပေးမှသာ မြေသိမ်းခြင်းလုပ်ငန်းကို ဆက်လုပ်နိုင်သည်။

အိန္ဒိယမြေသိမ်းဥပဒေ

အိန္ဒိယတွင် ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေဟောင်းကို ရုပ်သိမ်းပြီး၂၀၁၃ ခုနှစ်တွင် အကြီးအကျယ်ပြုပြင်ပြောင်းလဲထားသော ဥပဒေသစ်အားပြဋ္ဌာန်းခဲ့သည်။

ထိုဥပဒေအမည်မှာ”မြေယာသိမ်းယူခြင်း၊တရားမျှတသောလျော်ကြေးပေးခြင်းနှင့်ပွင့်လင်းမြင်သာမှုရှိခွင့်၊ပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေးဥပဒေ(LARR Act – Right to Fair Compensation and Transparency in Land Acquisition, Rehabilitation and Resettlement Act, 2013)”ဖြစ်သည်။

ထိုဥပဒေတွင် လျော်ကြေးအားဈေးကွက်ပေါက်ဈေးထက် ပိုပေးထားသည်။

ထိုဥပဒေအရ အိန္ဒိယတွင် မြေယာတန်ဖိုး(Market Value)ကို တွက်ချက်သောအခါ မြို့ပြနှင့်ကျေးလက်အပေါ် မူတည်၍ ခွဲခြားထားသည်။

အိန္ဒိယမြို့ပြဒေသ(Urban Areas)များတွင် လျော်ကြေးအား မြေကာလပေါက်ဈေး၏ အနည်းဆုံးနှစ်ဆသတ်မှတ်ထားသည်။

ကျေးလက်ဒေသ(Rural Areas)တွင် မြေကာလပေါက်ဈေး၏ အနည်းဆုံးလေးဆထိ သတ်မှတ်ထားသည်။

ထိုသို့သတ်မှတ်ရာတွင် တန်ဖိုးအမြင့်ဆုံးနေရာမှ အကွာအဝေးပေါ်မူတည်ပြီး ဒေသန္တရအစိုးရက သတ်မှတ်တဲ့ မြှောက်ဖော်ကိန်းသုံး၍တွက်ချက်သည်။

ဥပဒေအရ မြေသိမ်းခံရ၍ စိတ်မသက်မသာဖြစ်ရမှု၊ လူမှုဘဝထိခိုက်မှုအတွက် မြေတန်ဖိုးစုစုပေါင်း၏ တရာရာခိုင်နှုန်း (တဆ)ကို အပိုဆောင်းနစ်နာကြေး Solatium အဖြစ် ထပ်ပေါင်းပေးရသ ည်။

အိန္ဒိယဥပဒေ၏အထူးခြားဆုံးအချက်မှာ စီမံကိန်းအမျိုးအစားအလိုက် မြေပိုင်ရှင်တွေဆီက ကြိုတင်သဘောတူညီချက်(Consent Requirement)ရယူရခြင်းဖြစ်သည်။

ပုဂ္ဂလိကစီမံကိန်းများအတွက် မြေသိမ်းခံရသောမိသားစု/ပိုင်ရှင်မိသားစု၏ ရှစ်ဆယ်ရာခိုင်နှုန်းသဘောတူမှသိမ်းခွင့်ရသည်။

အစိုးရ-ပုဂ္ဂလိကဖက်စပ်စီမံကိန်းများ (PPP)အတွက် မြေပိုင်ရှင်များ၏ ခုနှစ်ရာခိုင်နှုန်းက သဘောတူညီချက်လိုသည်။(မှတ်ချက် – အစိုးရကိုယ်တိုင်လုပ် ဆောင်သော ကာကွယ်ရေး၊ လမ်းတံတားစသောပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ထိုသဘောတူညီချက် ကန့်သတ်ချက်အား ကင်းလွတ်ခွင့်ရရှိနိုင်သည်)။

ဥပဒေသစ်အရ မြေမသိမ်းခင် အိန္ဒိယအစိုးရမှာ မဖြစ်မနေလူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(Social Impact Assessment – SIA)ကို သီးခြားလွတ်လပ်သောအဖွဲ့အစည်းတခုဖြင့် ပြုလုပ်ရသည်။

