# Border News Agency ## Posts - [​ဒူးသထူခရိုင်မှာ လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲပြုလုပ်](https://burmese.bnanews.net/news/20754/): ​ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်မှာ ၇ လကြာ ဖွင့်လှစ်ခဲ့တဲ့ လူထုကျန်းမာရေးလုပ်သား (CHW) သင်တန်းဆင်းပွဲနဲ့ လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီသင်တန်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက စတင်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို ဗဟိုနဲ့ ခရိုင်ကျန်းမာရေးဌာန တာဝန်ရှိသူတွေ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံမိဘပြည်သူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ​အဲဒီ သင်တန်းဆင်းသွားတဲ့ ကျန်းမာရေးလုပ်သားတွေဟာ မိမိတို့နယ်မြေအသီးသီးမှာ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပြန်လည်တာဝန်ထမ်းဆောင်ကြတော့မှာ ဖြစ်ပါတယ်။ - [အပစ်ရပ်ထားပေမယ့်ကမ္ဘောဒီးယားဘက်ကသတင်းမှားတွေဖြန့်နေတယ်လို့ထိုင်းတပ်မတော်ပြော](https://burmese.bnanews.net/news/20749/): ​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၁၀။ ​ထိုင်းနဲ့ကမ္ဘောဒီးယားအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရထားတာ တလကျော်ရှိပြီဖြစ်ပေမယ့် ကမ္ဘောဒီးယားဘက်က နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး အချက်အလက်အမှားတွေ တင်ပြနေတယ်လို့ ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း သုဝါရီက ဖေဖော်ဝါရီလ ၉ ရက်၊ မနေ့ကပြောဆိုလိုက်ပါတယ်။ ​ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့နှစ်နိုင်ငံအထူးနယ်စပ်ကော်မရှင် (GBC) အစည်းအဝေး ဆုံးဖြတ်ချက်အရ နှစ်ဖက်တပ်တွေ အပစ်ရပ်ခဲ့ကြတာပါ။ ထိုင်းဘက်ကတော့ အင်အားတိုးချဲ့မှု မလုပ်ဘဲ မြေမြှုပ်မိုင်းရှင်းလင်းရေးတွေကိုပဲ အဓိကလုပ်ဆောင်နေပေမယ့် ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းတပ်တွေ ကျူးကျော်ဝင်ရောက်နေတယ်လို့ အခြေအမြစ်မရှိ စွပ်စွဲနေတယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ပရယ်ဝိဟာအပါအဝင် ရှေးဟောင်းရဲတိုက်တွေကို ထိုင်းဘက်က တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့လည်း အဲဒီအဆောက်အအုံတွေကို ကမ္ဘောဒီးယားဘက်က စစ်စခန်းအဖြစ်သုံးပြီး ထိုင်းဘက်ကို အရင်စတင်တိုက်ခိုက်ခဲ့တာလို့ အထောက်အထားနဲ့တကွ ပြန်လည်ရှင်းလင်းထားပါတယ်။ နယ်စပ်တစ်လျှောက်ကအွန်လိုင်းလိမ်လည်မှု (Scam) လုပ်ငန်းတွေကိုလည်း ဆက်လက်နှိမ်နင်းသွားမယ်လို့ သိရပါတယ်။ အဲဒီ​နယ်စပ်မျဉ်းတိုင်းတာသတ်မှတ်ရေး (JBC) လုပ်ငန်းတွေ မစခင်မှာ နယ်စပ်ဒေသတင်းမာမှုတွေ တကယ်လျော့ကျသွားတာ ရှိ၊မရှိနဲ့ မြေမြှုပ်မိုင်း ကင်းစင်မှု ရှိ၊ မရှိကို အရင်ဆုံး စစ်ဆေးသွားမှာဖြစ်တယ်လို့ ထိုင်းတပ်မတော်က အတည်ပြု ပြောကြားခဲ့ပါတယ်။ - [​ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူငါးထောင်ခန့် ​အကူအညီလိုအပ်နေ](https://burmese.bnanews.net/news/20741/): ​Border News Agency ပေါက်၊ ဖေဖော်ဝါရီ ၁၀။ ​မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူငါးထောင်ခန့် ​အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။  အဲဒီ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေဟာ ပြည်သူတွေနေအိမ်ကရိက္ခာတွေခိုးယူသယ်ဆောင်နေတာကြောင့် ကျေးရွာဆယ့်တရွာက ဒေသခံငါးထောင်ခန့်ဟာသုံးပတ်ကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်ဘဲ အရေးပေါ်အကူအညီတွေ လိုအပ်နေကြပါတယ်။ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ် ဇုန်-၁ နဲ့ ဇုန်-၃ နယ်မြေတွေထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် အိမ်ထောင်စု တထောင့်တရာ့ရှစ်ဆယ်ခြောက်စုက ပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေထဲမှာ ဒီနေ့အထိ တိမ်းရှောင်နေကြရတာပါ။ အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး သက်ဆိုင်ရာ နယ်မြေခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ကာ အရေးပေါ် ထောက်ပံ့ကူညီပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ​အဲဒီ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပြီး တောတောင်တွေထဲမှာ ရေရှည်နေထိုင်ရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။ - [စစ်ကိုင်းနဲ့မကွေးရှိ ရွာသုံးဆယ်ကျော်မှာ စစ်ကော်မရှင်တပ်ဝါဒဖြန့်မှုတိုက်ဖျက်ရေး ပညာပေး](https://burmese.bnanews.net/news/20731/): ​Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၀။ ​စစ်ကော်မရှင်ရဲ့ သတင်းအမှားနဲ့ ဝါဒဖြန့်ချိမှုတွေကို ပြည်သူတွေ သတိထားနိုင်ဖို့အတွက်ရွှေဗန့်ဂျီ သပိတ်အင်အားစုက စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းရှိ ကျေးရွာပေါင်းသုံးဆယ်ကျော်မှာ ပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။ အဲ​ဒီလက်ကမ်းစာစောင်တွေကို ဆားလင်းကြီး၊ရေစကြိုနဲ့ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး စစ်ကော်မရှင်က ပြည်သူအချင်းချင်း ယုံကြည်မှုပျက်ပြားစေဖို့နဲ့ တော်လှန်ရေးအပေါ် သံသယဖြစ်အောင် ဘယ်လိုလှည့်စားနေသလဲဆိုတာတွေကို ရှင်းပြထားပါတယ်။ ​အဲဒီအပြင် ပြည်သူတွေအနေနဲ့ သတင်းတခုကို ကြားလိုက်တာနဲ့ ချက်ချင်းမယုံဘဲ မူရင်းအရင်းအမြစ်ကို သေချာစစ်ဆေးဖို့နဲ့ လှည့်စားတဲ့ စကားလုံးတွေကို ခွဲခြားသိမြင်ဖို့ လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။ - [​မှော်ဘီမှာဆီဘောက်ဆာကားအတွင်း ဆီဂျိုးရှင်းလင်းသူ ၂ ဦး အောက်ဆီဂျင်ပြတ်ကာသေဆုံး](https://burmese.bnanews.net/news/20726/): ​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀။ ​ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ဆီဘောက်ဆာကားအတွင်းဝင်ရောက်ပြီး ဆီဂျိုးရှင်းလင်းရေးလုပ်တဲ့အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်ကာသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီမှော်ဘီမြို့နယ်၊ဘွက်ကြီးကျေးရွာအနီး ဖေဖော်ဝါရီလ ၉ ရက်ဉည ၆ နာရီကျော်မှာ မြို့ရှောင်လမ်းမှာရှိတဲ့ ဂါလန် ၇,၅၀၀ ဆံ့ ဆီဘောက်ဆာကားအတွင်းဝင်ရောက်ရှင်းလင်းစဉ် အခုလို ဖြစ်ပွားခဲ့တာပါ။ အဲဒီ ​အမျိုးသား ၂ ဦး ကားအတွင်း သတိမေ့နေကြောင်း သတင်းရတာကြောင့် မှော်ဘီမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သွားရောက်ကူညီခဲ့ပေမယ့် ည ၆ နာရီ ၅၅ မိနစ်အချိန်မှာတော့ သေဆုံးလျက် ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ ​အဲဒီသေဆုံးသူ ၂ ဦးရဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံဘက်စုံလူမှုကူညီရေးအသင်းယာဉ်နဲ့ မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ - [​ရွေးကောက်ပွဲမှာ PR စနစ်ကြောင့် ပါတီစုံစနစ်အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော](https://burmese.bnanews.net/news/20722/): ​Border News Agency  နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀။ ​ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးခဲ့တာကြောင့် ပါတီစုံစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ​ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ ​ရွေးကောက်ပွဲမှာပြည်သူတွေစနစ်တကျ မဲပေးခဲ့ကြတာဟာ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေကို ထောက်ခံတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ အဲဒီအပြင် ပါတီငယ်တွေနဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေလွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာနိုင်ဖို့အတွက် PR စနစ်ကို ကျင့်သုံးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ​ အဲဒီရွေးကောက်ပွဲမှာ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတဝှမ်း ယှဉ်ပြိုင်တဲ့ပါတီ ၆ ပါတီ ရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီထဲက ပါတီ ၃၁ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တဦးတို့ ရွေးကောက်ခံခဲ့ရတာပါ။ ​ဒီရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ပါတီငယ်တွေပိုမိုပါဝင်လာတာကို တွေ့ရပြီး ရလဒ်အပေါ်သံသယရှိရင် ရွေးကောက်ပွဲကော်မရှင်ကို လုပ်ထုံးလုပ်နည်းအတိုင်း တင်ပြနိုင်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ ​အဲဒီအပြင် မကြာခင်ကာလအတွင်းမှာ လွှတ်တော်ခေါ်ယူဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ - [​မောင်တောအောင်ဗလဟိန္ဒူရွာမှာ နေအိမ်တွေပြန်လည်တည်ဆောက်ဖို့အကူအညီတွေလိုအပ်နေ](https://burmese.bnanews.net/news/20719/): မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်းရွှေဇားကျေးရွာအုပ်စုအတွင်းက အောင်ဗလဟိန္ဒူရွာမှာ နေအိမ်ငါးလုံး မီးရှို့ခံခဲ့ရပြီး ဟိန္ဒူအမျိုးသားငါးဦးကို စစ်ကော်မရှင်တပ်နဲ့ သူတို့စစ်သင်တန်းပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေသတ်ဖြတ်ခဲ့ရတယ်လို့ ရွာသားတွေကဆိုကြပါတယ်။ အဲဒီ နေအိမ်မီးရှို့ခံခဲ့ရတဲ့ မိသားစုတွေဟာလက်ရှိမှာ သူတပါးအိမ်မှာကပ်ခိုနေထိုင်နေရသလို စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာမို့ နေအိမ်ပြန်ဆောက်ဖို့အကူအညီတွေလိုအပ်နေတယ်လို့ဆိုကြပါတယ်။ “ကျွန်မတို့အိမ်မီးလောင်သွားတော့ဘာပစ္စည်းမှမယူနိုင်ခဲ့ပါဘူး။ဖုန်းတွေ၊ရွှေငွေတွေနဲ့အိမ်ထောင်စုစာရင်းပါမီးထဲပါသွားတယ်။ အိမ်မှာကလေးနှစ်ယောက်၊ ယောက္ခမနဲ့အမျိုးသားအပါအဝင်မိသားစုခုနှစ်ဦးရှိပါတယ်။ အခုသူများအိမ်မှာကပ်နေရတာအရမ်းဒုက္ခရောက်ပါတယ်။ဒီနေ့အထိ အိမ်ကိုပြန်မပြုပြင်နိုင်သေးလို့အကူအညီတွေ လိုအပ်နေပါတယ်။” လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ မမိုးမိုးက Border News Agency ကို ပြောပါတယ်။ ​မောင်တောတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေနဲ့ ARSA အဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေမှာ အဝတ်တထည်ကိုယ်ခုနဲ့ ထွက်ပြေးခဲ့ရတယ်လို့ဆိုကြပါတယ်။ ​”ကျွန်မတို့အိမ်ဘက်ကနေ အာဆာ (ARSA) အဖွဲ့ဝင်တရာလောက်ဝင်လာကြတယ်။ နေအိမ်တွေကိုမီးရှို့တော့ကျွန်မတို့ ဘာမှမယူနိုင်ဘဲထွက်ပြေးခဲ့ရတယ်။ထမင်းတောင်မစားခဲ့ရပါဘူး။မိသားစုဝင်တွေ အကုန်လုံး အသက်လုပြီး ပြေးခဲ့ရတာပါ” လို့ မမိုးမိုးက ဆက်ပြောပါတယ်။ အဲဒီလိုနေအိမ်တွေ ဆုံးရှုံးသွားတဲ့အတွက် ဒေသခံတွေဟာ အရင်ကလို ကြက်၊ ဆိတ် မွေးမြူရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ ဝင်ငွေပြတ်တောက်နေတယ်လို့ဆိုကြပါတယ်။ အဲဒီအပြင် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်ဝယ်ယူဖို့တောင် အခက်အခဲဖြစ်နေပြီး ဘယ်အဖွဲ့အစည်းဆီကမှအကူအညီ မရသေးဘူးလို့ ဆိုကြပါတယ်။ ​အဲဒီအပြင် ARSA အကြမ်းဖက်အဖွဲ့နဲ့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ မီးရှို့မှုကို ခံခဲ့ရတဲ့ အောင်ဗလ (ရခိုင်) ကျေးရွာက နေအိမ်တရာ့ငါးဆယ်ကျော်မှ ဒေသခံတွေဟာ အမိုးအကာမလုံခြုံတဲ့ကြားက ဖြစ်သလို ပြန်လည်ပြုပြင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။ - [တောင်ကုတ်နဲ့သံတွဲမှာ နီပါးဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှလက်ကမ်းစာစောင်ဖြန့်ဝေ](https://burmese.bnanews.net/news/20715/): အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်ခရိုင်နဲ့ သံတွဲခရိုင်တွေမှာ  သေဆုံးနိုင်ခြေ မြင့်မားတဲ့နီပါး(Nipah Virus )ဗိုင်းရပ်စ် အထူးသတိပြု လက်ကမ်းစာစောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ လိုက်လံဖြန့်ဝေပေးနေပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပါတီတာဝန်တွေစုပေါင်းပြီး (နီပါးဗိုင်းရပ်စ်) ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အများပြည်သူလမ်းတွေ၊ ဈေး၊ ကားဂိတ်၊ ဘုတ်ဆိပ်၊ လမ်းခွဆုံနေရာတွေမှာ ဖြန့်ဝေပေးနေတာပါ။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူတွေနေထိုင်တဲ့နေရာတွေမှာ အသိပညာပေး(ဗီနိုင်း) ဆိုင်းဘုတ်ထောင်တာတွေ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ စတဲ့အသိပညာပေးလုပ်ငန်းတွေကို ဌာနဆိုင်ရာနဲ့ ပူးပေါင်းအောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင်ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် ပေါ့ပေါ့ဆဆမနေဖို့နဲ့ ရောဂါကူးစက်ပြန့်ပွားလာရင် အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက်ကြောင့် နီပါးဗိုင်းရပ်စ်အန္တရာယ်ကို အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေမှ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့လည်း အာရက္ခဒေသအတွင်းရှိ ပြည်သူတွေ နီပါးဗိုင်းရပ်စ် (Nipah Virus)နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပီးလုပ်ငန်းတွေကို ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အဲဒီနီပါး(Nipah)ဗိုင်းရပ်စ်ရောဂါအတွက် ကုသဆေးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သေဆုံးနိုင်ခြေမြင့်မားတာကြောင့် အထူးသတိပြုကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားပါတယ်။ ရောဂါကူးစက်ခံရသူဟာ သေဆုံးနှုန်း ၄၀ အထက်ရှိပြီး ကူးစက်ခံရပြီးနောက် ရောဂါစပျိုးချိန်ဟာ ပုံမှန်အားနဲ့ ၄ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး အကြာဆုံးအနေနဲ့ ၄၅ ရက်အထိရှိနိုင်တယ်လို့ သိရပါတယ်။ အာရက္ခပြည်သူတွေအနေနဲ့လည်း နီပါးဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာတွေဖြစ်ပေါ်ပါက အနီးအနားရှိကျန်းမာရေးဌာနကိုအမြန်ဆုံးဆက်သွယ်အကြောင်းကြားကြဖို့နဲ့ ကျန်းမာရေးဌာနမှထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာကြဖို့ကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။ - [ICJ ရစ်သမ်နှင့် အက်ကြားအို ဟာမိုနီ- ၅](https://burmese.bnanews.net/news/20712/): အကယ်၍ ULA/AA ဘက်မှ လူ့အခွင့်အရေးချိုးဖောက်ခြင်း သို့မဟုတ် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း စသည့် စွပ်စွဲချက္များ ဆက်တိုက်ရှိလာပါက နိုင်ငံတကာ ဥပဒေကြောင်းအရ ICJ အမှုအပေါ်တွင် မည်သို့ သက်ရောက်မှုများ ရှိသွားနိုင်ပါသနည်း။  မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံအကြား (ICJ) တွင် ရင်ဆိုင်နေရသော အမှုနှင့်ပတ်သက်၍ အမှု၏ အဓိကအချက်အလက်များ (Merits) ကို စစ်ဆေးရာတွင် နှုတ်ဖြင့် လျှောက်လဲချက်ပေးခြင်း (Oral Hearings) သည် ၂၀၂၆ ခုနှစ်၊ ဇွန်နဝါရီ ၂၉ ရက်နေ့တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ လျှောက်လှဲချက်အပေါ် ကြားနာမှု ပြီးဆုံးသွားပြီဖြစ်၍ ICJ တရားသူကြီးများသည် အမှုကို စတင် သုံးသပ်ဆုံးဖြတ် (Deliberation) ပြုနေကြပြီဖြစ်သည်။ နောက်ဆုံးအပြီးသတ်အမိန့် စီရင်ချက်သည် ၆ လ မှ တနှစ်အတွင်း ထွက်လာနိုင်သည်ဟု ဥပဒေပညါရှင် အချို့က ဆိုထားကြသည်။ အပြီးသတ် စီရင်ချက်တွင် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်အား မြန်မာမှ ဖောက်ဖျက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်မည်ဖြစ်ကာ နိုင်ငံတကာဥပဒေအရ သိသာသော သက်ရောက်မှုများရှိနေမည့်အလွန်အရေးကြီးသော အမှုတစ်ခုဖြစ်နေသည်။ ICJ က မည်သို့ ဆုံးဖြတ်လာမည်နည်း။ အကယ်၍ ထိုကာလများတွင် ULA/AA ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်ခြင်း သို့မဟုတ် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း စသည့် စွပ်စွဲချက်များ ဆက်တိုက်ရှိလာပါက နိုင်ငံတကာ ဥပဒေကြောင်းအရ ICJ အမှုအပေါ်တွင် မည်သို့ သက်ရောက်မှုများ ရှိသွားနိုင်ပါသနည်း။  သက်ရောက်လာနိုင်မှု ICJ မှာ နိုင်ငံအချင်းချင်း အငြင်းပွားမှုကို စီရင်သော […] - [တောင်ကုတ်မှာအာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ HDCO တို့ ပူးပေါင်းကာဆေးကုပေး](https://burmese.bnanews.net/photo-news/20703/): အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်ခရိုင်အတွင်းက ကျေးရွာတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့က ကွင်းဆင်းကာအခမဲ့ဆေးကုသပေးတာနဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒေသခံတွေကို ငှက်ဖျားသွေးဖောက်စစ်ဆေးပေးတာ၊ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးတာအပြင် အရေပြားရောဂါနဲ့ အထွေထွေရောဂါတွေကို အခမဲ့ကုသပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ​အဲဒီအပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅ နှစ်အောက် ကလေးငယ်ရှိတဲ့ အိမ်ထောင်စုတွေအတွက် CYC ခြင်ထောင် အလုံး ၂၅၀ ကိုထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ နောက်ပြီး HDCO ဘက်ကလည်း ၂ နှစ်အောက် ကလေးငယ်တွေအတွက် အာဟာရနို့မှုန့်တွေ ပေးခဲ့ပါတယ်။  ​အခုလိုကွင်းဆင်းကုသပေးမှုဟာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသခံပြည်သူတွေအတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ - [စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ စစ်တွေလေဆိပ်မီးလောင်](https://burmese.bnanews.net/news/20695/): Border News Agency စစ်တွေ၊ ဖေဖော်ဝါရီ ၉။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ စစ်တွေလေဆိပ်ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေက မီးလောင်နေပါတယ်။ အဲဒီမီးလောင်မှုဟာ ဘယ်ကစတင်လောင်ကျွမ်းသွားသလဲဆိုတာမသိရှိရပေမယ့် လေယာဉ်ကွင်းဝင်ရှိနေရာအများစုမီးလောင်သွားတယ်လို့ ဆိုကြပါတယ်။ အဲဒီလေယာဉ်ကွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားရှိနေပေမယ့် မီးငြိမ်းသတ်မယ့်သူမရှိဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။ - [မယ်ဆိုင်မှာစိတ်ကြွဆေးပြား ၅ သန်းကျော်နဲ့အတူ ပဂျဲရိုးကားတစီးဖမ်းမိ](https://burmese.bnanews.net/news/20687/): ​Border News Agency  ချင်းရိုင်၊ ဖေဖော်ဝါရီ ၉။ ​ထိုင်း-မြန်မာနယ်စပ်၊ မယ်ဆိုင်မြို့နယ်မှာ ဖေဖော်ဝါရီလ၉ ရက်၊ ဒီနေ့မနက်အစောပိုင်းက စိတ်ကြွဆေးပြား ၅ သန်းကျော် သယ်လာတဲ့ Pajero ကားတစီးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ​ဖာမိူင်းစစ်ဆင်ရေးတပ်ဖွဲ့ (Pha Muang Force)နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မနက် ၁ နာရီအချိန် မောင်းဒေတိုင်ကျေးရွာအနီး ကင်းလှည့်နေစဉ် ဘန်ကောက်လိုင်စင်နဲ့ အနက်ရောင် Mitsubishi Pajero ကားတစီးကို တွေ့ရှိခဲ့တာပါ။ အဲဒီကားဟာ စစ်ဆေးရေးဂိတ်ကိုရှောင်ဖို့ လမ်းကြောင်းလှည့်ရာကနေ လမ်းဘေးထိုးကျသွားပြီး ကားပေါ်ပါလာသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ​ကားအတွင်းကိုစစ်ဆေးရာမှာ ဆာလာအိတ် ၂၄ အိတ်တွေ့ရှိခဲ့ပြီး စိတ်ကြွဆေးပြား စုစုပေါင်း ၄,၇၂၀,၀၀၀ (၄ သန်း ၇ သိန်းကျော်) သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် ကားထဲမှာနခွန်ရာချာစီမာခရိုင်က အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးရဲ့ မှတ်ပုံတင်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ ​အာဏာပိုင်တွေက အနီးပတ်ဝန်းကျင်ကို ဆက်လက်ရှာဖွေရာမှာတော့ ကားမှောက်တဲ့နေရာနားက ချုံပုတ်ထဲမှာ မြက်ခြောက်တွေနဲ့ဖုံးထားတဲ့ ခရီးဆောင်အိတ် ၂ လုံးကို ထပ်တွေ့ခဲ့ပါတယ်။ အဲဒီအိတ်တွေထဲမှာ စိတ်ကြွဆေးပြား ၆၂၀,၀၀၀ (၆ သိန်း ၂ သောင်း) ထပ်မံတွေ့ရှိခဲ့တာကြောင့် စုစုပေါင်းစိတ် ကြွဆေးပြား ၅,၃၄၀,၀၀၀ (၅ သန်း ၃ သိန်းကျော်)အထိ ရှိခဲ့ပါတယ်။ ​လက်ရှိမှာ ဖာမိူင်းတပ်ဖွဲ့မှူး ဗိုလ်ချုပ် သာသစ် ဝိုင်ယနွန့်နဲ့ တာဝန်ရှိသူတွေက သက်သေခံပစ္စည်းတွေကို မယ်ဆိုင်ရဲစခန်းကို ပို့ဆောင်ထားပြီး ကားထဲကတွေ့တဲ့မှတ်ပုံတင်ပိုင်ရှင်နဲ့ ကွင်းဆက်တရားခံတွေကိုဖမ်းမိဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ - [​အုဘွန်ရာဇဌာနီမှာ စိတ်ကြွဆေးပြား ၆ သောင်းကျော်နဲ့အတူ တရားခံ ၂ ဦး ဖမ်းမိ](https://burmese.bnanews.net/photo-news/20678/): ​Border News Agency  မဲဆောက်၊ ဖေဖော်ဝါရီ ၉။ ​ထိုင်း – လာအိုနယ်စပ်၊ အုဘွန်ရာဇဌာနီခရိုင်မှာ မူးယစ်ဆေးသယ်ဆောင်လာတဲ့ ကွန်ရက်တခုကို ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက ကင်းပုန်းဝပ်ဖမ်းဆီးခဲ့ရာမှာ စိတ်ကြွဆေးပြား ၆၆,၀၀၀ နဲ့အတူ တရားခံ ၂ ဦးနဲ့ ကားတစီးကို ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆူရာနာရီတပ်ဖွဲ့ (Suranaree Force) က ထုတ်ပြန်ပါတယ်။ ​ဒီဖမ်းဆီးမှုကို ဆူရာနာရီတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ အမှတ် ၂၂၇ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BPP 227) က အဓိက တာဝန်ယူခဲ့တာပါ။ ခေးမရတ် (Khemarat) မြို့နယ်အတွင်း မူးယစ်ဆေးတွေခိုးသယ်လာမယ်ဆိုတဲ့သတင်းကြောင့် အာဏာပိုင်တွေက ဒွန်ဘတ် (Don Bak) ကျေးရွာ၊ “ဝပ်ဥယျာဉ်ဝနာရာမ်” ဘုန်းကြီးကျောင်းအနီးကမြေနီလမ်းမှာ ချောင်းမြောင်းစောင့်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီနောက် သံသယရှိတဲ့ကားတစီးရောက်လာချိန်မှာ ပိတ်ဆို့စစ်ဆေးရာကနေ စိတ်ကြွဆေးပြား (Yaba) ၆၆,၀၀၀ ပြားနဲ့အတူ အမျိုးသား ၂ ဦးကို ဖမ်းမိခဲ့တာပါ။ အဲဒီတရားခံတွေကို နယ်မြေခံရဲစခန်းဆီ လွှဲပြောင်းထားပြီး ကွင်းဆက်တွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။ - [အာရက္ခဒေသမှာ စစ်ကော်မရှင်တပ်ကြောင့် တလအတွင်းအမျိုးသမီးဆယ်ဦးသေဆုံး](https://burmese.bnanews.net/news/20671/): ​Border News Agency ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၉။ ​မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်တပ်လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း  အမျိုးသမီးသေဆုံးသူငါးဆယ့်ငါးဦးရှိခဲ့ပြီး အဲဒီထဲမှာအာရက္ခဒေသက ဒုတိယအများဆုံးဖြစ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။ ​မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာရင်းတွေအရ ဇန်နဝါရီလအတွင်း အာရက္ခဒေသမှာ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်  အမျိုးသမီးဆယ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူနှစ်ဆယ်ဦးပြီးရင်  အာရက္ခဒေသဟာ ထိခိုက်သေဆုံးမှုအမြင့်မားဆုံး ဒေသတခုဖြစ်နေတာပါ။ ​သေဆုံးရတဲ့အဓိကအကြောင်းရင်းတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဖြစ်ပါတယ်။ အာရက္ခဒေသကို စစ်ကော်မရှင်တပ်က အရပ်သားတွေနေထိုင်ရာကျေးရွာတွေနဲ့ မြို့ပေါ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အခုလိုအမျိုးသမီးနဲ့ ကလေးငယ်တွေပါမကျန် ထိခိုက်သေဆုံးနေရတာ ဖြစ်တယ်လို့ဆိုပါတယ်။ ​တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သေဆုံးသူငါးဆယ့်ငါးဦးထဲမှာ အသက်ဆယ့်ရှစ်နှစ်အောက် အမျိုးသမီးငယ်လေးဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီအပြင် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးငါးဆယ့်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာမှာ လေကြောင်းတိုက်ခိုက်မှုအပြင်  မြေမြှုပ်မိုင်းကြောင့်ထိခိုက်တာနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုငါးဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။ ​အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေဟာလုံခြုံမှုမရှိတော့ဘဲ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို နေ့စဉ်ရင်ဆိုင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ - [​မုဒါဟန်နယ်စပ်မှာ မူးယစ်ဆေးရောင်းတဲ့လူငယ် ၃ ဦးနဲ့အတူစိတ်ကြွဆေးပြား ၃,၀၀၀ ကျော် ဖမ်းမိ](https://burmese.bnanews.net/photo-news/20660/): ​Border News Agency မုဒါဟန်၊ ဖေဖော်ဝါရီ ၉။ ​ထိုင်း – လာအိုနယ်စပ်မုဒါဟန်ခရိုင်အတွင်းက ကျေးရွာတွေရှိ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့အိမ်တွေကို ထိုင်းအထူးခြေလျင်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ရာမှာ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့ စိတ်ကြွဆေးပြား ၃,၀၀၀ ကျော်နဲ့အတူ တရားခံ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Ranger Forces 2105 အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲ​ဒီစစ်ဆင်ရေးကို အမှတ် ၂၁ ခြေလျင်တပ်မဟာ၊ အမှတ် ၂၁၀၅ ခြေလျင်တပ်ခွဲ (Ranger 2105) က အဓိက ဦးဆောင်ခဲ့တာဖြစ်ပြီး မုဒါဟန်ခရိုင် စီမံခန့်ခွဲရေးအဖွဲ့နဲ့ မြို့နယ်ထွေအုပ်အဖွဲ့တွေလည်း ပါဝင်ခဲ့ကြပါတယ်။ ​မုဒါဟန်မြို့နယ်၊ နာစီနွမ်း (Na Si Nuan) ကျေးရွာက အိမ်တွေကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အဲဒီအိမ်တွေကနေ  ဒေသတွင်းကလူငယ်တွေဆီကို စိတ်ကြွဆေးပြား (Yaba) တွေ ခိုးယူဖြန့်ဖြူးနေတယ်ဆိုတဲ့သတင်းကြောင့် အခုလို ပိတ်ဆို့ရှာဖွေခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီ စီးနင်းမှုအတွင်း မူးယစ်ဆေးရောင်းချသူအပါအဝင် သံသယရှိသူအမျိုးသား ၃ ဦးကိုဖမ်းမိခဲ့ပြီး သူတို့ဆီကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၃,၂၅၇ ပြားကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တာပါ။ အဲ​ဒီဖမ်းဆီးမှုမှာ လူ့အခွင့်အရေးချိုးဖောက်မှုမရှိစေဖို့အတွက် ၂၀၂၂ ခုနှစ် “ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူပျောက်စေမှု ကာကွယ်တားဆီးရေးနှင့်နှိမ်နင်းရေး အက်ဥပဒေ” အရ ရုပ်သံနဲ့ အသံဖိုင်တွေကို အဆက်မပြတ်မှတ်တမ်းတင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေနဲ့ သက်သေခံပစ္စည်းတွေကို မုဒါဟန်မြို့နယ် ရဲစခန်း (SPO Muang Mukdahan) ထံ လွှဲပြောင်းထားပြီး ဥပဒေအရထိရောက်စွာအရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ - [အနုတင်ရဲ့ဖွန်ဂျိုင်ထိုင်းပါတီ ထိုင်းရွေးကောက်ပွဲမှာအနိုင်ရ](https://burmese.bnanews.net/photo-news/20624/): ​Border News Agency ဘန်ကောက်၊ ဖေဖော်ဝါရီ ၉။ ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲ လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့ဝင်  ဖွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) က အမတ်နေရာ ၁၉၀ ကျော်နဲ့အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တယ်လို့ သက်ဆိုင်ရာဌာနတွေက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲ​ဒီရလဒ်ဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့အမတ်နေရာ ၇၁ နေရာထက် သိသိသာသာမြင့်တက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံရေးမှာ ရှေးရိုးစွဲအမျိုးသားရေးဝါဒတွေ ပြန်လည်အားကောင်းလာတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ အဲဒီ​မဲ ၉၅ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ ဖွန်ဂျိုင်ထိုင်းပါတီက အမတ်နေရာ ၁၉၀ ကျော်နဲ့ပထမ၊ ပြည်သူ့ပါတီ (People’s Party) က ၁၁၀ ကျော်နဲ့ ဒုတိယ၊ ဖွေထိုင်းပါတီ (Pheu Thai) က ၇၀ ကျော်နဲ့ တတိယအသီးသီး ရရှိထားကြပါတယ်။ လူငယ်တွေထောက်ခံတဲ့ပြည်သူ့ပါတီက မြို့ပြဒေသတွေမှာအားကောင်းခဲ့ပေမယ့် ဖွန်ဂျိုင်ထိုင်းပါတီကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့တာပါ။ ​Nikkei Asia ရဲ့ သုံးသပ်ချက်အရ အနုတင်ရဲ့ ဒီအောင်ပွဲဟာထိုင်း – ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုကို အခြေခံထားတဲ့ “အမျိုးသားရေးဝါဒ” ကြောင့်လို့ ဆိုပါတယ်။ အနုတင်ဟာ မဲဆွယ်ကာလအတွင်းမှာ “အမိမြေကို ကာကွယ်ဖို့နဲ့ မျိုးချစ်စိတ်ရှိဖို့” ကိုပဲ အဓိကထားလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ ​အနုတင်ကဘန်ကောက်မြို့ မိန့်ခွန်းမှာ “ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် ကျွန်တော့်အသက်နဲ့ထပ်တူကာကွယ်သွားမယ်လို့  ကတိပြုပါတယ်။ အမိမြေကိုကာကွယ်ဖို့အတွက် ဖွန်ဂျိုင်ထိုင်းပါတီကိုပဲ ရွေးချယ်လိုက်ပါ” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ​အဲဒီအပြင် ဘုရင်စနစ်နဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကိုမထိပါးဘဲ နဂိုအတိုင်းထိန်းသိမ်းမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် ရှေးရိုးစွဲဝါဒီတွေနဲ့ တည်ငြိမ်မှုကိုလိုလားတဲ့ ကျေးလက်ပြည်သူတွေရဲ့ မဲကိုအပြည့်အဝရရှိခဲ့တာလို့ သုံးသပ်ကြပါတယ်။ နိုင်ငံရေးသိပ္ပံပါမောက္ခ Yuthaporn Issarachai ကလည်း ထိုင်းပြည်သူတွေဟာ ပြုပြင်ပြောင်းလဲရေးထက် “အမျိုးသားလုံခြုံရေးနဲ့ တည်ငြိမ်ရေး” ကို ပိုပြီးဦးစားပေးရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။ ​လက်ရှိမှာ ဖွန်ဂျိုင်ထိုင်းပါတီဟာ အစိုးရဖွဲ့နိုင်ဖို့အမတ်နေရာ ၂၅၁ နေရာပြည့်မီအောင် အခြားပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီရှုံးနိမ့်သွားတဲ့ ပြည်သူ့ပါတီခေါင်းဆောင် နာတာဖောင်ကတော့ သူတို့ရဲ့ ရှုံးနိမ့်မှုကိုဝန်ခံလိုက်ပြီး အပြုသဘောဆောင်တဲ့ အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ - [ICJ အမှုကနေ အကျိုးအမြတ်တွေရခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော](https://burmese.bnanews.net/news/20621/): ​Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၉။ ​နိုင်ငံတကာတရားရုံး (ICJ) မှာရင်ဆိုင်နေရတဲ့အမှုဟာ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုကြီးတခုဖြစ်ပေမယ့် အဲဒီကနေ အကျိုးအမြတ်တွေရအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ​ဖေဖော်ဝါရီ ၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ICJ သွားရောက်ဖြေရှင်းခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုတဲ့ ညစာစားပွဲမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ​ICJ အမှုကိစ္စကြောင့် ရရှိခဲ့တဲ့အကျိုးအမြတ်တွေထဲမှာ အရေးကြီးဆုံးကတော့ နိုင်ငံအပေါ်စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး  ပြည်သူတွေကအစိုးရနဲ့အတူ ပူးပေါင်းရပ်တည်ခဲ့ကြတဲ့အတွက် အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် နောက်ထပ်အကျိုးအမြတ်တခုအနေနဲ့ ရခိုင်ပြည်မြောက်ပိုင်း ပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ လူမျိုးစုအမည်နာမ သရုပ်လက္ခဏာ (Identity) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကို နိုင်ငံတကာစင်မြင့်မှာ အထောက်အထားတွေနဲ့ တင်ပြခွင့်ရခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ နောက်ပြီး ​ဥပဒေပိုင်းဆိုင်ရာမှာလည်း နိုင်ငံတကာအဆင့် အတွေ့အကြုံတွေရရှိခဲ့သလို နောက်နောင်မှာအလားတူဥပဒေကြောင်းအရတိုက်ခိုက်လာတာတွေရှိရင် ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ အသိအမြင်တွေရရှိခဲ့တာဟာ အဆိုးထဲက အမြတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ​ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး  စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ကာခုခံချေပမှုတွေပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။  - [ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ် ](https://burmese.bnanews.net/photo-news/20609/): ​Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉။ ​KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်တွေက ​လေးလကျော်ကြာစစ်ဆင်ရေးလုပ်ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲ​ဒီမြို့ကို ပြန်သိမ်းဖို့အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကတည်းက စစ်ကြောင်းခွဲပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ မြို့ပတ်ဝန်းကျင်က ကျေးရွာတွေနဲ့ ဗျူဟာကျတဲ့နေရာတွေကို အဆင့်ဆင့်ပြန်သိမ်းခဲ့တာလို့ ဆိုပါတယ်။ ​လေးလကျော်ကြာတဲ့ ဒီစစ်ဆင်ရေးအတွင်း တိုက်ပွဲပေါင်းခြောက်ဆယ့်ကိုးကြိမ်အထိဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်ဘက်က ပြောပါတယ်။ ​လက်ရှိမှာတော့ မြို့ထဲမှာမိုင်းရှင်းလင်းတာနဲ့ ပျက်စီးသွားတဲ့အဆောက်အဦးတွေကို ပြန်ပြင်ဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဗန်းမောက်မြို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ - [စပိန်နဲ့ ပေါ်တူဂီကိုမှာ မာတာမုန်တိုင်းကြောင့် လူတသောင်းကျော် အရေးပေါ်ရွှေ့ပြောင်းနေရ](https://burmese.bnanews.net/photo-news/20596/): ​Border News Agency စပိန်၊ ဖေဖော်ဝါရီ ၉။ ​ဥရောပတောင်ပိုင်းကစပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ ပြီးခဲ့တဲ့အပတ်ကတိုက်ခတ်ခဲ့တဲ့ “လီယိုနာဒို” မုန်တိုင်းအပြီး ဒီအပတ်မှာတော့ “မာတာ (Marta)” မုန်တိုင်းထပ်ဝင်လာလို့ စပိန်မိုးလေဝသအေဂျင်စီ (AEMET) က ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက လိမ္မော်ရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အဲဒီမုန်တိုင်းဟာ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့အထိလည်း မုန်တိုင်းအရှိန်ကဆက်ပြင်းနေတုန်းပဲလို့ ဆိုပါတယ်။ ​ဒီမာတာမုန်တိုင်းကြောင့် လူငါးဦးထက်မနည်းသေဆုံးခဲ့ရပြီး စပိန်မြောက်ပိုင်း အာဗီလာ (Avila) ဒေသမှာ နှင်းရှင်းတဲ့ကားမောင်းသူတဦးလည်း မီတာ ၂၀ အမြင့်ရှိတဲ့ ချောက်ထဲလျှောကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ပေါ်တူဂီနိုင်ငံ ပေါ်တယ်လီဂရီ (Portalegre) မှာလည်း အသက်လေးဆယ့်ခြောက်နှစ်အရွယ် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ​စပိန်တောင်ပိုင်းအန်ဒလူစီးယား (Andalusia) ဘက်မှာ မြစ်ရေလျှံလို့ လူပေါင်းတသောင်းတထောင်ကျော်ကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပြီး ပြည်သူတွေအိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ်လို့ဆိုပါတယ်။ အဲဒီ​မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးရေးလည်းထိခိုက်နေပြီး စပိန်တောင်ပိုင်း ကာဒစ်ဇ် (Cadiz) ပြည်နယ်က လယ်သမားအဖွဲ့ (COAG) ရဲ့ပြောပြချက်အရ ဘရိုကိုလီ၊ မုန်လာဥနီနဲ့ ပန်းဂေါ်ဖီစိုက်ခင်း ဟက်တာထောင်နဲ့ချီပြီး ရေအောက်ရောက်သွားပြီလို့ ဆိုပါတယ်။ အဲဒီ ပေါ်တူဂီစိုက်ပျိုးရေးဝန်ကြီးဌာနကလည်း လာမယ့်ရက်ပိုင်းအတွင်း စိုက်ပျိုးရေးနဲ့ သစ်တောကဏ္ဍမှာ ဆုံးရှုံးမှုတန်ဖိုး ယူရို ၇၅၀ သန်း (ဒေါ်လာ ၈၉၀ သန်း) လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲ​ဒီအပြင် စပိန်တနိုင်ငံလုံးမှာ လမ်းပေါင်း ၁၇၀ နီးပါးကို ဘေးကင်းအောင်ပိတ်ထားရသလို၊ စပိန်လာလီဂါရဲ့ ပွဲစဉ်ကြီးဖြစ်တဲ့ ဆီဗီလာ (Sevilla) နဲ့ ဂီရိုနာ (Girona) အသင်းတို့ပွဲကိုလည်း ရာသီဥတုဆိုးလို့ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။ ​စပိန်နဲ့ ပေါ်တူဂီမှာ ဒီနေ့အထိမိုးကြီးတာ၊ လေပြင်းတိုက်တာနဲ့ရေကြီးတာတွေ ဆက်ဖြစ်နေပြီး မုန်တိုင်းအရှိန်ကနောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအထိ ဆက်ပြင်းနေဦးမယ်လို့ သိရပါတယ်။ ပေါ်တူဂီအစိုးရက လက်ရှိမှာကယ်ဆယ်ရေးသမား နှစ်သောင်းခြောက်ထောင်ငါးရာကျော်ကို အသင့်ပြင်ထားပြီး ရေဘေးသင့်သူတွေကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။ - [‎မောင်တောမှာ မြေမြုပ်မိုင်းထုမိရာ ပေါက်ကွဲလို့ ကလေးတဦးဒဏ်ရာရ ](https://burmese.bnanews.net/news/20592/): Border News Agency  မောင်တော၊ ဖေဖော်ဝါရီ ၉။ ‎ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ‎မောင်တောမြို့နယ်၊ အေတီလီယာရွာမှာ မြေမြုပ်မိုင်းထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတဦးဒဏ်ရာရသွားခဲ့ပါတယ်။ အေတီလီယာရွာမှ ဂေါ်တီမူလာရဲ့ သားအသက် ခုနှစ်နှစ်အရွယ်နိုဟာဆမ်မှာ ဘယ်ဘက်မျက်လုံးကန်းသွားပြီး ဘယ်ဘက်ဒူးဒဏ်ရာ၊ ညာဘက်လက်ချောင်း နှစ်ချောင်းလည်းပြတ်ထွက်သွားခဲ့ပါတယ်။  သူဟာ ဖေဖော်ဝါရီလ ၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က သူငယ်ချင်းတွေနဲ့ဘောလုံးကစားနေချိန် မြေမြှုပ်မိုင်းကိုထုကြည့်ပြီး ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကျန်လက်နက်နဲ့ ဆော့ကစားမိရာမှာ ကလေးငယ်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ကလေးတွေအပါအဝင် လူကြီးတွေဟာလည်း စစ်ကျန်လက်နက်ပစွည်းတွေကို ထိတွေ့ကိုင်တွယ်ပြီး မကြာခဏသေဆုံး၊ ဒဏ်ရာရတာတွေရှိနေကြပါတယ်။ အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ - [​တောင်ငူမှာ စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတဦးသေဆုံး](https://burmese.bnanews.net/news/20587/): ​ကေအဲန်ယူ-တောင်ငူခရိုင်၊ သံတောင်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီသံထောင်မြို့နယ်၊ဖိုးဝါးချောင်းကျေးရွာကို ဖေဖော်ဝါရီလ ၃ ရက်၊မနက်ပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ထို့ဘိုကြီးစခန်းကနေ လက်နက်ကြီးနှစ်လုံးနဲ့ရွယ်ရည်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။  အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ် ဦးရဲ့မိခင် အသက်သုံးဆယ်ရှစ်နှစ်အရွယ် နော်နီကမွီး ဟာလက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမြိတ်ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာရှိဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပါတယ်။  ​စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲလူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်မှတ်ထား ပစ်ခတ်နေတာကြောင့် အခုလို အရပ်သားသေဆုံးမှုတွေ ဆက်တိုက်ရှိနေတယ်လို့ဆိုပါတယ်။ - [ဆားလင်းကြီးမှာ "တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်" သပိတ်စစ်ကြောင်းဆန္ဒပြ](https://burmese.bnanews.net/photo-news/20577/): ​စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ “တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်း” ကဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြသပိတ်ကို ဖေဖော်ဝါရီ ၈ ရက်၊မနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ​ဆန္ဒပြပွဲမှာ တော်လှန်ပြည်သူတွေက “လှေပြောင်းစီးရုံနဲ့ မုန်တိုင်းက ရပ်မသွားဘူး” ဆိုတဲ့စာသားတွေကို ကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးခဲ့ကြသလို၊စစ်ကော်မရှင်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ တိုက်တွန်းတဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။ ​ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုတွေကြားထဲကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေကို နေ့စဉ်မပြတ် ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ - [စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦး ပြည်သူ့ရင်ခွင်ဆီအလင်းဝင် ](https://burmese.bnanews.net/news/20566/): ​အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ရင်ခွင်အဖွဲ့ထံဆက်သွယ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦး အလင်းဝင်လာတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။  ကချင်ပြည်၊တနိုင်းမြို့နယ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးနဲ့ ရှမ်းပြည်၊ဖယ်ခုံမြို့နယ်ကနှစ်ဦးတို့ဟာ​ဖေဖော်ဝါရီလ၁ ရက်နေ့ကသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေဆီကို အလင်းဝင်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း မွန်ပြည်၊ကျိုက်ထိုမြို့နယ်ကနှစ်ဦး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ ​အံဒီအလင်းဝင်လာသူတွေနဲ့အတူ MA-1 မောင်းပြန်ရိုင်ဖယ်နှစ်လက်နဲ့ ဆက်စပ်ခဲယမ်းတွေပါရှိလာပြီး လက်ရှိမှာ အဲဒီလက်နက်တွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ပြန်လည်အသုံးပြုနေတယ်လို့ဆိုပါတယ်။ ​အဲဒီအလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခုနှစ်ဦးကို သက်ဆိုင်ရာတပ်ရင်းတွေက ကောင်းမွန်စွာစောင့်ရှောက်ထားပြီး သူတို့ရဲ့ဆန္ဒအတိုင်း တော်လှန်ရေးမှာ ပူးပေါင်းတာ ဒါမှမဟုတ် မိဘတွေဆီ ပြန်ပို့ပေးတာတွေကိုတာဝန်ရှိသူတွေက အကောင်းဆုံးစီစဉ်ပေးနေတယ်လို့ဆိုပါတယ်။ - [​ရှေးဟောင်းဒင်္ဂါးတွေအပ်နှံတဲ့ လူငယ်လေးဦးကို အာရက္ခအစိုးရသိန်းသုံးရာချီးမြှင့်](https://burmese.bnanews.net/photo-news/20550/): ​မြောက်ဦးမြို့မှာရှေးဟောင်းရတနာတွေနဲ့ ငွေဒင်္ဂါးပြား တရာ့သုံးဆယ်နှစ်ပြားကို တာဝန်သိသိနဲ့ လာရောက်အပ်နှံခဲ့တဲ့ လူငယ်လေးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တဦးကိုကျပ်ခုနှစ်ဆယ်ငါးသိန်းစီကို ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကဂုဏ်ပြုဆုချီးမြှင့်လိုက်ပါတယ်။ ​အဲဒီတာဝန်သိလူငယ်တွေကတော့ မြောက်ဦးမြို့က ဦးနိုင်ဝင်းထွန်းရဲ့သား မောင်စိုးအောင်မင်း၊ ဦးညီဘုရဲသား မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သား မောင်ဖြိုးမြတ်ဦး နဲ့ ဦးခိုင်ကျော်လင်းရဲ့သား မောင်ကျော်စိုးလင်း တို့ ဖြစ်ကြပါတယ်။ ​သူတို့လေးဦးဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ၂၄ ရက်နေ့က ဘောလုံးကွင်းမှာ ကစားရင်း မတော်တဆခြေချော်လဲရာကနေ ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မိဘတွေနဲ့အတူ မြို့နယ်အုပ်ချုပ်ရေးဌာနသို့ သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်။ အဲဒီ​တွေ့ရှိရတဲ့ ငွေဒင်္ဂါးတွေထဲမှာ ရက္ခိုင်သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်ကျော်က နရပတိကြီး၊စန္ဒသုဓမ္မရာဇာ၊သတိုးမင်းတရားနဲ့ ဝရဓမ္မရာဇာလက်ထက်က ဒင်္ဂါးပြားတွေ ပါဝင်ပါတယ်။ အာရက္ခအစိုးရကတော့ ဒီလူငယ်လေးတွေရဲ့ ရိုးသားမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ်ကို အထူးချီးကျူးကြောင်းပြောကြားခဲ့ပါတယ်။ - [​သံတွဲကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ​အရပ်သားနှစ်ဦးဒဏ်ရာရ](https://burmese.bnanews.net/news/20538/): အာရက္ခတပ်တော်ထိန်းချုပ်ထားသံတွဲမြို့ကို ဖေဖော်ဝါရီလ ၈ ရက်၊နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီ သံတွဲမြို့၊အမှတ် ၃ ရပ်ကွက်ကို ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရသွားပြီး နေအိမ် ကိုးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီအသက်ငါးဆယ်အရွယ် ဦးအောင်သန်းလင်းမှာ ဘယ်ဘက်လက်ကျိုးသွားသလို၊အသက်ငါးဆယ်အရွယ် ဦးသက်အောင်လည်း ဦးခေါင်းပေါက်ထွက်တဲ့ ဒဏ်ရာတွေရသွားတာမို့ ဆေးကုသမှုခံယူနေရပါတယ်။ ​စစ်ကော်မရှင်တပ်ဟာအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြောင်း၊လေကြောင်းတို က်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။ - [မုံရွာမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး](https://burmese.bnanews.net/news/20533/): စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးသွားခဲ့တယ်လို့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ဖေဖော်ဝါရီလ ၇ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီမုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခမှထွက်လာတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊မနက် ၇ နာရီခန့်အချိန်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့ပြီး သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ နမခမှ ထွက်လာတဲ့စစ်ကြောင်းကို နမခ အနီးမှာတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ခြောက်ဦးထက်သေဆုံးပြီး MA1 တလက်၊ MA11 တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တဦးသေဆုံး‎ခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး( BLDF) ၊ Black Falcon ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ ၃၊ ကနောင်မင်းသားကြီး၊ သွေးသောက်ညီကို၊ တိုက်နယ် ၅ ပလဖ နဲ့ နယ်မြေခံအမေ့သားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ - [ရသေ့တောင်မြို့နယ်မှာ အရေပြားရောဂါအတွက် ဆေးဝါးအကူအညီလိုအပ်နေ](https://burmese.bnanews.net/news/20530/): ​အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတာ​ကြောင့် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီ ရသေ့တောင်မြို့နယ်၊သာစည်တောင့်ကျေးရွာနဲ့ အနီးအနားရှိကျေးရွာတွေမှာ အရေပြားရောဂါ (ဝဲရောဂါ)ပြင်းထန်စွာ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီဒေသတွေမှာ ဆေးဝါးမလုံလောက်တာတွေနဲ့ ကြုံတွေ့နေရတာကြောင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီအရေးပေါ်လိုအပ်နေတယ်လို့ဆိုကြပါတယ်။ အဲဒီထဲ ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာပိုပြီးအဖြစ်များနေသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနက လိုက်လံကုသပေးနေပေမယ့်လူဦးရေနဲ့ဆေးဝါးပမာဏ မမျှမတဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ “လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲနေတော့ ဘယ်မှသွားလို့မရဘူး။အာရက္ခတပ်တော်ကကုပေးနေတာရှိပေမယ့်ဆေးဝါးက တကယ်ကို မလုံလောက်တာပါ။ မြို့နယ်ထဲမှာက လူတိုင်းလိုလို ဖြစ်နေကြတာဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကဆေးဝါးအကူအညီတွေ အမြန်ဆုံး ရစေချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။ အဲ​ဒီရောဂါဟာ အဓိကအားဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဒေသခံပြည်သူတွေဆီကိုပါ အလျင်အမြန် ကူးစက်နေတာလို့ ဆိုကြပါတယ်။ အဲဒီမွေးကင်းစကလေးကနေ အသက်ငါး ဆယ်ကျော် အရွယ်တွေအထိကူးစက်ခံထားရပြီး ဒီရောဂါဖြစ်နေတာ ဘယ်နှစ်လကြာနေပြီလဲဆိုတာတောင် မရေတွက်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ဆိုကြပါတယ်။ “ကျမတို့ရွာမှာလူပေါင်းလေးရာလောက် ဒီအရေပြားရောဂါဖြစ်နေကြတာပါ။စစ်ဘေးရှောင်တွေရော၊ ရွာခံတွေရော အကုန်ဖြစ်နေတာ။အာရက္ခတပ်တော်က ဆေးလာကုပေးပေမယ့် ဆေးကုန်သွားလို့ မရလိုက်တဲ့လူတွေအများကြီးပဲ။ပျောက်သွားပြီးမှ ပြန်ပေါ်လာတဲ့သူတွေလည်း ရှိတယ်။ အရမ်းယားယံပြီး အနာတွေ ဖြစ်လာတာပါ။” လို့ သာစည်တောင့်ကျေးရွာရှိ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။ အဲဒီလို အရေပြားရောဂါဟာဖြစ်ပွားနေကြတာကြောင့် ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေအတွက်က ဆေးဝါးဝယ်ယူဖို့ အခက်အခဲဆုံး ဖြစ်နေကြတယ်လို့ စစ်ဘေးရှောင် တွေကဆိုကြပါတယ်။ ​စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိတဲ့အပြင်လူသားချင်းစာနာမှု အကူအညီတွေလည်းမရရှိတာကြောင့် စားဝတ်နေရေးတင်မက ကျန်းမာရေးမှာပါ အကျပ်ရိုက်နေကြရတယ်လို့ဆိုကြပါတယ်။ ​“ကျမအမျိုးတွေထဲမှာလည်း ဖြစ်နေကြတာ။ စစ်ဘေးရှောင်တွေမှာက အလုပ်လည်းမရှိ၊ဝင်ငွေလည်းမရှိတော့ ဆေးဝယ်ဖို့ တော်တော်ခက်နေကြတယ်။ စားသောက်ဖို့တောင် မနည်းရုန်းကန်နေရတာဆိုတော့လူသားချင်းစာနာမှု အကူအညီတွေ မရရင် ဒီထက်ပိုဆိုးလာမှာပဲ။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ အဲဒါကြောင့် စစ်ရှောင်တွေနဲ့ မြို့ခံတွေမှာ နေ့စဉ် စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေကို အလူးအလဲ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင် တွေနဲ့ ပြည်သူတွေကဆိုကြပါတယ်။  ​အဲဒီရောဂါကူးစက်မှုကို အချိန်မီ မထိန်းချုပ်နိုင်ရင် ဒေသခံတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ကျန်းမာရေးအခြေအနေ စောင့်ကြည့်သူတွေက ဆိုပါတယ်။ ​အဲဒီ အရေပြားရောဂါဟာ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် ပိုမိုပြန့်ပွားနေတာဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရော၊နိုင်ငံတကာအဖွဲ့အစည်းတွေကပါ အမြန်ဆုံးကူညီပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ - [​ဒူးသထူမှာ စစ်ကော်မရှင်တပ်လကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီး](https://burmese.bnanews.net/photo-news/20515/): ​ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးသထူခရိုင်မှ ကျေးရွာတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း၊ နေအိမ်နဲ့ကားတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့  ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီကျိုက်ထိုမြို့နယ် ဖိုးဝါးသိမ်ရွာ စာသင်ကျောင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်ဝင်းကံကျေးရွာကို ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကော်မရှင်တပ်က ၂၀၀ ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နဲ့ စက်သုံးဆီဆိုင်တဆိုင် မီးလောင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပြီး ဖားအံမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်၊ညပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်ကားသုံးစီးနဲ့နေအိမ်တလုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒူးသထူခရိုင်က အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ပြည်သူတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။ - [ဟိန္ဒားရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တပါးဒဏ်ရာရ](https://burmese.bnanews.net/photo-news/20505/): မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ရှိ ဟိန္ဒားကျေးရွာကိုစစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သံဃာတော်တပါးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။  အဲဒီကစယ်ဒိုမြို့နယ်၊ ဟိန္ဒားကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊မနက် ၉ နာရီအချိန်မှာ စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တပါးဒဏ်ရာရသွားခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာဟိန္ဒားကျေးရွာကို ပေါင် ၃၀၀ဗုံးနှစ်လုံးနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှဆက်တိုက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။ - [ICJ ရစ်သမ်နှင့် အက်ကြားအိုဟာမိုနီ - ၄](https://burmese.bnanews.net/articles/20500/): ဂမ်ဘီယာတင်ပြချက်ထဲမှ ULA/AA ပုံရိပ် ARSA အပေါ် ဂမ်ဘီယာမြင်မှု မည်သို့ရှိသည်ကို ဖော်ပြပြီးနောက် ULA/AA အ ပေါ် ဂမ်ဘီယာမြင်မှုမည်သို့ရှိသနည်းဟုမေးစရာရှိလာသည်။  ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလကြားနာပွဲတွင် ဂမ်ဘီယာမှULA/AA အပေါ် မြင်မှုသ ဘောထားတွင် ယခင်ကထက် ပိုမိုမြင်သာသောကောက်ချက်များကို တွေ့လာရသည်။  ၁။”သွေးခွဲခံရမှု၏သားကောင်” လော၊ “စောင့်ရှောက်သူ” လော။ ရိုဟင်ဂျာဂျီနိုဆိုက်အမှုအခင်းတွင် ဂမ်ဘီယာအမြင်မှာ ULA/AAသည်”ဂျီနိုဆို က်အားကျူးလွန်သူ”၊”ရန်သူ”ဟု သတ် မှတ်ထားခြင်း”မရှိပေ”။  သို့သော် ULA/AA သည် မြန်မာစစ်တပ်က ရခိုင်နှင့်ရိုဟင်ဂျာကြားဗျူဟာမြော က်”အမုန်းတရားဖန်တီးမှုစက်ကွင်းအ တွင်း”အသုံးချခံနေရသောအဖွဲ့အစည်းအဖြစ်မြင်ထားသည်။  မြန်မာစစ်တပ်က “ရိုဟင်ဂျာများကို အတင်းအဓမ္မစစ်သားစုဆောင်းပြီး ULA/AA ကို ရင်ဆိုင်ထားလိုက်ကာနိုင်ငံရေးထောင်ချောက်ဆင်ထားခြင်းဖြင့်” ရိုဟင်ဂျာနှင့် ULA/AA ကြားတွင် ပဋိပက္ခ” ပိုမိုပြင်းထန်လာသည်။  ULA/AAက ရိုဟင်ဂျာများအား “ရန်သူ” ဟုမြင်လာအောင်အကွက်ချထားသ ည်။  ထိုအကွက်ထဲတွင် ULA/AA သည်လ ည်း မကျော်လွှားနိုင်ဘဲရှိနေသည်ဟု ဂမ်ဘီယာမြင်သည်။ ၂။”ထိရောက်သောထိန်းချုပ်သူ” (De Facto Authority) ဂမ်ဘီယာမှ AA သည် ရခိုင်နယ်မြေအ များစုကို လက်တွေ့စိုးမိုးထားသည့်အဖွဲ့အစည်းဖြစ်သည်ကို လက်ခံထားသည်။  ထိုသို့လက်ခံထားခြင်းကြောင့် ULA/AA ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ရိုဟင်ဂျာများအပေါ် အကာအကွယ်ပေးရန်၊ စောင့်ရှောက်ရန်တာဝန် (Responsibility to Protect) ရှိသော သူအဖြစ်မြင်လာသည်။ နိုင်ငံတကာဥပဒေအရနယ်မြေစိုးမိုးထားသူသည် မိမိစိုးမိုးရာနယ်မြေထဲတွင် လူနည်းစုများအပေါ် မျိုးတုံးသတ် ဖြတ်မှုဘေးမှ ကာကွယ်ပေးရမည်ဟူ သောအချက်ကို ULA/AAလိုက်နာလာနိုင်ကောင်းလိုက်နာလာနိုင်မည်ကို ဂမ်ဘီယာမျှော်လင့်ချက်ထားလိုပုံရသည်။ ၃။ မျက်စိအောက်တွင်ထားခြင်း။ ဂမ်ဘီယာမှ ဘူးသီးတောင်၊မောင်တော တိုက်ပွဲများအတွင်း ရိုဟင်ဂျာများအား ထိခိုက်နစ်နာစေသော ULA/AAလုပ်ရပ်အချို့အပေါ် စိုးရိမ်မှုရှိကြောင်းလည်း ICJ တရားခွင်မှတဆင့် သတင်းစကားပါးလိုပုံရသည်။  ဂမ်ဘီယာအနေဖြင့် ULA/AA အပေါ် မျှော်လင့်ချက်ထားသလို လက်ရှိအနေ အထားတွင်”စောင့်ကြည့်စစ်ဆေးရမည့် အဖွဲ့အဖြစ်”လည်း သဘောထားပုံရသည်။  ULA/AA အား မျိုးတုံးသတ်ဖြတ်မှုမြောက်သောလုပ်ရပ်များကို မကျူးလွန်မိရန် သတိပေးလိုသော သဘောထားမျိုးဂမ်ဘီယာတွင်ရှိပုံရသည်။  ULA/AA ကြောင့် ရိုဟင်ဂျာများ ဆိုးဝါးစွာထိခိုက်နစ်နာရသည့် ဖြစ်ရပ်များပေါ်ပေါက်လာပါက ထိုအချက်အလက်များကို တရားရုံးမှာသက်သေအဖြစ်တင်ပြသွားမည်ဆိုသောသဘောထားရှိပုံရသည်။  သို့ဖြစ်၍ ULA/AA အပေါ် မျှော်လင့်ချက်ထားသည်။  ပြီးလျှင် မိမိတို့မှ ULA/AA အား အမြဲတန်းအသေးစိတ်စောင့်ကြည့်နေ ကြော င်းကိုအချက်ပြလိုပုံရသည်။ “မြန်မာစစ်တပ်က ရိုဟင်ဂျာလက်နက် ကိုင်များ၊ရိုဟင်ဂျာစစ်မှုထမ်းများ စသည့်ဗျူဟာများဖြင့် မည်သို့ပင်ရန်တိုက်သည်ဖြစ်စေ၊အသုံးချသည်ဖြစ်စေ၊ ထိုအချက်များကို အကြောင်းပြ၍ ULA/AA အနေဖြင့် ရိုဟင်ဂျာအရပ်သားများကို သတ်ဖြတ်သော” စစ်တပ်မဟာဗျူ ဟာ၏အသုံးချခံကိရိယာ”အဖြစ် ဂမ်ဘီယာက လက်ခံမည်မဟုတ်ပေ။  ထိုအချက်နှင့်ပတ်သက်၍ဂမ်ဘီယာမှတင်သွင်းသောသက်သေမှာ ၂၀၂၄ ခုနှစ်အတွင်း ဘူးသီးတောင်၊မောင်တော ဖြစ်စဉ်များ ဖြစ်သည်။  ထိုဖြစ်စဉ်များကို ကြည့်ပါက… မြန်မာစစ်တပ်သည် ရိုဟင်ဂျာများကို စစ်မှုထမ်းအဖြစ်အသုံးချလာသည်။လ က်နက်တပ်ဆင်ပေးလာသည်။၂၀၂၄ ခုနှစ်၊မေလအလယ်ပိုင်းတွင် ဘူးသီးတောင်မြို့အား သိမ်းပိုက်ရန် AA တိုက်ခိုက်သည်နှင့် မြို့ပေါ်ရှိ နေအိမ်တွေ မီး ရှို့ခံရမှုများ၊အရပ်သားသေဆုံးမှုများ ရှိလာခဲ့သည်။  မီးရှို့မှုတွင် ပထမအစပိုင်း၌ မြန်မာစစ် တပ်မှရိုဟင်ဂျာများကို (ရိုဟင်ဂျာမူဆ လင်မဟုတ်သူများ၏ အိမ်များအား) မီးရှို့ရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။  AA ထိုးစစ်ပြင်းထန်လာပြီး ဘူးသီးတောင်မြို့အား ဝင်စီးလာနိုင်၍ မြန်မာစစ်တပ်နောက်ဆုတ်ရသည်နှင့်ရိုဟင်ဂျာနေအိမ်များမီးရှို့ခံလာရတော့သည်။  ထိုသို့စပ်ကူးမတ်ကူးတိုက်ပွဲ အဆုံးအ ဖြတ်ကာလတွင် တန်ပြန်မီးရှို့မှုများ၊ရိုဟင်ဂျာအရပ်သားများ သေဆုံးမှုများနှင့်ပတ်သက်၍နိုင်ငံတကာလူ့အခွင့်အ ရေးအဖွဲ့များ၊ရိုဟင်ဂျာတက်ကြွလှုပ် ရှားသူများက AA မှ ရိုဟင်ဂျာများကိုလက်စားချေ ပစ်မှတ်ထားတိုက်ခိုက် သည်ဟု စွပ်စွဲချက်များရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၅ ရက်နေ့ဝန်း ကျင်တွင် မောင်တောမြို့မှဘေးလွှတ်ရာထွက်ပြေးရန် ကြိုးစားနေသော ရိုဟင်ဂျာထောင်ပေါင်းများစွာကို ဒရုန်းများဖြင့် နတ်မြစ်ကမ်းနား တိုက်ခိုက်မှုက အကြီးမားဆုံးအငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့သည်။    ထိုတိုက်ခိုက်မှုတွင်လူပေါင်းရာချီသေ ဆုံးခဲ့ကြောင်းသတင်းတွေ ထွက်ပေါ်ခဲ့သည်။ ထိုကိစ္စများနှင့်ပတ်သက်၍နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (H RW)နှင့်ကုလသမဂ္ဂတာဝန်ရှိသူတချို့က AA၏လုပ်ရပ်များသည် လူမျိုးစုလိုက်သုတ်သင်မှု(Ethnic Cleansing) နီးပါးဖြစ်နေသည်ဟု သတိပေးမှတ်ချ က်ပြုခဲ့ကြသည်။ AAမှထိုစွပ်စွဲချက်များကို ငြင်းဆန်ခဲ့သ ည်။AAက ၎င်းတို့အနေဖြင့် အရပ်သားများကို ပစ်မှတ်မထားကြောင်း၊သေ ဆုံးမှုများမှာ စစ်ကောင်စီ၏လက်နက် ကြီးပစ်ခတ်မှုတွေကြောင့်သာဖြစ် ကြောင်း၊ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့  (ARSA, RSO)က စစ်ကောင်စီနှင့်ပူးပေါ င်းပြီးတိုက်ပွဲဝင်နေတာကြောင့် အရပ် သားများမှာ ကြားညှပ်ရကြောင်းဆိုသ ည်။  စစ်ကောင်စီက ရိုဟင်ဂျာများအား အ တင်းအဓမ္မစစ်မှုထမ်းခိုင်းပြီး AA ကို ပြန်တိုက်ခိုက်ခိုင်းမှုက လူမျိုးစုနှစ်စုကြားတင်းမာမှုပိုမိုမြင့်တက်စေခဲ့သည်ဟုလေ့လာစောင့်ကြည့်သူများက သုံး သပ်ကြသည်။ ဂမ်ဘီယာမှသက်သေအဖြစ်တင်သွင်းသောအချက်များမှာ ၂၀၂၄ ခုနှစ်၊မေ လမှဩဂုတ်လအတွင်း ဘူးသီးတောင်၊ မောင်တောဒေသကို AA ထိုးစစ်ဆင်သိ မ်းပိုက်ချိန်၌ဖြစ်ပေါ်ခဲ့သောအရပ်သား သေဆုံးမှုအပေါ် အခြေခံထားခြင်းဖြစ် သည်။  ထိုဖြစ်ရပ်များနှင့်ပတ်သက်၍နိုင်ငံတ ကာလူ့အခွင့်အရေးအဖွဲ့အစည်းများမှ အစီရင်ခံစာများထုတ်ပြန်ခဲ့သည်။  ထိုအစီရင်ခံစာများတွင်ပါရှိသောယေ ဘူယျအချက်များမှာ… ရိုဟင်ဂျာများကို မြန်မာစစ်တပ်သည် AA အားတိုက်ခိုက်ရန်နှင့်လူမျိုးရေးပဋိ ပက္ခများဖြစ်လာရန် အသုံးချခဲ့သည်။ AA၏တိုက်ခိုက်စစ်ဆင်ရေးတွင် ARS Aနှင့်မြန်မာစစ်တပ်ကို ဦးတည်သော်လ ည်း အရပ်သားရိုဟင်ဂျာများအပေါ်ထိ ခိုက်မှုပမာဏတစုံတရာရှိခဲ့သည်။ AAမှတာဝန်ခံမှုနှင့်နိုင်ငံတကာစံနှုန်းများကို လိုက်နာရန်လိုအပ်သည်စသော အချက်များက ယေဘူယျအားဖြင့် တူညီကြသည်။ နတ်မြစ်ကမ်းဘေးကိစ္စနှင့် ULA/AA ရင်ဆိုင်ရမည့် “Constant Care” (အမြဲမပြတ်ဂရုစိုက်မှု)စံနှုန်း ၂၀၂၄ ခုနှစ်၊ဩဂုတ်လ ၅ ရက်နေ့ နတ်မြစ်ကမ်းဘေးတွင် ဖြစ်ပွားခဲ့သောအ ခြေအနေများနှင့်ပတ်သက်၍ Fortify Rights၏ International Criminal Court: Investigate Arakan Army Massacre of Rohingya Civilians, Hold Perpetrators Accountable အစီရင်ခံစာတွင် စာပိုဒ်ငယ်တခုပါရှိသည်။  ထိုစာပိုဒ်၏ အဓိပ္ပါယ်မှာ… ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ နတ်မြစ်ကမ်းဘေးဖြစ်စဉ်တွင်… “အချို့သော မျက်မြင်သက်သေရိုဟင်ဂျာများအဆိုအရ RSO အဖွဲ့ဝင်များသည်ရိုဟင်ဂျာအရပ်သားများထဲတွင် ရောနှောကာ နတ်မြစ်ဘေးကို ထွက်ပြေးလာခဲ့သည်။ Fortify Roghts ၏ လူသားချင်းစာနာမှုဆိုင်ရာအကြီးတန်းအရာရှိ၏အင်တာ ဗျူးများအရ”RSO တာဝန်ရှိသူများသ ည် ဩဂုတ်လ ၅ ရက်နေ့ညနေခင်းတွင် နတ်မြစ်အား လှေဖြင့် ဖြတ်ကျော်ပြေးကာ ဘင်္ဂလားဒေ့ရှ်ထဲဝင်ရောက်သွားကြ”သည်ကို သိရှိရသည်။ “မည်သို့ပင်ဖြစ်နေစေကာမူ” နတ်မြစ် ကမ်းဘေးရှိ ထိုအခြေအနေ၊ထိုအနေ အထားမျိုးတွင် “ရှိနေကြသူအများစုမှာ – အကြမ်းဖက်မှုများကို ကြောက်လန့်စွာ ရင်ဆိုင်ခဲ့ရသောဘေးလွတ်ရာကိုထွက် ပြေးရန်ကြိုးစားနေသောအရပ်သားရိုဟင်ဂျာများသာအများစုဖြစ်နေသည်။” သိသာထင်ရှားသောအထောက်အထားတခုမှာ AA သည် နတ်မြစ်ကမ်းဘေးသို့ ပထမအကြိမ်ကင်းထောက်ဒရုန်းကို လွှတ်ခဲ့သည်။ ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုများပါဝင်နေသောအရပ်သားလူအုပ် (Civillian Crowd)ဖြစ်မှန်းသိရှိခဲ့သော်လည်း တိုက်ခိုက်မှုကိုရည်ရွယ်ချက်ရှိစွာပြုလုပ်ခဲ့သည်ဟုဖော်ပြထားသည်။ နိုင်ငံတကာစံနှုန်းအရ “မည်သို့ပင်အခြေအနေအချိန်အခါမျိုးပင်ဖြစ်စေ စစ်ဆင်ရေး၊ တိုက်ခိုက်ရေးတရပ်ဖော်ဆောင်မည်ဆိုပါက အရပ်သားများမထိခိုက်စေရန် အစီအမံများပါကိုပါရှိရမည်ဖြစ်သည်”။  ၁၉၄၉ခုနှစ်၊ဂျနီဗာကွန်ဗင်းရှင်းနောက် ဆက်တွဲအခြေပြစာချုပ်နံပါတ် ၁ (Additional Protocol- 1)၏ အပိုဒ် ၅၇ (Article 57 of Protocol I)တွင် ပါရှိသည့်မှာ… ၁။ Article 57(2)(a)(i) – ( ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာအခြေခံမူ (Principle of Distinction)) ဤအပိုဒ်အရ “တိုက်ခိုက်မည့်သူသည် မိမိတိုက်ခိုက်မည့်ပစ်မှတ်သည်အရပ် သားမဟုတ်ကြောင်း၊ အရပ်သားပိုင်ပစ္စ ည်းမဟုတ်ကြောင်းနှင့်စစ်ဘက်ဆိုင်ရာ ပစ်မှတ်အစစ်အမှန်ဖြစ်ကြောင်းသေ ချာရန်အစွမ်းကုန်(Do everything feasible)စစ်ဆေးရမည်”ဟု ဖော်ပြထားသည်။  မစစ်ဆေးပါက ပြစ်မှုမြောက်သည်။တိုက်ခိုက်သူများအနေဖြင့် “တိုက်ခိုက်ရေးသမား” နှင့် “အရပ်သား” ကို ပြတ်ပြတ်သားသားခွဲခြားရမည်ဖြစ်ပြီး တိုက်ခိုက်မှုများကိုစစ်ဘက်ဆိုင်ရာပစ်မှတ်များကိုသာ ဦးတည်ရမည်ဖြစ်သည်။အရပ် သားများ သို့မဟုတ် အရပ်သားပိုင် ပစ္စည်းများကို တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုဖြစ်သည်။ ၂။ Article 57(2)(a)(iii)- ( အချိုးအစား ညီညွတ်ခြင်းဆိုင်ရာအခြေခံမူ (Principle of Proportionality)) ဤအပိုဒ်၏အဓိပ္ပါယ်မှာ”ရန်သူတယော က်ကို သတ်ရန်အတွက် အရပ်သားရာချီရှိနေသောနေရာအပေါ် ဗုံးကြဲခြင်းမျိုးကို တားမြစ်ထားခြင်း”ဖြစ်သည်။ “တိုက်ခိုက်မှုကြောင့် ဖြစ်လာသောအရ ပ်သားထိခိုက်မှုမှာတိုက်ရိုက်စစ်ရေးအ မြတ်ထက်များနေပါက တိုက်ခိုက်မှုကို မလုပ်ဘဲရှောင်ကြဉ်ရမည်။”ဟု အဆိုပါ အပိုဒ်တွင် အတိအလင်းပါရှိသည်။ ၃။ Article 57 တခုလုံး- (ကြိုတင်ကာကွယ်မှုဆိုင်ရာအခြေခံမူ (Principle of Precaution)) ဂျီနီဗာကွန်ဗင့်ရှင်း နောက်ဆက်တွဲပရိုတိုကော် နံပါတ် ၁ ၏ အပိုဒ် ၅၇ တခုလုံးသည် မဖြစ်မနေလိုက်နာရမည့်လုံးဝချိုးဖောက်ခွင့်မရှိသော”Constant Care” ဖြစ်သည်။  ထို”Constant Care”မူတွင်… တိုက်ခိုက်ရေးနည်းလမ်းဗျူဟာရွေး ချယ်မှု:အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်မည့်လက်နက်၊ နည်းဗျူဟာကို ရွေး ချယ်ရမည်ဖြစ်သည်။ သတိပေးချက်:အရပ်သားများ ထိခိုက်နိုင်ချေရှိနေပါက(ဖြစ်နိုင်လျှင်)ကြို တင်ထိရောက်သောသတိပေးချက် (Effective Advance Warning) ပေးရမည်ဖြစ်သည်။ ရပ်ဆိုင်းခြင်း:တိုက်ခိုက်နေတုန်းတွင် ပစ်မှတ်သည် အရပ်သားဖြစ်နေကြော င်းသိလိုက်ရလျှင်၊ထိခိုက်မှုအချိုးအ စားမမျှတဟု မြင်လျှင် တိုက်ခိုက္မှုအား ချက်ချင်း ရပ်ရမည် သို့မဟုတ် ဆိုင်းငံ့ရမည် ဖြစ်သည်။ ဂျီနီဗာကွန်ဗင့်ရှင်း နောက်ဆက်တွဲ ပရိုတိုကော် နံပါတ် ၁၏ အပိုဒ် ၅၇ (Article 57 of Protocol -1)သည် IHL  စာအုပ်ထဲက စာသားအဖြစ် မဟုတ်ပေ။  “စစ်မြေပြင်တွင်တပ်မှူးများအမှန်တကယ်လုပ်ဆောင်ရမည့် “Checklist” ဖြစ်သည်။  သို့ဖြစ်၍ “Constant Care” စံနှုန်းဖြစ်ပြီး “လိုက်နာရန် ကြိုးပမ်းအားထုတ်မှု (Due Diligence)ရှိရမည်”ဆိုသောအဓိပ္ပာယ်ပြဋ္ဌာန်းချက်ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့ နတ်မြစ်ကမ်းဖြစ်စဉ်ကို အဆိုပါ (Article 57 of Protocol – 1)ဖြင့် တိုင်းတာမည်ဖြစ် သည်။ (AA သို့မဟုတ် စစ်ကောင်စီ သို့မဟုတ် ရိုဟင်ဂျာလက်နက်ကိုင်)သည်အရပ်သားများကို မထိခိုက်ရန်ဖြစ်နိုင်သမျှနည်းလမ်းအားလုံး(Everything Feasible)သုံးပြီး ကာကွယ်ခဲ့သလား” ဆိုသောအချက်ဖြင့်တိုင်းတာလာမည် ဖြစ်သည်။  ဤသို့ဆိုလျှင် ရိုဟင်ဂျာလက်နက်ကိုင်များလည်းအပြစ်မဲ့ရိုဟင်ဂျာအရပ် သားလူအုပ်ကို အကာအကွယ်ယူ၍ နေ သည်မှာကော အပစ်မဟုတ်လား။  အဘယ်ကြောင့် နတ်မြစ်ကမ်းဖြစ်စဉ်တွင် AA ကိုသာ ပို၍ ဦးတည်နေရသနည်းဟု မေးစရာရှိလာသည်။  အဖြေမှာ ရိုဟင်ဂျာလက်နက်ကိုင်များ အရပ်သားများကို အကာအကွယ်ယူထွက်ပြေးခြင်းသည်လည်း ဤပြဋ္ဌာန်းချက်ကို ချိုးဖောက်ရာ ရောက်သည်။  AA ကို ဦးတည်သလို ဖြစ်နေခြင်းမှာ လောလောဆယ်နယ်မြေကိုထိန်းချုပ်ထားနိုင်သူမှာ AA ဖြစ်နေသောကြောင့် ဖြစ်သည်။ ဥပဒေကြောင်းအရ “ဖြစ်နိုင်သမျှ နည်းလမ်း” (Feasible Precautions) ဆိုသော စကားရပ်၏ အဓိပ္ပာယ်… “ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး ”  (Feasible Precautions)  စကားရပ်သည် နိုင်ငံတကာဥပဒေတွင် အလွန်အရေးကြီးသလောက် အငြင်းပွားစရာလည်းဖြစ်သည်။”Feasible” (ဖြစ်နိုင် ခြေရှိမှု)ဆိုခြင်းမှာ စစ်မြေပြင်၏လက် တွေ့ကျသောအခြေအနေများကို ထည့် သွင်းစဉ်းစားခိုင်းမှုလည်းဖြစ်သည်။ “Feasible Precautions” တွင် အောက်ပါ အချက်များပါဝင်ပါသည်။ ၁။ ရရှိနိုင်သောသတင်းအချက်အလက် (Information available) တိုက်ခိုက်မှုမပြုမီ ပစ်မှတ်နှင့်ပတ်သ က်၍ မိမိရရှိသောသတင်းအချက်အ လက်မှာ မည်မျှထိတိကျသနည်းဆိုသည့်ဆန်းစစ်မှုဖြစ်သည်။  ဥပမာ: ဘူးသီးတောင်ရှိအဆောက်အ ဦးတခုအား တိုက်ခိုက်မည်ဆိုပါကရိုဟ င်ဂျာအရပ်သားများ ခိုလှုံနေသလား၊ စစ်ကောင်စီတပ်သားများသာရှိနေသ လားဆိုသည်ကို ဒရုန်းဖြင့်ဖြစ်စေ၊မြေ ပြင်သတင်းပေးအရဖြစ်စေ၊အခြားန ည်းလမ်း​တခုခုအရဖြစ်စေ သေချာရန် အစွမ်းကုန် စုံစမ်းရမည်ဖြစ်သည်။   “ငါတို့လည်း သေချာမသိဘူး။ ရမ်းပစ်လိုက်တာ” ဆိုသည်မျိုးက Feasible Precaution စံကို ချိုးဖောက်ခြင်းဖြစ်သည်။  ၂။ လက်နက်နှင့်နည်းပညာရွေးချယ်မှု (Choice of Weapons) မိမိတွင်ရှိသော လက်နက်များထဲမှ အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် လက်နက်ကို ရွေးချယ်သုံးစွဲရမည်ဖြစ် သည်။  ဥပမာ:လူနေထူထပ်သောရပ်ကွက်တွင်ရန်သူအနည်းငယ်ကို ရှင်းလင်းရန်အတွ က်တိကျမှုမရှိဘဲလက်နက်ကြီး (Artillery)ဖြင့် ပစ်မည့်အစားတိကျ သော လက်နက်ငယ်များကိုသာ သုံးရမည်ဖြစ်သည်။  […] - [​မောင်တောမှာ နီပါးဗိုင်းရပ်စ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်တွေဖြန့်ဝေ](https://burmese.bnanews.net/photo-news/20492/): ​မောင်တောခရိုင်အတွင်းမှာ သေဆုံးနိုင်ခြေ မြင့်မားတဲ့ နီပါးဗိုင်းရပ်စ် (Nipah Virus) အန္တရာယ်ကိုပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့သက်ဆိုင်ရာဌာနတွေက အသိပညာပေးလက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေပေးနေပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ DLEPS တပ်ဖွဲ့ဝင်တွေ၊ HDCO ဝန်ထမ်းတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) တာဝန်ရှိသူတွေ ပူးပေါင်းပြီး နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ဆောင်ရန်၊ ရှောင်ရန်တွေကို အသိပေးတိုက်တွန်း ဖြန့်ဝေပေးနေတာပါ။ အဲဒီရောဂါဟာ ကူးစက်ပြန့်ပွားလာရင် အသက်အန္တရာယ် ရှိနိုင်တဲ့အတွက် အထူးသတိပြုကြဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေက တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ​အဲဒီနီပါးဗိုင်းရပ်စ်ရောဂါကို ကုသဆေး မရှိသေးတဲ့အတွက် သေဆုံးနိုင်ခြေ မြင့်မားလို့ ကြိုတင်ကာကွယ်ခြင်းဟာအကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။ အဲ​ဒါကြောင့် ပြည်သူတွေအနေနဲ့ နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် လက္ခဏာတွေ ခံစားရပါက အနီးဆုံးကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့နဲ့ ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ - [​ဒူးပလာယာမှာအမျိုးသမီးကဏ္ဍမြှင့်တင်ဖို့ အချက်ခုနှစ်ချက် တောင်းဆို](https://burmese.bnanews.net/photo-news/20462/): ​Border News Agency ဒူးပလာယာခရိုင်၊ ဖေဖော်ဝါရီ ၇။ ​ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကပြုလုပ်ခဲ့တဲ့ ကော်သူးလေအမျိုးသမီးတွေ တွေ့ဆုံဆွေးနွေးပွဲကနေ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ လုံခြုံရေးအတွက် အဓိကကျတဲ့တောင်းဆိုချက်ခုနှစ်ချက်ကို တောင်းဆိုလိုက်ပါတယ်။  အဲ​ဒီတောင်းဆိုချက်တွေထဲမှာ အမျိုးသမီးတွေအတွက်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအစီအမံတွေကို ကော်သူးလေနယ်မြေအတွင်း အကောင်အထည်ဖော်ပေးဖို့၊ KNU ရဲ့ ကျား / မ ရေးရာမူဝါဒကို အမြန်ဆုံးပြဌာန်းပေးဖို့နဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ပိုမိုဦးဆောင်ခွင့်ရဖို့ အလေးထားတောင်းဆိုထားပါတယ်။ အဲဒီအပြင် ဒေသတွင်းသယံဇာတစီမံခန့်ခွဲမှုတွေမှာလည်း အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုထည့်သွင်းပေးဖို့ ပါဝင်ပါတယ်။ ​နောက်ပြီးဒေသတွင်း အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိနေတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဒုစရိုက်လုပ်ငန်းတွေပပျောက်ရေး ဆောင်ရွက်ပေးဖို့နဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဖို့ကိုလည်း တောင်းဆိုထားတာပါ။ အဲဒီဆွေးနွေးပွဲကို ကော်သူးလေအမျိုးသမီးကွန်ရက် (KWN) နဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) တို့က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်ပေါင်းတရာကျော် တက်ရောက်ခဲ့ကြပါတယ်။ - [​ဘန်ကောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ကရိန်းပြိုကျလို့မြန်မာလုပ်သားနှစ်ဦးဒဏ်ရာရ](https://burmese.bnanews.net/photo-news/20451/): ​Border News Agency ဘန်ကောက်၊ ဖေဖော်ဝါရီ ၇။ ​ဘန်ကောက်မြို့၊ အာဆို့ (Asoke) ဧရိယာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့မနက်ပိုင်းက မျှော်စင်ကရိန်း (Tower Crane) လက်တံပြိုကျခဲ့တာကြောင့် မြန်မာအလုပ်သမားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ သိရပါတယ်။ ​အဲဒါဟာ Terminal 21 ဈေးဝယ်စင်တာအနီးမှာရှိတဲ့ လုပ်ငန်းခွင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကရိန်းလက်တံပြုတ်ကျလာတဲ့အချိန် အောက်မှာရှိနေတဲ့မြန်မာအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ အပေါ်ကိုပိမိခဲ့တာပါ။ အဲဒီဒဏ်ရာရရှိခဲ့တဲ့အမျိုးသားဟာ မေ့မြောသွားတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် CPR လုပ်ပေးခဲ့ရသလို အမျိုးသမီးကတော့ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။  အဲဒါကြောင့် သူတို့နှစ်ဦးစလုံးကို အနီးနားကဆေးရုံတွေကို အမြန်ဆုံးပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။ အဲဲဒီကရိန်းပြုတ်ကျတာနဲ့ပက်သက်လို့ သက်ဆိုင်ရာရဲစခန်းနဲ့ တာဝန်ရှိသူတွေက ကရိန်းဘာကြောင့် ပြိုကျရသလဲဆိုတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အဲဒီအပြင် လုပ်ငန်းခွင်ရဲ့ဘေးကင်းလုံခြုံမှု အခြေအနေတွေကိုလည်း လိုက်လံစစ်ဆေးနေတယ်လို့ သိရပါတယ်။ - [ကန်ချနဘူရီမှာ မြန်မာလုပ်သားဆယ့်သုံးဦး ဖမ်းဆီးခံရ](https://burmese.bnanews.net/photo-news/20442/): Border News Agency  မဲဆောက်၊ ဖေဖော်ဝါရီ ၇။ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်မှာ အထောက်ထားမဲ့ မြန်မာလုပ်သားဆယ့်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB ) က ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ (Highway Police) က ကင်းလှည့်စစ်ဆေး‌နေချိန်မှာ မသင်္ကာဖွယ်ပစ်ကပ်ထရပ်ကားတစီးကို စစ်ဆေးဖို့အချက်ပြတားဆီးခဲ့ပေမယ့် ယာဉ်မောင်းမှာရပ်တန့်ခြင်းမရှိပဲ  မောင်းပြေးခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာအာဏာပိုင်းတွေကလိုက်လံခဲ့ချိန် လမ်းဘေးသစ်တောအနီးမှာကားကိုစွန့်ပစ်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ  တောထဲသို့ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကားမှာလိုက်ပါလာတဲ့ခရီးသည်တွေဟာ အထောက်အထားမဲ့မြန်မာလုပ်သား အမျိုးသားခုနှစ်ဦးနဲ့ အမျိုးသမီး ခြောက်ဦး၊ စုစုပေါင်းဆယ့်သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်လာဖို့အတွက် ပွဲစားခနဲ့ခရီးစရိတ် တဦးလျှင်ဘတ်လေးသောင်းစီပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲက တချို့မှာ စမတ်စခွန် (Samut Sakhon) ရှိ ပုစွန်မွေးမြူရေးခြံတွေမှာ အလုပ်လုပ်မှာဖြစ်ပြီး တချို့မှာမလေးရှားနိုင်ငံသို့ သွားမယ့်ရည်ရွယ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဖမ်းဆီးရမိသူ ဆယ့်သုံးဦးကို “တရားမဝင်ဝင်ရောက်နေထိုင်မှု” နဲ့ ကန်ချနဘူရီမြို့မရဲစခန်းမှာအမှုဖွင့်ထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အတူ နေရပ်သို့ပြန်လည်ပို့ဆောင်ရန် စီစဉ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ထွက်ပြေးသွားတဲ့ ထိုင်းယာဉ်မောင်းဖြစ်သူကိုဖမ်းဆီးဖို့ ကားလိုင်စင်မှတဆင့် ဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။ - [​ကလေးခရိုင် PDF တပ်ရင်း ၃ တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနား](https://burmese.bnanews.net/photo-news/20434/): ​Border News Agency ကလေး၊ ဖေဖော်ဝါရီ ၇။ ​စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အမှတ် ၃ တပ်ရင်းပူးပေါင်းတည်ထောင်ခြင်း ၃ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို  ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီ​တပ်ရင်းရဲ့ နှစ်ပတ်လည်နေ့ကတော့ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အခုလိုရက်စောပြီး ကျင်းပခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ သုံးနှစ်တာကာလပတ်လုံး အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြတဲ့ ရဲဘော်တွေ၊ လိုအပ်တာတွေပံ့ပိုးပေးတဲ့ အထက်လူကြီးတွေနဲ့ ပြည်သူလူထုကို အထူးကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် တော်လှန်ရေးကာလအတွင်း အသက်ပေးသွားခဲ့ကြတဲ့ရဲဘော်တွေကို အစဉ်အောက်မေ့သတိရနေမှာဖြစ်ပြီး  သူတို့ရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ကတိသစ္စာပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။ - [စစ်ကော်မရှင်တပ်ဖွဲ့တဦး KNLA တပ်မဟာ ၄ ဆီအလင်းဝင်](https://burmese.bnanews.net/news/20429/): ​Border News Agency ကစယ်ဒို၊ ဖေဖော်ဝါရီ ၇။ စစ်ကော်မရှင်တပ်ဖွဲ့တဦး ကေအဲန်ယူ တပ်မဟာ ၄၊ တပ်ရင်း ၁၂ ဆီသို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့ထုတ်လိုက်ပါတယ်။ အဲဒီ စစ်ကော်မရှင်တပ်ရဲ့ခလရ ၄၀၄ က တပ်သားတဦးဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့က MA – 1 သေနတ်တလက်၊ ကျည်ဘောက်သုံးခုနဲ့ ကျည်ဆံနှစ်ရာ့တဆယ်တောင့်နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။ အဲဒီအလင်းဝင်လာသူကို KNLA ဘက်က ကောင်းမွန်စွာလက်ခံစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ ​KNU အနေနဲ့ စစ်တပ်ထဲမှာမိမိဆန္ဒမပါဘဲ အတင်းအဓမ္မခိုင်းစေခံနေရသူတွေကို အာဏာရှင်ရဲ့အသုံးချခံအဖြစ်မခံဘဲ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ - [​ချင်းမိုင်မှာ WY စိတ်ကြွဆေးပြားသုံးသန်း ဖမ်းဆီးရမိ (ဓာတ်ပုံသတင်း)](https://burmese.bnanews.net/photo-news/20421/): ​Border News Agency ချင်းမိုင်၊ ဖေဖော်ဝါရီ ၇။ ​ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် မယ်တဲင်မြို့နယ်ထဲမှာ ကာလတန်ဖိုးအများအပြားရှိတဲ့ WY တံဆိပ်ပါစိတ်ကြွဆေးပြားသုံးသန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အဲ​ဒီဆေးပြားတွေကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက ဝိန်းဟဲ (Wiang Haeng) နယ်စပ်ဘက်ကနေ Toyota Revo ကားနဲ့ သယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ အာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာပါ။ အဲဒီမူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ကားဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနက်အစောပိုင်းမှာ စစ်ဆေးရေးဂိတ်မှာရပ်မပေးဘဲ အရှိန်ပြင်းပြင်းနဲ့မောင်းပြေးခဲ့လို့ အာဏာပိုင်တွေက အပြင်းအထန်လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။ ​အဲဒီမှောင်ခိုသမားတွေဟာ ကွတ်ချမ်းကျေးရွာအမှိုက်ပုံနားမှာ ကားကိုစွန့်ပစ်ပြီး တောထဲကိုထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကားပေါ်မှာတော့ ကောက်ရိုးအိတ်ဆယ့်ငါးအိတ်နဲ့ထည့်ထားတဲ့ စိတ်ကြွဆေးပြားသုံးသန်းကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီ ကားပိုင်ရှင်ကိုစုံစမ်းနေပြီး ထွက်ပြေးသွားတဲ့တရားခံတွေကို မိမိရရဖမ်းနိုင်ဖို့အတွက် ကွင်းဆက်တွေကိုဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။  - [ဝမ်ဟိုင်းရှိ ၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့မြင်ကွင်း](https://burmese.bnanews.net/photo-news/20409/): Border News Agency သျှမ်း၊ ဖေဖော်ဝါရီ ၇။ ​၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်၊ ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဌာနချုပ်ဝမ်ဟိုင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ - [​မလေးရှားမှာ အော်ပရာစီဝင်ဖမ်းလို့မြန်မာနိုင်ငံသားတွေအပါအဝင် နှစ်ဆယ်ဦးဖမ်းဆီးခံရ](https://burmese.bnanews.net/photo-news/20401/): Border News Agency  မလေးရှား၊ ဖေဖော်ဝါရီ ၇ ။ ​မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် (Johor)၊ Mount Austin ဧရိယာအတွင်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က အာဏာပိုင်တွေရဲ့အော်ပရာစီ (Operasi) အထူးစီမံချက်နဲ့ ဝင်ရောက်စစ်ဆေးဖမ်းဆီးရာမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားနှစ်ဆယ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ​အဲဒီဖမ်းဆီးခံရသူနှစ်ဆယ်ဦးထဲမှာ မြန်မာအမျိုးသား​လေးဦးပါဝင်နေပြီး ကျန်ရှိသူတွေကတော့ တရုတ်အမျိုးသားဆယ့်လေးဦးနဲ့ တရုတ်အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြပါတယ်။ သူတို့အားလုံးဟာ မလေးရှားနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတစုံတရာ ပြသနိုင်တာမရှိတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။ ​အဲဒီဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာန (Immigration) က ဆက်လက်ထိန်းသိမ်းထားပြီး ဥပဒေအရအရေးယူနိုင်ဖို့အတွက် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။ ​မလေးရှားအစိုးရအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်းမှာ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို နေရာအနှံ့ ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးနေတာကြောင့် ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ သွားလာနေထိုင်ရာမှာ အထူးသတိပြုကြဖို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။ - [ICJရစ်သမ်နှင့် အက်ကြားအိုဟာမိုနီများ - ၃](https://burmese.bnanews.net/articles/20397/): Border News Agencyမောင်တော၊ ဖေဖော်ဝါရီ ၇။ ARSAနှင့်ပတ်သက်၍ ဂမ်ဘီယာမြင်မှုက ရှင်းလင်းပြတ်သားသည်။ မြန်မာစစ်တပ်မှ ရိုဟင်ဂျာဆိုသူများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကိစ္စတွင် ARSA နှင့်AA ကို အသုံးချခဲ့သည်ဟု ဂမ်ဘီယာရှေ့နေဖီလစ်ပီဆန်(ဒ်)(စ်) ( Philippe Sands) တင်ပြခဲ့သည်။ ရှေ့နေဖီလစ်ပီဆန်(ဒ်)(စ်)၏တင်ပြချက်ကို ကြည့်လျှင်… “၁။ ARSAအပေါ် အသုံးချမှု (၂၀၁၇ အခြေအနေ) ၂၀၁၇ ခုနှစ်အတွင်း ရခိုင်မှာနယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့စဉ် မြန်မာစစ်တပ်သည် ARSA၏တိုက်ခိုက်မှုများကို အကြောင်းပြချက် (Pretext) အဖြစ်အသုံးချကာ ရိုဟင်ဂျာဆိုသူများအပေါ် မျိုးတုံးသတ်ဖြတ်မှုမြောက်သော လုပ်ရပ်များ ကျူးလွန်ခဲ့သည်။ ၂။ AA အပေါ်အသုံးချမှု (လက်ရှိအခြေအနေ) ၂၀၂၁ခုနှစ်၊ အာဏာသိမ်းပြီးနောက် တိုက်ပွဲများတွင် မြန်မာစစ်တပ်သည် ၎င်းတို့အကျိုးစီးပွားအတွက် AA အားတိုက်ခိုက်ရန် ရိုဟင်ဂျာများအား အတင်းအဓမ္မစစ်သားစုဆောင်းခြင်း၊ လက်နက်ကိုင်အဖွဲ့အချို့ကိုအသုံးချကာ ရခိုင်နှင့် ရိုဟင်ဂျာကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးခဲ့သည်။”စသည့်အချက်နှစ်ချက်ကို အနှစ်ချုပ်တွေ့ရမည်ဖြစ်သည်။ ဤအချက်နှစ်ချက်ကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖော်နိုင်သည်။ “မြန်မာစစ်တပ်မှ ကိုယ်တိုင်သတ်ဖြတ်မှုကို ကျူးလွန်ခြင်း” -မြန်မာစစ်တပ်သည် ARSA၏တိုက်ခိုက်မှုများအား အကြောင်းပြချက် (Pretext)အဖြစ် အသုံးချခြင်းတွင် ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုကို “ကိုယ်တိုင်ကျူးလွန်သူ”ဖြစ်သည်။ ထိုသို့ ကျူးလွန်ရန် ARSA အား အကြောင်းပြသည်။ “AA နှင့်ရခိုင်များအား သတ်ဖြတ်မှုကို ကျူးလွန်သူများဖြစ်လာရန် မြန်မာစစ်တပ်မှ အကွက်ဆင်ခြင်း” AA အားအသုံးချမှုတွင် ရိုဟင်ဂျာများအား AA ကိုတိုက်ခိုက်ရန် စစ်သားစုဆောင်းခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့အချို့ကို အသုံးချခြင်းဖြင့် ရခိုင်နှင့် ရိုဟင်ဂျာကြား လူမျိုးရေးပဋိပက္ခဖြစ်ရန် ဖန်တီးနေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် AAနှင့်ရခိုင်များက ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများ၊ ရက်စက်သတ်ဖြတ်ကြမ်းကြုတ်မှုများ […] - [နတ်ရေကန်ဗျူဟာကုန်းမှ စစ်ကော်မရှင်တပ်သားတဦး CDF-Asho ဆီ အလင်းဝင်](https://burmese.bnanews.net/news/20391/): Border News Agency  မကွေး၊​ ဖေဖော်ဝါရီ ၇။ ​မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းမှာ တာဝန်ကျနေတဲ့ တပ်သားစိုင်းဟတ် (ကိုယ်ပိုင်အမှတ် – ပစ-၅၉၆၀၃၂) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ချင်းကာကွယ်ရေးတပ် (CDF-Asho) ထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအလင်းဝင်လာသူရဲ့ပြောပြချက်အရ အင်အားငါးရာကျော်ရှိတဲ့ အဲဒီဗျူဟာကုန်းမှာ ရိက္ခာပြတ်လပ်နေပြီး ၁၅ ရက်တခါ လေယာဉ်နဲ့ ချပေးတဲ့ရိက္ခာကိုတောင် တပ်တွင်းမှာဈေးကြီးပေးပြီး ပြန်ဝယ်နေရတယ်လို့ ဆိုပါတယ်။ ​အဲဒီတပ်တွင်းမှာ ကော်ဖီသုံးထုပ်ကို တသောင်းကျပ်နဲ့ ဆေးလိပ်တလိပ်ကိုတသောင်းကျပ်အထိ ဈေးနှုန်းတွေအဆမယတန် မြင့်တက်နေတာကြောင့် ရိက္ခာနဲ့ကုန်ဈေးနှုန်းအခက်အခဲတွေ ကြုံနေရတယ်လို့ အလင်းဝင်လာသူက ဆိုပါတယ်။ အောက်ခြေတပ်သားတွေဟာ သူတို့ရတဲ့လစာငွေနဲ့ တပ်တွင်းက ကုန်ဈေးနှုန်းမမျှတတော့တဲ့အတွက် စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အလူးအလဲခံစားနေရတယ်လို့လည်း ဆိုကြပါတယ်။ အဲဒီအပြင် အထက်အရာရှိတွေက လေယာဉ်နဲ့ချပေးတဲ့ ရိက္ခာတွေကိုကိုယ်ကျိုးအတွက် ပြန်လည်ရောင်းချပြီး စီးပွားရှာနေတာတွေ ရှိနေကြတယ်လိုလည်း ဆိုကြပါတယ်။ ဒီလိုမျိုး စားဝတ်နေရေးခက်ခဲမှုတွေအပြင် အထက်လူကြီးတွေရဲ့မတရားမှုကိုပါ ဆက်ပြီးမခံနိုင်တော့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်လာကြတာဖြစ်ပါတယ်။ - [​မြန်မာ့အရေးပေါ်အခြေအနေ အမေရိကန်တနှစ်ထပ်တိုး](https://burmese.bnanews.net/news/20387/): Border News Agency အမေရိကန်၊ ဖေဖော်ဝါရီ ၇။ ​မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ကသတ်မှတ်ထားတဲ့ အမျိုးသားအရေးပေါ်အခြေအနေ (National Emergency) ကို သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီအရေးပေါ်အခြေအနေ သတ်မှတ်ချက်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး အခုသမ္မတသစ်ဒေါ်နယ်ထရမ့် လက်ထက်မှာလည်း ဆက်ပြီးသက်တမ်းတိုးလိုက်တာပါ။  စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပပေးခဲ့တယ်ဆိုပေမယ့် မြန်မာ့အရေးဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေဆဲပဲလို့ ထရမ့်ကဆိုပါတယ်။ ​သမ္မတထရမ့်ကတော့ သူ့အစိုးရအဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိလာဖို့အတွက်လည်း ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး လိုအပ်ရင်တော့ မြန်မာအပေါ် ဖိအားပေးမှုတွေကို ချိန်ညှိလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ​အဲဒီလို သက်တမ်းတိုးဖို့အတွက် အမေရိကန် လွှတ်တော်အမတ်တွေကလည်း သမ္မတထရမ့်ကို တွန်းအားပေးခဲ့ကြတာပါ။ အဲဒီထဲအထူးသဖြင့် စစ်ကော်မရှင်ရဲ့ ကြိုးဆွဲရာကပြမယ့် အစိုးရအယောင်ဆောင်နဲ့ အမေရိကန်ကပုံမှန်ဆက်ဆံရေး ပြန်လုပ်သွားမှာကို လွှတ်တော်အမတ်တွေက စိုးရိမ်နေကြတာပါ။ အဲ​ဒါကြောင့်လည်း အမေရိကန်ဘက်က ပိတ်ဆို့မှုတွေရုတ်သိမ်းပြီး စစ်တပ်နဲ့ပြန်အဆင်ပြေလာမှာမဟုတ်ဘဲ ပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အဲဒီအပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကလည်း မြန်မာနိုင်ငံအပေါ်  ပိတ်ဆို့မှုတွေပိုလုပ်သွားမယ်လို့ လွှတ်တော်မှာပြောဆိုထားပါတယ်။ - [လယ်ဒိုမှာ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး KNU ဆီအလင်းဝင်](https://burmese.bnanews.net/news/20383/): Border News Agency လယ်ဒို၊ ဖေဖော်ဝါရီ ၇။ လယ်ဒိုမှာ ပြည်သူ့စစ်မှုထမ်းတပ်သားတဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီ အလင်းဝင်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ၆ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ် ခလရ-၃၉ တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်းတပ်သား အသက်သုံးဆယ်နှစ်နှစ်အရွယ် စောအာဘရောင်းဖြစ်တယ်လို့ဆိုပါတယ်။ တပ်သားစောအာဘရောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉ ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က လက်နက်ချအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။ အဲဒီတပ်သားစောအာဘရောင်းဟာ ဆန္ဒမပါဘဲအတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်တွင်းရှိ အတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခံရသူတွေအနေနဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်း၀င်ရောက်လာကြဖို့ကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှတိုက်တွန်းအသိပေးထားပါတယ်။ - [​ရှားတောမှာရေကျောက်ရောဂါ ကူးစက်နေလို့ ကျောင်းတွေယာယီပိတ်ထားရ](https://burmese.bnanews.net/news/20380/): Border News Agency ​ကရင်နီ၊ ဖေဖော်ဝါရီ ၇။ ​ကရင်နီပြည်နယ်၊ ဆိုမိုဖေစိုးလေးမြို့နယ်ထဲက ကျေးရွာတရွာမှာ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေလို့ လူနာတွေကို Karenni Mobile Health Committee (KnMHC) က ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ​အဲဒီကျေးရွာမှာရှိတဲ့ အိမ်ထောင်စုခုနှစ်ဆယ်တစု၊ လူဦးရေသုံးရာ့ငါးဆယ်ကိုးဦးထဲကနေ လက်ရှိမှာရောဂါဖြစ်ပွားသူ ဆယ့်ရှစ်ဦးဦးရှိနေတယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ အခြေအနေပြင်းထန်တဲ့ လူနာနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ခေါင်းကိုက်တာတွေနဲ့အတူ အရေပြားမှာအဖုအပိမ့်တွေထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တည်လာတာမျိုးတွေ ဖြစ်နေတယ်လို့ဆိုပါတယ်။ အဲဒီ​ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကျေးရွာမှာရှိတဲ့စာသင်ကျောင်းတွေကို ယာယီပိတ်ထားလိုက်တယ်လို့ဆိုပါတယ်။  KnMHC အဖွဲ့အနေနဲ့ လူနာတွေကို ကိုယ်ပူကျဆေး၊ ယားနာပျောက်ဆေးတွေနဲ့ လိုအပ်ရင်ပိုးသတ်ဆေးတွေ ပံ့ပိုးပေးနေသလို ကျန်းမာရေးအသိပညာပေးတာတွေကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ကျေးရွာထဲကအိမ်ထောင်စုတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ အရေးပေါ်လိုအပ်နေလို့ နီးစပ်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးကူညီနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။ - [မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလ တံတားဖွင့်လှစ်](https://burmese.bnanews.net/photo-news/20367/): Border News Agency  ​ရန်ကုန်၊ ဖေဖော်ဝါရီ ၇။ ​ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်နဲ့ ဒလမြို့နယ်ကိုဆက်သွယ်ထားတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးဒလတံတားကိုဖေဖော်ဝါရီလ ၆ ရက်၊ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီတံတားဖွင့်ပွဲကို စစ်ခေါင်းဆောင်တက်ရောက်ခဲ့ပြီး အခြေခံအဆောက်အအုံ လမ်းတံတားကဏ္ဍတွေကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ အဲဒီ ​ဒလတံတားစီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းတွေနှောင့်နှေးခဲ့ရပေမယ့် အခု ၂၀၂၆ ခုနှစ်မှာတော့ လုပ်ငန်းအားလုံး ပြီးစီးသွားတာ ဖြစ်ပါတယ်။ အဲ​ဒီတံတားဟာ သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး စုစုပေါင်းအရှည် ၆,၁၂၇ ပေ ရှိပါတယ်။ အဲဒီအပြင် ၄ လမ်းသွား တံတားဖြစ်ပြီး ရေလမ်းကင်းလွတ်အမြင့် ၁၆၀ ပေ ရှိတာကြောင့် တန်ချိန် ၁၅,၀၀၀ ရှိတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ ဖြတ်သန်းသွားလာနိုင်ကာ ယာဉ်တစီးချင်း ခံနိုင်ဝန် ၇၅ တန် ရှိတယ်လို့ သိရပါတယ်။ - [​မူးမှာ စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး](https://burmese.bnanews.net/photo-news/20350/): ​Border News Agency မူး၊ ဖေဖော်ဝါရီ ၆ ။ ​ မူးမြို့နယ်အတွင်းရှိကျေးရွာတွေကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်အထိလေကြောင်း၊ ဒရုန်းနဲ့လက်နက်ကြီးတွေသုံးပြီး ဆက်တိုက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီခင်ကြီးကျေးရွာကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့က ဒရုန်းနဲ့ဗုံးကြဲလို့ အသက်ငါးဆယ့်ငါးနှစ်အရွယ် ဒေါ်ထွေးရီသန်း သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်စောခီးရွာကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အသက်ကိုးနှစ်အရွယ် စောကလဲမူသောနဲ့ ခင်ကြီးရွာက အသက်ငါးဆယ့်ရှစ်နှစ်အရွယ် မောင်မျိုးတို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ​နောက်ပြီးငထွေစုတ်ကျေးရွာက အသက်ဆယ့်လေးနှစ်အရွယ် မောင်စောတာနေသားလည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ ခမရ – ၄၃၉ နဲ့ ခလရ – ၆၀ တပ်ရင်းတွေက ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေကြောင့် ခင်ကြီး၊ လှေဒုံး၊ ငတိုးခင်နဲ့ မျက်နီကွင်းကျေးရွာတွေက နေအိမ်စုစုပေါင်းဆယ့်ခုနှစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ - [ဆောမြို့နယ် CDM ဝန်ထမ်းကို ပကဖအဖွဲ့ဝင်များရိုက်နှက်ပြီး ရှစ်ရက်ကြာတဲ့အထိ အရေးယူမှုမရှိ](https://burmese.bnanews.net/news/20340/): Border News Agency  ဆော၊ ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ပို့ကြီးကျေးရွာမှာရှိတဲ့ CDM ကျန်းမာရေးဝန်ထမ်း ကိုမင်းကိုအောင်ကို