မြေသိမ်းလိုက်၍ ဒေသခံမိသားစု ဘယ်နှစ်စု၏ အသက်မွေးဝမ်းကျောင်း ထိခိုက်သွားမည်။ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တခြားအစားထိုးနိုင်သော မြေနေရာ ဘယ်လိုရှိနိုင်မည်စသည့်အချက်များကို စစ်ဆေးပြီးအများပြည်သူကြားနာပွဲ(Public Hearing)လုပ်ရသည်။

ပြန်လည်နေရာချထားရေးနှင့်ပြန်လည် ထူထောင်ရေး(R&R)အတွက် အိန္ဒိယဥပဒေအသစ်တွင် မြေပိုင်ရှင်တွေတင်မကဘဲ အဆိုပါမြေပေါ် မှီခိုပြီး အလုပ်လုပ်နေသောလယ်လုပ်သားများ၊အငှားသမားများ(Landless Laborers)ကိုပါကာ ကွယ်ပေးထားသည်။

ထိုသူများအိမ်ရာမဲ့ဖြစ်သွားပါက အခမဲ့အိမ်ရာ(သို့မဟုတ်)အိမ်ဆောက်ဖို့ ငွေကြေးထောက်ပံ့ရသည်။

အလုပ်အကိုင်အရ မိသားစုတစုလျှင်အနည်းဆုံးတဦးကို စီမံကိန်းတွင် အလုပ်အကိုင်ပြန်ပေးရသည်(သို့မဟုတ်)တလုံးတခဲတည်း ငွေကြေးထောက်ပံ့ရသည်။ ပြောင်းရွှေ့စရိတ်နှင့်လုပ်ငန်းအခြေကျချိန်အထိ လစဉ်ထောက်ပံ့ကြေး(အချိုးကျ)ကို ကာလအပိုင်းအခြားတခုထိ ပေးရသည်။

ဘင်္ဂလားဒေ့ရှ်၏အားသာချက်၊အားနည်းချက်

ဒေသတွင်းနိုင်ငံများနှင့်ယှဉ်ပါက ဘင်္ဂလားဒေ့ရှ်၏ ၂၀၁၇ ဥပဒေက မြေပိုင်ရှင်တွေဘက်ကကြည့်ရင်လျော်ကြေးငွေပမာဏပိုမိုရရှိအောင် ပြဋ္ဌာန်းပေးထားသည်။ အားနည်းချက်မှာ ဥပဒေအရလျော်ကြေးသုံးဆ၊လေးဆပေးသည်ဟုဆိုသော်လည်း လက်တွေ့မြေပြင်တွင်အခက်အခဲအချို့ရှိနေဆဲဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် မြေယာပိုင်ဆိုင်မှုမှတ်တမ်း(Land Records)များရှုပ်ထွေးခြင်း၊ဂရန်အမည်ပေါက်မမှန်ခြင်းစသောစာရွက်စာတမ်းပြဿနာများရှိနေဆဲဖြစ်သည်။

ထိုအားနည်းချက်ကြောင့် မြေပိုင်ရှင်အစစ်အမှန်များမှာလျော်ကြေးငွေထုတ်ယူရန်ခက်ခဲနေမှုရှိသည်။ လျော်ကြေးငွေထုတ်ယူရန် အစိုးရရုံးဌာနနှင့်ဆက်သွယ်ရသောအခါ ကြန့်ကြာမှု၊ ပွဲစားခ၊ လာဘ်ပေးလာဘ်ယူ၊အကျင့်ပျက်ခြစားမှုများရှိနေသည်။

ထိုအပြင် ဌာနေတိုင်းရင်းသားများအပေါ်တွင်အနိုင်ကျင့်မှုများရှိနေသည်။

ထိုသို့အားနည်းချက်များရှိနေသည့်တိုင် ဘင်္ဂလားဒေ့ရှ်တွင် အဓိကစီမံကိန်းကြီးများ(Megaprojects)၌ နိုင်ငံတကာစံနှုန်းအရ အကောင်းဘက်ကို ညွှန်ပြနေသော အခြေအနေများလည်းရှိနေသည် ။

ကမ္ဘာ့ဘဏ်(World Bank)၊အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများက ငွေကြေးစိုက်ထုတ်သောစီမံကိန်းကြီးများ(ဥပမာ – Padma တံတားစီမံကိန်း)တွင် နိုင်ငံတကာစံနှုန်းအတိုင်း ပြန်လည်နေရာချထားရေး (Resettlement)နှင့်လျော်ကြေးပေးရေးကို အစိုးရက အထူးကြပ်မတ်ပြီးအသေအချာ လုပ်ဆောင်ပေးသောမှတ်တမ်းများရှိထားသည်။

အိန္ဒိယ၏အားသာချက်၊အားနည်းချက်

၂၀၁၃ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့သောဥပဒေသစ်သည် အိန္ဒိယမြေပိုင်ရှင်များအတွက် လူသားဂုဏ်သိက္ခာကိုပါထည့်သွင်းထား၍အများကြီးကောင်းသည်။

လူတဦးချင်း၏အခွင့်အရေးနှင့်လွတ်လပ်မှုကို အခြေခံထား၍စီမံကိန်းလုပ်မည့်ကုမ္ပဏီများနှင့်အစိုးရအတွက်မြေသိမ်းရာတွင် အလွန်ကြန့်ကြာကာ အပိုကု န်ကျစရိတ်များရှိနေခဲ့သည်။

သို့ဖြစ်၍နောက်ပိုင်းတွင် အိန္ဒိယဗဟိုအစိုးရနှင့်ဂူဂျာရတ်၊ရာဂျာစသန်စသော ပြည်နယ်အစိုးရများကြားတွင်အခြေခံအဆောက်အအုံစီမံကိန်းကြီးများ မြန်မြန်ဆန်ဆန်လုပ်နိုင်ရန် SIA ကိစ္စနှင့်သဘောတူညီချက်ရယူရသောစည်းမျဉ်းအချို့ကို ဖြေလျှော့ပေးထားသောပြင်ဆင်ချက်ဥပဒေခွဲ(Amendments)များကို ပြည်နယ်အဆင့်တွင် သီးသန့်ပြဋ္ဌာန်းပြီး ကျင့်သုံးပေးထားရပြန်သည်။

ထိုသို့ကျင့်သုံးခွင့်ပေးထားသော်လည် လူထု၏အခွင့်အရေးများအား ပိတ်ပင်ထားသည်မဟုတ်ပေ။

သို့ဖြစ်၍ အိန္ဒိယ၏မြေယာကိုကြည့်ပါက မြေယာအနိုင်ကျင့်မှု၊အငြင်းပွားမှု၊ တရားရင်ဆိုင်မှု၊လူ့အခွင့်အရေးစသည့်ကိစ္စများဖြင့် ပြည့်နှက်လျှက်တရားမျှ တမှုကို ဦးတည်ရန် ကြိုးစားနေသည်ကိုမြင်ရမည်ဖြစ်သည်။

ရခိုင်ဒေသနယ်မြေထိန်းချုပ်ထားသူအချို့၏အမြင်

ဒေသတွင်းနိုင်ငံများနှင့်နိုင်ငံတကာတွင် အဘယ်ကြောင့်မြေယာဥပဒေများတွင် လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာများအတွက်အကာအကွယ်များကို ထည့်သွင်းလာရသနည်း။

ထိုသို့ထည့်သွင်းထားမှုက အုပ်ချုပ်သူအစိုးရကို အလုပ်ရှုပ်စေကာ စီမံကိန်းများကြန့်ကြာသည်မဟုတ်လော။လျော် ကြေးငွေပိုပေးနေရပါက အစိုးရတွင် ပိုက်ဆံကုန်သည်မဟုတ်လားဟု တွေးစရာဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်စသည့် ဒေသတွင်းနိုင်ငံများနှင့်တရုတ်၊ရုရှားစသော နိုင်ငံတကာတွင် မြေယာဥပဒေများကို ပြောင်းလဲ၍လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှု အခင်းအကျင်းများကို ထည့်သွင်းလာရမှုက ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အရှိန်အဟုန် မြင့်လာခဲ့သည်။

မြေယာဆိုင်ရာစီမံခန့်ခွဲမှုတွင် လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုကို မျက်ကွယ်ပြု၍ ဖော်ဆောင်မှုကြောင့်ရရှိသော ဖွံ့ဖြိုးတိုးတက်မှုမှာ ပြဿနာများကို ဆက်တိုက်ဖြစ်ပေါ်စေပြီး နောက်ဆက်တွဲဆုံးရှုံးမှုများမှာပိုများကာ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို ရိုက်ခတ်လာတော့သည်။

ကနဦးပိုင်းတွင်တော့ ထိုသို့လူ့အခွင့်အ ရေးနှင့်လူ့ဂုဏ်သိက္ခာဆိုင်ရာတရားမျှ တမှုကို မျက်ကွယ်ပြုထား၍ စီမံကိန်းအား မြန်မြန်အကောင်အထည်ဖော်နိုင်မည်ဟု ထင်စရာရှိသည်။

လက်တွေ့တွင်ကား ထိုသို့မဟုတ်ရေရှ ည်မတည်ငြိမ်မှုနှင့်ဖိနှိပ်မှုကိုသာ ဖြစ် လာစေပြီး လူထုဘက်မှပေါက်ကွဲမှုကိုသာ ဦးတည်လာတော့သည်။

သို့ဖြစ်၍ မြေယာဆိုင်ရာကိစ္စရပ်များတွင်လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာဆိုင်ရာတရားမျှတမှုကို ထည့်သွင်းအကောင်အထည်ဖော်လာကြခြင်းဖြစ်သည်။

အကယ်၍ နိုင်ငံတခုသည် စီမံကိန်းတခုအတွက် ကမ္ဘာ့ဘဏ်၊IMF တို့ထံမှငွေချေးယူလိုပါက အဆိုပါမြေယာဆိုင်ရာ ကိစ္စရပ်များတွင် လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာဆိုင်ရာတရားမျှတမှုကို ထည့်သွင်းကာ အကောင်အထည်ဖော်ပြလာမှသာ ငွေကြေးနှင့်အခြားအရင်းအ မြစ်အကူအညီများကို ရရှိလာမည်ဖြစ် သည်။

ဤအခြေအနေမျိုးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကောင်းဆုံးနမူနာ ဖြစ်သည်။

လူမှုစီးပွားဘဝထိခိုက်မှုရှိနေသော၊ကပ် ဘေးတခုကိုရင်ဆိုင်နေရသော လူ့အဖွဲ့ အစည်းတခုသည် နိုင်ငံတကာ၏ဖေးမမှုနှင့်အကူအညီကို တည်ငြိမ်သောလူ့ အဖွဲ့အစည်းများထက် ပိုမိုလိုအပ်သ ည်။

သို့သော် ရခိုင်ဒေသ လက်ရှိနယ်မြေထိ န်းချုပ်ထားသူအချို့၏အမြင်တွင် ထို သို့ရှိပုံမရပေ။

လက်ရှိတွင် စစ်ရေးနှင့်မသက်ဆိုင်သော မြေယာကိစ္စရပ်အချို့တွင် လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာဆိုင်ရာ တရားမျှတမှုကို တောင်းဆိုလာသည်နှင့်ပင် တူးတူးခါးခါးဖြစ်နေကြသူများရှိနေသည်။

နိုင်ငံတကာ၏ဖေးမမှုနှင့်အကူအညီကို လိုအပ်နေ၍ နိုင်ငံတကာစံနှုန်းများကို တက်နိုင်သလောက်လိုက်နာရန် တောင်းဆိုတိုက်တွန်းမှုကိုပင်လျှင် ဖိအားဟု မြင်နေကြသည့် ထူးဆန်းလှသောအတွေးအခေါ်များကိုလည်းမြင်နေရသည် ။

ဆက်ရန်…

ကိုးကား…

  • https://housing.com/news/land-grabbing/?hl=en-GB
  • https://www.godrejproperties.com/blog/how-to-protect-your-property-against-land-grabbing?hl=en-GB
  • https://www.landcoalition.org/en/latest/indigenous-youth-at-the-forefront-of-land-grabbing/?hl=en-GB
  • https://landportal.org/news/2021/11/land-grabbing-prevention-and-recovery-bangladesh?hl=en-GB
PrevPreviousဖိလစ်ပိုင်မှာ ငလျင်လှုပ်ခြင်းကြောင့် လူ ၈ ဦးသေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ
Next​ကျောက်ဖြူမှာ ဝက်တင်လာတဲ့ဘုတ်ကို အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ အရပ်သား ၂ ဦး ဒဏ်ရာရNext
Previous Post

ဖိလစ်ပိုင်မှာ ငလျင်လှုပ်ခြင်းကြောင့် လူ ၈ ဦးသေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ

Next Post

​ကျောက်ဖြူမှာ ဝက်တင်လာတဲ့ဘုတ်ကို အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ အရပ်သား ၂ ဦး ဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ဒေသတွင်းမီဒီယာတွေ

ဖိလစ်ပိုင်မှာ ငလျင်လှုပ်ခြင်းကြောင့် လူ ၈ ဦးသေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ

June 8, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

မလေးရှားမှာ ဒုက္ခသည်ကတ်အတုတွေနဲ့ သွားလာနေတဲ့ မြန်မာ ၃ ဦး ဖမ်းဆီးခံရ

June 8, 2026
ဓာတ်ပုံ - Arakan Princess Media

ကျောက်ဖြူမှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦး ဒဏ်ရာရ

June 8, 2026
(ဓာတ်ပုံ - ဗိုလ်ကြီးသန့်ဇင်ထွန်းနဲ့ဇနီး/ လူမှုကွန်ရက်)

စစ်တွေက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီးသန့်ဇင်ထွန်း ကိုယ်ကျိုးရှာငွေညှစ်နေ

June 8, 2026

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

Releated Post

​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်ကိုထောက်ပံ့နေတဲ့ လုပ်ငန်းကြီးတွေကိုအရေးယူဖို့ ဂျပန်နဲ့ကိုရီးယားသမဂ္ဂတွေ တောင်းဆို

June 7, 2026

နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရက္ခမြေယာပြဿနာ – ၁

June 7, 2026
Photo - Thai Local News

ချင်းရိုင်မှာ ဆေးပြား ၄ ဒသမ ၇ သန်းကျော်နဲ့ အိုက်စ် ၁၁၀ ကီလိုဂရမ် ဖမ်းမိ

June 7, 2026

တိုက်ပွဲတွေပြန်စရင် အမှောင်ထုထဲရောက်သွားလိမ့်မယ်လို့ အမေရိကန်ကို အီရန် သတိပေး

June 7, 2026
သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေးBorder News Agency
မကွေး၊​ဇွန် ၇။​ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇွန်လ ၅ ရက်နေ့က နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တွေနဲ့အတူ သံတမန်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ပါတယ်။​အဲဒီရှင်းလင်းပွဲမှာ SCEF ကိုယ်စားလှယ်တွေက နိုင်ငံတဝှမ်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ပေါင်းစည်းညီညွတ်မှုရရှိရေးရဲ့ အရေးပါမှုနဲ့ ရေရှည်တည်တံ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မယ့် အခြေအနေတွေပေါ်ထွက်လာဖို့ SCEF ရဲ့ လုပ်ဆောင်ချက်တွေကို မျှဝေခဲ့ကြပါတယ်။​ဒါ့အပြင် မြန်မာ့အကျပ်အတည်းဟာ လက်နက်ကိုင်ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမျှသာ မဟုတ်ဘဲ နက်ရှိုင်းတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်တာကြောင့် အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနဲ့ ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို ဖြေရှင်းနိုင်မယ့် ချဉ်းကပ်မှုတွေ လိုအပ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။နောက်ပြီးအရပ်သားတွေကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေလက်လှမ်းမီရရှိရေးနဲ့ ပဋိပက္ခရဲ့ မူလဇစ်မြစ်ကို မဖြေရှင်းနိုင်ရင် ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှာမဟုတ်သလို အနှစ်သာရပြည့်ဝတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ကျယ်ပြန့်တဲ့ ပါဝင်မှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။​ခုရှင်းလင်းပွဲဟာ ဒေသတွင်း၊နိုင်ငံတကာ မိတ်ဖက်တွေနဲ့ထိတွေ့ဆက်ဆံရေး မြှင့်တင်ဖို့ လုပ်ဆောင်ချက်တခု ဖြစ်ပြီး အဲဒီပွဲသို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာအဖွဲ့အစည်းအချို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သံတမန် ၂၄ နိုင်ငံနဲ့ SCEF တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေး

June 7, 2026

ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အာဏာသိမ်းစစ်တပ်နဲ့ရုရှား ဓာတ်အားပေးစက်ရုံ MoU ထိုး

June 7, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page