မြို့နယ်ပကဖအဖွဲ့ဝင်တွေက ဇန်နဝါရီလ ၃၀ ရက်၊ ည ၁၁ နာရီကျော်မှာ ဆေးခန်းအတွင်းဝင်ရောက်ဖမ်းဆီးပြီး လက်ထိပ်ခတ်ရိုက်နှက်ခဲ့ကြတယ်လို့ ယောအလင်းတန်းကထုတ်ပြန်ထားပါတယ်။ ဦးထန်းမောင်းနဲ့ ဦးရဲကိုတို့ ဦးဆောင်တဲ့ အဖွဲ့ဝင်ကိုးဦးဟာ သေနတ်တွေနဲ့ မောင်းတင်ချိန်ရွယ်ပြီး မိသားစုဝင်တွေကို ခြိမ်းခြောက်ခဲ့သလို ကိုမင်းကိုအောင်ကိုလည်း ဓားနဲ့ထောက်ကာ အကြောင်းမဲ့ရိုက်နှက်ခဲ့တာကြောင့် မျက်နှာဖူးယောင်ပြီး လည်ကုတ်မှာပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။  ​အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုမင်းကိုအောင်က ဖေဖော်ဝါရီလ၄ ရက်မှာ မြို့နယ်ပအဖနဲ့ပလဖအဖွဲ့တွေဆီ တိုင်ကြားခဲ့ပေမယ့် အခင်းဖြစ်ပြီးရှစ်ရက်အထိ ကျူးလွန်သူတွေကိုအရေးယူတာမျိုး မရှိသေးဘူးလို့ဆိုပါတယ်။ အဲဒီအပြင်မြို့နယ်ပကဖ တာဝန်ရှိသူက “မီဒီယာမှာပြန့်ရင် ကိစ္စပိုကြီးသွားမယ်” လို့ မိသားစုကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီရိုက်နှက်ခံရသူ ကိုမင်းကိုအောင်တို့မိသားစုဟာ တော်လှန်ရေးအစကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပြီး လက်ရှိမှာအရင်စုဆောင်းထားတာလေးတွေကို ထုခွဲရောင်းချကာ စားသောက်နေထိုင်နေရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။  - [အာရက္ခဒေသမှာ တောရိုင်းတိရစ္ဆာန်တွေကိုမဖမ်းဖို့ အာရက္ခအစိုးရတားမြစ်](https://burmese.bnanews.net/news/20336/): Border News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၆။ ‎အာရက္ခဒေသအတွင်း မြို့နယ်တွေမှာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေမပြုလုပ်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ ဇန်နဝါရီလ ၂၃ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ အာရက္ခဒေသကပြည်သူအချို့ဟာ သစ်တောနဲ့သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုး ဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကိုဝင်ရောက်ပြီး အမဲလိုက်နေတာလို့ ဆိုပါတယ်။ အဲဒီပြည်သူတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေနဲ့ ရောင်းချတာတွေပြုလုပ်နေတာကြောင့် အာရက္ခအစိုးရအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေ မျိုးမပြုန်းရအောင် တားမြစ်လိုက်တာပါ။ ပြည်သူတွေအနေနဲ့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တောတောင်တွေကို ဝင်ရောက်ပြီး တောရိုင်းတိရစ္ဆာန်တွေကိုအမဲလိုက်တာ၊ ဖမ်းဆီးတာ၊ ရောင်းချတာတွေ လုံးဝမပြုလုပ်ရဘူးလို့ ဆိုပါတယ်။ အဲဒီတားမြစ်ချက်တွေကို လိုက်နာမှုမရှိဘဲ ကျူးလွန်ဖောက်ဖျက်ရင် ဥပဒေနဲ့အညီထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ ‎အာရက္ခဒေသကပြည်သူတွေအနေနဲ့ စည်းကမ်းချက်တွေ ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြဖို့ကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့ သဘာဝန်းပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ တိုက်တွန်းထားပါတယ်။ - [​ရခိုင်မှာလွှတ်တော်ပြန်စဖို့ စစ်ကော်မရှင်တပ် ပြင်ဆင်နေ](https://burmese.bnanews.net/news/20331/): Border News Agency ​စစ်တွေ၊ ဖေဖော်ဝါရီ ၆ ။ ​ရခိုင်ပြည်မှာ တတိယအကြိမ်ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ ဌာနဆိုင်ရာတွေ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ စစ်တွေမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ ပထမအဆင့်ပြီးစီးသွားပြီဖြစ်လို့ လွှတ်တော်အစည်းအဝေးကို မကြာခင်ကာလအတွင်း အမြန်ဆုံးခေါ်ယူနိုင်ဖို့ ကော်မတီတွေဖွဲ့စည်းပြီး ပြင်ဆင်နေတာပါ။ ​ဒီခြေလှမ်းဟာ စစ်ကော်မရှင်အနေနဲ့ သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပြဖို့ ကြိုးစားတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။ အဲဒီအပြင် စစ်ရေးပဋိပက္ခတွေရှိနေပေမယ့်လည်း မြို့ပေါ်ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့လွှတ်တော်ယန္တရားကို ပုံမှန်လည်ပတ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံရေးအရပြသချင်ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။ ​အဲဒီလွှတ်တော်အဆောက်အဦးနဲ့ အသုံးအဆောင်တွေကို ပြန်လည်ပြင်ဆင်နေပြီး လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ဖို့အတွက် စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။ - [၇၉ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ကို လွိုင်တိုင်းလျန်းမှာကျင်းပ](https://burmese.bnanews.net/photo-news/20297/): ​Border News Agency သျှမ်း၊ ဖေဖော်ဝါရီ ၇ ။ ​၇၉ ကြိမ်မြောက်သျှမ်းအမျိုးသားနေ့ ဖွင့်ပွဲအခမ်းအနားကို RCSS / SSA ဌာနချုပ်လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ​အခမ်းအနားကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး သျှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်မှုကို အလေးထားကြောင်း ပြသခဲ့ပါတယ်။ ​၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်တပ်က “သျှမ်းအမျိုးသားနေ့” အမည်ကိုဖျောက်ပြီး “သျှမ်းပြည်နယ်နေ့” လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် သျှမ်းလူမျိုးတွေကတော့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဒီနေ့ကိုသမိုင်းဝင်နေ့အဖြစ် ဆက်လက်ထိန်းသိမ်းကျင်းပနေတာ ဖြစ်ပါတယ်။ ​ဒီနေ့အခမ်းအနားဟာ သျှမ်းလူမျိုးတွေအတွက် တန်းတူညီမျှခွင့်ရရှိရေးကိုကိုယ်စားပြုသလို သျှမ်းပြည်သားအားလုံး အေးတူပူအမျှ နေထိုင်ရေးကိုလည်း ရည်ရွယ်တယ်လို့ သိရပါတယ်။ - [​ဖြူးမြို့နယ်ရှိ စစ်ကော်မရှင်ဂိတ်ကိုဝင်တိုက်လို့ တပ်ကြပ်ကြီးတဦးသေဆုံး](https://burmese.bnanews.net/news/20292/): ​Border News Agency  ပဲခူး၊ ဖေဖော်ဝါရီ ၆ ။ ​ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ သကြားစက်အနီးက စစ်ကော်မရှင်ဂိတ်စခန်းတခုကို ဖေဖော်ဝါရီလ ၅ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ််။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဂိတ်စခန်းမှာရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတဦး သေဆုံးသွားတယ်လို့ ဧရာဝတီ အမှတ် ၃ တပ်ရင်းမှ ထုတ်ပြန်ပါတယ်။  အဲဒီအပြင် MA – 3 တလက်၊ MA – 11 တလက်၊ ကျည်ဘောက်နှစ်ခုနဲ့ ကျည်ဆံအထောင့်လေးဆယ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။  ​အဲဒီဂိတ်စခန်းဟာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာ၊ ပေါ်တာဆွဲတာတွေလုပ်နေသလို အနီးနားကရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့ဂိတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြူးမြို့နယ်၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်က ဆာဂွန်းဂိတ်စခန်းကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်လို့ ဆိုပါတယ်။ - [မင်းအောင်လှိုင်ကို ပါရဂူဘွဲ့ပေးတာဟာ ဘွဲ့ကတ်ပြားရောင်းစားတာပဲလို့ ရကသ ရှုတ်ချ](https://burmese.bnanews.net/news/20287/): Border News Agency ​ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ။ ​စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့” ပေးအပ်လိုက်တာဟာ စစ်အုပ်စုကိုမျက်နှာချိုသွေးပြီး ဘွဲ့တံဆိပ်နဲ့တံစိုးလက်ဆောင်ပေးတာပဲလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရကသ) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ​စာသင်ကျောင်းတွေကိုဗုံးကြဲပြီး ကျောင်းသားပြည်သူတွေရဲ့ သွေးစွန်းနေတဲ့ စစ်ရာဇဝတ်တရားခံ မင်းအောင်လှိုင် ဆင်မြန်းလိုက်တဲ့ ဘွဲ့ဝတ်ရုံနဲ့ ဘွဲ့လက်မှတ်ဟာ ဂုဏ်သိက္ခာကင်းမဲ့သလို ဘွဲ့နှင်းသဘင်ခန်းမတခုလုံးလည်း သွေးညှီနံ့တွေ လှိုင်နေပြီလို့ ဆိုပါတယ်။ ​စစ်အုပ်စုခန့် ပညာရေးဝန်ကြီး ချောချောစိန်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တင်မောင်ထွန်းတို့ဟာ သူတို့ရာထူးတည်မြဲဖို့အတွက် ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံဆင်ပေးလိုက်တာဖြစ်ပြီး ဒါဟာ စစ်ကျွန်ပညာရေးရဲ့ သရုပ်သကန်ကိုဖော်ပြနေတာလို့ ဆိုပါတယ်။ ​စစ်အာဏာရှင်စနစ်ရှိနေသရွေ့ စစ်ကျွန်ပညာရေးစနစ်က သက်ဆိုးရှည်နေမှာဖြစ်လို့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှသာ အားလုံးနဲ့ထိုက်တန်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ - [ဖရူဆို - ဘောလခဲ လမ်းမကြီးကို ရက်အကန့်အသတ်မရှိအသုံးမပြုဖို့ KNDF အရေးပေါ်ထုတ်ပြန်](https://burmese.bnanews.net/news/20283/): Border News Agency  ​ကရင်နီပြည်၊ ဖေဖော်ဝါရီ ၆ ။ ​ကရင်နီပြည်နယ်အတွင်းက ဒီးမော့ဆို – ဖရူဆို – ထားလဲ – နန်းဖဲ – ဘောလခဲလမ်းမကြီးနဲ့ လမ်းသွယ်အားလုံးကို စစ်ရေးအခြေအနေကြောင့် ဖေဖော်ဝါရီ ၆ ရက်၊ ဒီနေ့ကစပြီး လုံးဝအသုံးမပြုကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်  (KNDF) က အရေးပေါ်ထုတ်ပြန်လိုက်ပါတယ်။ ​စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ဖရူဆို – ထားလဲ လမ်းပိုင်းနဲ့ နန်းဖဲရွာဘက်ကို စစ်ကြောင်းထိုးလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ​အဲဒီလို တိုက်ပွဲဖြစ်ပွားရာနေရာတွေဟာ အများပြည်သူသွားလာနေတဲ့လမ်းကြောင်းတွေနဲ့ နီးစပ်နေတာကြောင့် လုံခြုံရေးအရ အဲဒီလမ်းတွေကို လုံးဝမဖြတ်သန်းကြဖို့ KNDF က အထူးမေတ္တာရပ်ခံထားပါတယ်။ ​ အဲဒီလမ်းပိုင်းတွေကို မြေပြင်စစ်ရေးအခြေအနေအရ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်တယ်လို့လည်း KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။ - [​ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌအပါအဝင်သုံးဦးကို ရွှေဈေးကစားမှုနဲ့ စစ်ကော်မရှင်တပ်ဖမ်းဆီးထား](https://burmese.bnanews.net/news/20276/): Border News Agency ​နေပြည်တော်၊ ဖေဖော်ဝါရီ ၆။ ​ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးအရေးယူလိုက်ပါတယ်။ ​အဲဒီ ဖမ်းဆီးခံရသူတွေကတော့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ ဖြစ်ပါတယ်။ ​သူတို့ဟာ ရွှေဈေးတည်ငြိမ်အောင် ထိန်းသိမ်းရမယ့်တာဝန်ရှိသူတွေဖြစ်ပေမယ့် ကိုယ်တိုင်ကပြင်ပပေါက်ဈေးနဲ့ ရွှေတုံးရွှေခဲတွေကို ဝယ်ယူသိုလှောင်ပြီး ဈေးကစားခဲ့တယ်လို့ စစ်ကော်မရှင်ကဆိုပါတယ်။ ​အဲဒီဦးမျိုးမြင့်က ရွှေ ၇၀ ကျပ်သား၊ ဦးမျိုးသူဝင်းက ရွှေ ၉၇၀ ကျပ်သားနဲ့ ဦးနေမျိုးထက်က ရွှေ ၃၁၉ ကျပ်သားတို့ကို ပြင်ပဈေးနဲ့ဝယ်ပြီး အမြတ်တင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ​သူတို့ ၃ ဦးကို သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့အမိန့်တွေကို ဖောက်ဖျက်မှုနဲ့ တည်ဆဲဥပဒေအရအရေးယူထားပြီး၊ ကျန်တဲ့ရွှေလုပ်ငန်းရှင်တွေကိုလည်း ညွှန်ကြားချက်အတိုင်းမလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့ ဆိုပါတယ်။ - [​မဲဆောက်ပါကျရင်ဈေးမှာ တရားမဝင်လုပ်သားခြောက်ဦး ဖမ်းဆီးခံရ](https://burmese.bnanews.net/news/20271/): ​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၆။ ​ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လဝကတပ်ဖွဲ့တွေဦးဆောင်ပြီး ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့မနက်ပိုင်းမှာ မဲဆောက်မြို့ကအလုပ်သမားတည်းခိုရာတွေနဲ့ အလုပ်ရုံတွေကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ​အဲဒီစစ်ဆေးမှုကို မဲဆောက်စည်ပင်နယ်နိမိတ်ထဲက ပါကျရင်ဈေး (Pha Charoen Market) နဲ့ အနီးဝန်းကျင်မှာရှိတဲ့ အလုပ်သမားတည်းခိုရာနေရာတွေမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။ ​အဲဒီစစ်ဆေးမှုအတွင်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ Passport / CI နဲ့ အလုပ်လုပ်ကိုင်ခွင့် (Work Permit) ရှိ၊ မရှိကို အဓိကထားစစ်ဆေးခဲ့တာဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးဖို့လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုကွင်းဆင်းစစ်ဆေးပြီးနောက် ခွင့်ပြုချက်မရှိဘဲအလုပ်လုပ်နေသူ ဒါမှမဟုတ် သတ်မှတ်ထားတဲ့အလုပ်ရှင်မဟုတ်ဘဲ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး​လေးဦး၊ စုစုပေါင်းခြောက်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ​အဲဒီဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူနိုင်ဖို့ မဲဆောက်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ - [စစ်မီး‌လျှံတွေကြားက အိမ်ထောင်ဦးစီးအမျိုးသမီးတွေ](https://burmese.bnanews.net/articles/20266/): ကံ့ကော်နီရေးပါတယ်။ စစ်‌အာဏာသိမ်းငါးနှစ်တာမှာ ငွေကြေးဖောင်းကြွမှုတွေပိုမို့ဆိုးလာတာနဲ့အမျှ  ကုန်ဈေးနှုန်းတွေက အာရက္ခဒေသမှာ ပိုမိုးဆိုးရွာနေပါတယ်။ စစ်ကော်မရှင်ဟာ ကုန်လမ်း၊ရေလမ်းတွေအပါအဝင် ကုန်စည်စီးဆင်းမှုတွေကိုလည်း တားဆီးပိတ်ခဲ့တော့ အာရက္ခ ပြည်သူတွေ စားဝတ်နေရေးအခက်အခဲတွေဖြစ်ခဲ့ကြရပါတယ်။ အဲဒီလိုကုန်စျေးနှုန်းတွေတရိတ်ရိတ် တက်နေချိန်မှာ မိသားစုသုံးဦးရှိတဲ့အိမ်ထောင်စုတစုအတွက် တရက်ကုန်ကျစားရိတ်ဟာကျပ်ငါးသောင်းထိရှိ‌နေပါတယ်။ အဲဒီကုန်ဈေးနှုန်းတွေကြောင့် ဝင်ငွေမရှိတဲ့မိသားစုတွေမှာ ကလေးတွေရဲ့ ကျောင်းစာရိတ်၊ စားသောက်စာရိတ်၊ စျေးစာရိတ်တွေကို လကုန်ခါနီးလာတို င်းစိတ်ပူနေရတယ်လို့ ဒေါ်လှမေသိန်းက ညည်းတွားပါတယ်။ စစ်ကော်မရှင်ကင်းစင်တဲ့ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေမှာနေပေမယ့်ပိုက်ဆံအဓိကရှာနေတဲ့အိမ်ထောင် ဦးစီးအမျိုးသားစစ်မှုထမ်းနေချိန်မှာ  စားဝတ်နေရေးအတွက် စိုးရိမ်းစိတ်ဖြစ်နေတယ်လို့ဒေါ်လှမေသိန်းက ပြောပါတယ်။ ဒေါ်လှမေသိန်းရဲ့ အမျိုးသားက အသ က်ငါးဆယ်ကျော်ပြီမို့ ပြည်သူ့စစ်သင် တန်းမတက်ခဲ့ရပေမယ့်တပ်သားသစ် စုဆောင်းရေးမှာ  ထမင်းချက်တာဝန်နဲ့လအတော်ကြာနေခဲ့ရပါတယ်။ အဲဒီအိမ်ထောင်ဦးစီမရှိတဲ့နောက်  ပ ညာရေးစာရိတ်နဲ့စားဝတ်နေရေးအတွ က်မိသားစုတာဝန်တွေကို ဒေါ်လှမေသိ န်းပခုံးထမ်းတာဝန်ယူရချိန်နေ့ရက်တိုင်းဟာ စိုးရိမ်စိတ်မကင်းခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလို့ခင်ပွန်းမရှိချိန်တွေမှာ မိသားစု ထမင်းဝိုင်းဟာ အရင်လို့မစို့ပြေတော့ပါ။ ဒါပေမယ့်”ကျွန်မကအရာရာကို တောင့်ခံနေပါတယ်။ဘာလို့ တောင့်ခံ‌လဲဆိုရင်  ကျွန်မရဲ့သားသမီးလေးယောက်စလုံးကိုပညာမတတ်ဘဲစိတ်ဆင်းရဲကိုယ်ဆ င်းရဲနဲ့စိတ်ဒဏ်ရာရသွားမှာကို အရမ်းကြောက်ပါတယ်။မိခင်ဖြစ်တဲ့ ကျွန်မက ပြိုကွဲပြနေရင် သားသမီးတွေ ပိုစိတ်ထိခိုက်သွားရမယ်။”လို့ ဒေါ်လှမေသိန်းက Border News Agency ကို ပြောပါတယ်။ အာရက္ခတပ်တော်ဟာအာဏာသိမ်းစစ်တပ်ထိန်းချုပ်နယ်မြေအများစုကို သိမ်းယူနိုင်ခဲ့ပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ  အမျိုးသားကာကွယ်‌ရေးဆိုင် ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊မေလကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တအိမ်ထောင်ကိုလူတဦးနှုန်းနဲ့အမျိုးသမီးတွေမှာ  အသက်ဆယ်ရှစ်နှစ်မှနှစ်ဆယ့်ငါးနှစ်၊  အမျိုးသားတွေမှာအသက်ဆယ်ရှစ်နှစ်မှလေးဆယ်ငါးနှစ်ဆိုပြီးသတ်မှတ်ချ က်‌တွေနဲ့ခေါ်ခဲ့ပါတယ်။ အဲဒီပြည်သူ့စစ်သင်တန်းကြာမြင့်ချိန်မှာလေးဆယ်ငါးရက်ဖြစ်ပြီးသင်တန်းပြီးဆုံးပါကာနှစ်နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အာရက္ခတပ်တော်က ပြီးခဲ့ နှစ် ၂၀၂၅ ခုနှစ်၊မတ်လနှစ်ဆယ့်ငါးရက်‌နေ့ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ဆယ်ရှစ်နှစ်မှ လေးဆယ်ငါး နှစ်လို့ သတ်မှတ်ထား‌‌ပေမယ်တချို့ မြေပြင်နဲ့ ကျေးလက် တွေမှာ  အမျိုးသားတွေ စစ်မှုထမ်းရမယ် ဆိုရင် အသက် ငါးဆယ် ကျော်အရွယ်  တွေ တပ်ထဲပါသွားကြတယ်လို့ ဆိုကြပါတယ်။ အဲဒီအပြင်ဝင်ငွေ အဓိကရှာတဲ့ မိသားစု ‌မှာ အမျိုးသားတွေ တပ်တော်ထဲ လိုက်ရတဲ့အခါကျန်ခဲ့တဲ့မိသားစုတွေ၊က လေးငယ်တွေရဲ့ရှင်သန်မှုတိုက်ပွဲက တော့အဆိုးဝါးဆုံးအခြေအနေမှာရှိနေခဲ့ပါတယ်။ “မိခင်တဦးဖြစ်တဲ့ ကျွန်မကိုယ်တိုင်ကလည်းပဲ အာဟာရချိုတဲ့ပြီးကျန်းမာ ရေးမကောင်းတော့ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ရွာက တခြားအမျိုးသ မီးတွေလို့ ငါးရှာ၊ဟင်းရှာလည်း လိုက်မရှာနိုင်ပါဘူး။တဖက်မှာ နို့စိုးကလေးတွေလည်းရှိသေးတော့ ကလေးကို အ ပ်ထားခဲ့ဖို့ ဆွေးမျိုးသားချင်းညီအစ်ကို မောင်နှမ မရှိပါဘူး။”လို့ သူမက ပြောပါတယ်။ အဲဲဒီအခြေအနေတွေနဲ့”မိသားစုးစားဝ တ်နေရေးဖြေရှင်းနေရချိန်မှာ စစ်သင် တန်းတက်နေရတဲ့ အမျိုးသားက အ သုံးစားရိတ်လှမ်းမှာရင် ထည့်မပေးနိုင်ဘူး။”လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ မှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)က ရခိုင်ရှိအမျိုးသမီးသုံးဆ ယ့်နှစ်ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး ဒါမှမဟုတ်  သင်တန်းတခုခုတွင် ပါဝင်မှု မရှိတဲ့ အခြေအနေနဲ့  ဖယ်ကျဉ်ခံနေရတယ်လို့ ဆိုထားပါတယ်။ အဲဒီအမျိုးသမီးတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိကြပေမယ့်မိသား စုစားဝတ်နေရေးအတွက် နေ့စဥ်ရုန်းက န်နကြရပါတယ်။ အဲဒီအထဲမှာစစ်ရေးပဋိပက္ခဒေသတွေကအမျိုးသမီးတွေဟာ မြေမြုပ်မိုင်းအန္တရာယ်တွေအပါအဝင် ဘေးကင်းလုံခြုံမှု တွေကိုလည်း စိုးရိမ်နေကြရပါတယ်။ “ကျွန်မက တခါမှ အပြင် ထွက်မလုပ်ဖူးတဲ့ မိန်းမ တယောက်ပါ။ ခင်ပွန်းသည် စစ်မှုထမ်းပါသွားတော့  အပြင်ထွက်လုပ်ဖို့ ကျလာပါတယ်။တခါမှ ထင်းခြွေ၊  ဟင်းရှာ ၊ လယ်မလုပ်ဖူးတဲ့  အတွက်   အခက်အခဲ ဖြစ်ရပါတယ်။ ဒီကြားထဲ တောထဲ ၊တောင်ထဲ  သို့ ဟင်းရှာ ၊ထင်းခြွေ  သွားရင်  စကစရဲ့ မိုင်းနဲ့ အတူ  ARSA တွေရဲ့ ရန်ကို ကြောက်နေရတယ်။”လို့ မောင်တောမြို့နယ်၊ကံပြင်သာစည်း ကျေးရွာမှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။ အဲဒီလို့မျိုး အပြင်ထွက် လုပ်ကိုင် နေ‌တဲ့ အမျိုးသမီး‌တွေမှာ အမျိုးသားတွေနဲ့ တန်းတူ လုပ်ခ လစာ မရတဲ့အတွက်  အလုပ် ထွက်လုပ်နေရပေမယ့်  မိသားစုစားဝတ်နေရေး  မကာမိတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရပါတယ်။ အဲဒီအပြင် ရခိုင်ပြည်ရှိလူဦးရေလေးဆယ့်ရာခိုင်နှုန်းကျော်မှာအလုပ်လက်မဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ ကု လသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးတွေဟာ အ ဆိုးဝါးဆုံးအခြေအနေတွေကို ရင်ဆိုင်နေကြရသလိုစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုလည်း ခံစားကြုံတွေ့နေကြရတ ယ်လို့ ဆိုကြပါတယ်။  “ကျွန်မက ခင်ပွန်း စစ်မှုထမ်း ပါသွားမှ  အလုပ် စလုပ်ဖူးတာ ပါ။ကျွမ်းကျင်မှုမရှိတဲ့ ဒီအလုပ်တွေ‌ ကြောင့် အခက်အခဲ တွေကို ရင်ဆိုင်ရသလို အိမ်မှာကျန်ခဲ့တဲ့  လူမမည် သားသမီး တွေကို ကြည့်ပေးမဲ့သူမရှိ‌ တော့ စိတ်ပူနေရတယ်။”လို့ ဒေါ်လှမေသိန်းက ပြောပါတယ်။ အဲဒီလို့အလုပ်ကိုင်အခွင့်အလမ်းနည်း နေချိန်မှာ အမျိုးသမီးတွေရရှိတဲ့ လုပ်ခလစာကလည်း အမျိုးသားတွေနဲ့ယှဉ်ရင် နိမ့်ပါးနေတယ်လို့ဆိုကြပါတယ်။ “ယောကျာ်းဖြစ်သူရဲ့ တနေ့ လုပ်အားခက အိမ်အတွက် ကာမိပေမယ့် အမျိုးသမီး ဖြစ်တဲ့ ကျွန်မတို့ ရဲ့  တနေ့ တာ လုပ်အားခက    တရက်တာ စားဝတ်နေရေးအတွက်မကာမိဘူး။”လို့ ဒေါ်လှမေသိန်းက ဆက်ပြောပါတယ်။ အဲဒီပြင် အမျိုးသမီးဆိုရင် အမြဲတမ်း နေ့ထွက်ခပဲ ဖြစ်ဖြစ်၊လစာ ပဲဖြစ်ဖြစ် ယောကျာ်းတွေရဲ့လုပ်အားခနဲ့ ယှဉ်ရင် အမြဲတမ်း ငါးထောင်၊တသောင်း က အစကွာဟမှု ရှိနေတယ်လို့ အမျိုးသ မီးတွေက ဆိုကြပါတယ်။  အဲဒီအမျိုးသမီးတွေဟာ အမျိုးသား ကို စစ်မြေပြင်မှာဆုံးရှုံးခဲ့ရပြီး  အိမ်ထောင် ဦးစီးမရှိချိန်မှာ  မိသားစု ရှေ့ဆက်နိုင်‌ဖို့ အိမ်‌‌ထောင်ဦးစီးတာဝန်ကိုယူရင် ရတဲ့ အလုပ်ကို ဝင်လုပ်ကာ စားဝတ်နေရေး ဖြေရှင်းနေရသူတွေလည်း အများကြီးရှိနေကြပါတယ်။ “သမီးဖြစ်သူက အထက်တန်း‌ကျောင်း သူဆိုတော့ ကျောင်းစရိတ်က ရှိတော့  ပြိန်းဟင်းတွေရောင်း၊သူများဆီမှာ စို က်ခင်းအငှားဝင်လုပ်ကာရလာတဲ့ ပိုက် ဆံနဲ့ချွေးတာစားသောက်နေတယ်။”လို့အမျိုးသမီးတဦးက ပြောပါတယ်။ သူမတို့ရဲ့ကလေးပညာရေး ဆုံးခန်းတိုင်အောင် ရုန်းကန်နေရကြရတဲ့ မိသားစုရှိသလို ကျောင်းလခ ပေးဖို့ အဆင်မပြေ၊ အလုပ်အကိုင် အဆင်မပြေလို့ စားစရာ မရှိတော့တဲ့အခါ ကလေးတွေကို ကျောင်းထွက်ခိုင်းပြီး လုပ်ငန်းခွင်ထဲ သွင်းလိုက်ရတဲ့ မိသားစုတွေလည်းရှိနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။  အဲဒီလို့ ပြင်ပထွက် လုပ်ကိုင်နေကြရတဲ့ ကလေးငယ်အရေအတွက်ဟာ မြန်မာ နိုင်ငံတဝှမ်းစစ်အာဏာသိမ်းငါးနှစ်မှာ  အမြင့်ဆုံးရှိနေတယ်လို့ ဆိုပါတယ်။ “စစ်မှုထမ်း ခေါ်မယ်ဆိုရင်လည်းပဲ သားသမီး အကြီး ရှိတဲ့ အိမ် ၊ သားသမီး အကြီး ရှိမှ ခေါ်စေချင်ပါတယ်။သားသမီးအငယ်နဲ့ အိမ်ထောင်ဦးစီး အမျိုးသားတွေကို အားကိုးနေရတဲ့ သူတွေရဲ့  မိသားစုဝင်တွေ ကိုခေါ်တော့ အခက်အခဲတွေ  ဖြစ်ရတယ် ။”လို့  မောင်တောမြို့နယ်၊ ကံပြင်သာစည်းကျေးရွာမှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။ မိသားစုစားဝတ်နေရေး အဆင်မပြေမှုတွေအပြင် အိမ်ထောင်ရှင်မ အမျိုးသမီးတွေ အတွက်  “လင်မရှိတဲ့ မိန်းမ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အထင်သေးခံရတာတွေကိုလည်း ခံစားနေကြရတာမို့ကိုယ်စိတ်နှစ်ပါးမလုံခြုံကြဘူးလို့ အ မျိုးသမီးတွေက ဆိုကြပါတယ်။ မိသားစု တစုမှာ တယောက်စီ  စစ်မှုထမ်း ကြရတဲ့ အခါ  အိမ်ထောင်ဦးစီး တွေ နဲ့အတူ စစ်မြေပြင်မှာ  ကျဆုံးသွားကြတဲ့ ရဲဘော်တွေရဲ့ ဇနီးသည်တွေက  “မုဆိုးမ”   အဖြစ် ကျန်ရစ်ခဲ့ကာ လက်ရှိ ၂၀၂၁ခုနှစ်မှ ၂၀၂၆ ခုနှစ် ထိငါးနှစ်တာမှာ ငါးသောင်းကျော် ရှိခဲ့ပြီလို့  ISP-Myanmar ရဲ့  ကိန်းဂဏန်းတွေက ဆိုပါတယ်။  ကလေးမိခင်ဖြစ်စေ အိမ်ထောင်ရှိပြီးသား အမျိုးသမီးတွေအပေါ်မှာ စကားပြောတာတွေက အစ မထီး မဲ့မြင်  စ‌နောက်တာတွေ ရှိတာမို့ နေ့စဉ် ဖြတ်သန်းနေရတဲ့  နေ့ရက်တွေမှာ လုံခြုံမှု ဆိုတဲ့  အရိပ်အဝါသတွေ တဖြည်းဖြည်း မှေးမှိန်လာကာ စိုးရိမ်းပူပန်မှုတွေက  ဒီကာလမှာ ယခင်ထက် အများကြီး ကြုံတွေနေရတယ်လို့  ဒေသခံ အမျိုးသမီး အများစုက ဆိုကြပါတယ်။  “ဒီလို အခြေအနေမျိုးမှာ ကျွန်မတို့  အိမ်ကနေ့ အပြင် ထွက် အလုပ်လုပ်နေရင် ကျွန်မရဲ့ သားနဲ့ သမီးတွေကို စိတ်ချ လက်ချ  အိမ်မှာ မထားခဲ့နိုင်ဘူး။”လို့  မိသားစု စားဝတ်နေရေး ဖြေရှင်းနေရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ ဥပေဒစိုးမိုးမှုမရှိတဲ့ အတွက်  ကလေးငယ်တွေ မုဒိမ်းအကျင့်ခံရရင် မိဘလုပ်သူ‌တွေပဲ နစ်နာမယ်။ယူကျုံးမရ ဖြစ်မယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။  ညနေ နေဝင်ချိန်ရောက်လာရင် နေလယ်ထက်  ပိုပြီ စိတ်မလုံခြုံ မှုတွေ ကို ခံစားရတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။  အဲဒီလိုအခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ခင်ပွန်းသည်စစ်မြေပြင်ကအိမ်ပြန်လာချိန်ကို စောင့်မျှော်နေတယ်လို့ အမျိုး သမီးတွေက ဆိုကြပါတယ်။ မြန်မာပြည်အမျိုးသမီးတွေရဲ့ဘဝ အာဏာရှင်တော်လှန်ရေးကပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်ဟာ အမျိုးသားတွေကို  ရှေ့တန်းစစ်မျက်နှာဆီသို့  ပို့ ဆောင်ခဲ့သလိုကျန်ရစ်သူ အမျိုးသမီး များစွာရဲ့”ဘဝ”ကိုလည်းစားဝတ်နေရေးမြေပြင်တိုက်ပွဲဆီတွန်းပို့ခဲ့ပါတယ်။ မြန်မာပြည်အနှံ့က  အမျိုးသမီးတွေ ဟာ မိသားစုစားဝတ်နေရေးအတွက်  နောက်ဆုံးခံတပ်အဖြစ် မားမားမတ် မတ်ရပ်တည်နေကြပါတယ်။ ပထဝီ အနေထားအရ ရခိုင်ကမ်းရိုးတန်းမှ  စစ်ကိုင်း  တိုင်း  ထိ ကြည့်မယ် ဆိုရင် ပြာပုံအတိဖြစ်ခဲ့ရတဲ့  ကျေးရွာ တွေ အများကြီး ရှိနေခဲ့ပါတယ်။ အဲဒီအပြင် ကရင်နီတောင်တန်း မှ  ရှမ်းမြောက်ပိုင်းဆီသို့ ကူးစက်သွားတဲ့ စစ်မီးတွေက  မြူနှင်းများဝေပြီ သာယာ သံ ပြည့်နက် ခဲ့တဲ့  ရှမ်း ပြည် က အမျိုးသမီး  များစွာကို သေနတ်သံကြားမှာ  ရင့်ကျက်စေခဲ့လို့ ရှိနေခဲ့ပါတယ်။  ဒါပေမယ့်  သားသမီး တွေရဲ့ ထမင်းအိုး မကွဲစေရန် ခက်ခဲစွာ ရုန်းကန်နေကြရတဲ့ မိခင်တွေရဲ့  ပခုံးပေါ်  တင်ထားရတဲ့ မိသားစုတာဝန်က  စားဝတ်နေရေးသာမက ပြိုလဲပျက်စီးနီးပါး ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတွေရဲ့  အနာဂတ်အဖြစ် ရောက်ရှိ နေပါတော့တယ်။ သူမတို့ဟာ စစ်ပွဲတွေရဲ့ သားကောင်း သာမက အမည်မဲ့စစ်သူရဲကောင်းတွေလည်းဖြစ်ကြပါတယ်။ မီးခိုးတိတ်နေတဲ့မီးဖိုချောင်များကို ပြန် လည်အသက်သွင်းကာအမှောင်ထုကြားကမျှော်လင့်ချက်မီးအိမ်တွေကို ကိုင်စွဲထားတဲ့ “အမည်မဲ့ စစ်သူရဲကောင်း “တွေ အဖြစ် ဆက်ရှိနေ ကြအုံ့မှာပါ။ အမျိုးသမီးတွေရဲ့ကြံ့ခိုင်မှုကို အသိအ မှတ်ပြုပေးကာ  စစ်မီးတွေငြိမ်းသတ်နိုင်မှသာမြန်မာပြည်ရှိ  အိမ်ထောင်စုတိုင်းအတွက် အကောင်းဆုံး ကုထုံးဖြစ်မှာပါ။ - [​ကချင်တော်လှန်ရေးနေ့မှာ လုပ်သက်ငါးဆယ်ပြည့်အရာရှိကြီးတွေကို ရွှေတံဆိပ်ဆုနဲ့ဂုဏ်ပြု](https://burmese.bnanews.net/photo-news/20257/): ​Border News Agency လိုင်ဇာ၊ ဖေဖော်ဝါရီ ၆။ ​၆၅နှစ်ပြည့်မြောက် ကချင်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားမှာ လုပ်သက်ရင့်အရာရှိကြီးတွေအပါအဝင် ဝန်ထမ်းပေါင်းတထောင့်လေးရာကျော်ကို KIO က ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ ​တော်လှန်ရေးကာလအတွင်းမှာ လုပ်သက်ငါးဆယ်တိတိ ပြည့်အောင်တာဝန်ထမ်းဆောင်ခဲ့တဲ့ KIO ဒု-ဥက္ကဋ္ဌ ၁ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်အပါအဝင် အရာရှိကြီးသုံးဦးကို ဗဟိုကော်မတီကနေ “ရွှေတံဆိပ်ဆု” တွေ ပေးအပ်ခဲ့တာပါ။ ​အဲဒီအပြင် တော်လှန်ရေးအစိုးရလက်ထက်မှာ လုပ်သက်ငါးနှစ်ကနေ နှစ်ငါးဆယ်အထိရှိနေပြီဖြစ်တဲ့ ဝန်ထမ်းစုစုပေါင်း တထောင့်လေးရာတဆယ့်လေးဦးကိုလည်း သူတို့ရဲ့ လုပ်သက်အလိုက် ဂုဏ်ပြုမှတ်တမ်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ​ဒီအခမ်းအနားမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၆၅ နှစ်ပြည့် တော်လှန်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့သလို၊ ရှေ့လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ပြည်သူတွေအတွက် ဆုတောင်းစကားတွေ ပြောကြားခဲ့ပါတယ်။ ​အဲဒီလို ဂုဏ်ပြုဆုတွေ ပေးအပ်တာဟာ တော်လှန်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူတွေကို အသိအမှတ်ပြုတာဖြစ်သလို မျိုးဆက်သစ်တွေအတွက်လည်း ခွန်အားဖြစ်စေတယ်လို့ တက်ရောက်လာသူတွေက ဆိုပါတယ်။ ​ကချင်အမျိုးသားတော်လှန်ရေးနေ့ကို နှစ်စဉ် ဖေဖော်ဝါရီ ၅ ရက်မှာ ကျင်းပလေ့ရှိပြီး အခုနှစ် လိုင်ဇာဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားဟာ အရင်နှစ်တွေထက် ပိုမိုထူးခြားတဲ့ဂုဏ်ပြုမှုတွေနဲ့ စည်ကားခဲ့ပါတယ်။ အဲဒီအပြင် အာရက္ခတပ်တော်(AA)အပါအဝင် မဟာမိတ်အင်အားစုတွေက ဂုဏ်ပြုသဝဏ်လွှာပို့ပေးခဲ့ကြပါတယ်။ - [​ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်နီးစစ်ရှောင်နေရ](https://burmese.bnanews.net/photo-news/20247/): Border News Agency  ​မကွေး၊ ဖေဖော်ဝါရီ ၆။ မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကော်တပ်စစ်ကြောင်းထိုးလို့ ဒေသခံငါးထောင်နီးပါးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။  အဲဒီ ပေါက်မြို့နယ်ကာကွယ်ရေးပစွည်းထုတ်လုပ်ရေးစက်ရုံမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ထွက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ရာနီးပါးဟာ သစ်ချိုကုန်းပျူရွာကနေတဆင့် အနီးနားကရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီလိုစစ်ကြောင်းထိုးရုံတင်မကဘဲ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်စက်ရုံထဲကနေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပါပြုလုပ်နေတယ်လို့ ပေါက်မြို့နယ် ပအဖကထုတ်ပြန်ပါတယ်။ ​အဲဒီ ဒီတိုက်ခိုက်မှုတွေကြောင့် ဇုန် ၁ နယ်မြေထဲက ကျေးရွာခြောက်ရွာ၊ အိမ်ထောင်စု တထောင်ကျော်နဲ့လူဦးရေငါးထောင် နီးပါးဟာ ဘေးလွတ်ရာကိုအရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ ​အဲဒါကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုကြပါတယ်။ - [မိအယ်ရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတွေအပါအဝင် အမျိုးသမီးငါးဦးသေဆုံး](https://burmese.bnanews.net/photo-news/20236/): Border News Agency  ​မကွေး၊ဖေဖော်ဝါရီ ၆။ ​မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ထဲက မိအယ်ကျေးရွာကို ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အမျိုးသမီးငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီမိအယ်ကျေးရွာကို မကွေးလေတပ်ကတက်လာတဲ့ တိုက်လေယာဉ်တစီးမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးတိုက်ခိုက်ခဲ့တယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၅ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။  အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ခုနှစ်ဆယ်အရွယ်အမျိုးသမီးတဦး၊ အသက်လေးဆယ်နဲ့ ငါးဆယ်ကျော်အမျိုးသမီးနှစ်ဦး၊ ဆယ့်သုံးနှစ်နဲ့ဆယ်နှစ်အောက် မိန်းကလေးငယ်နှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ “တိုက်ပွဲမရှိဘဲ ရွာကိုပဲ ဦးတည်ပြီး ဗုံးကြဲသွားတာဗျ။ ဗုံးမချခင်တနာရီလောက်ကတည်းကကျောက်ထုအမြှောက်တပ် ၃၆၈ ကနေ ဒရုန်းနဲ့ကင်းထောက်နေတာ။ ပြီးတော့မှခပ်နိမ့်နိမ့်ပျံပြီး ရွာထဲတည့်တည့်ကို ဗုံးချသွားတာပါ။”လို့ ဒေသခံတဦးက ပြောပါတယ်။ ​အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် မိအယ်ရွာကနေအိမ်လေးလုံးပျက်စီးခဲ့ပြီး အဲဒီထဲကတလုံးကတော့ မီးလောင်ပြာကျသွားခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လအတွင်းမှာလည်း ယောဒေသကိုလေကြောင်းတိုက်ခိုက်မှု နှစ်ဆယ့်သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို မနေ့ညကလည်းထီးလင်းမြို့နယ်ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ ယောဒေသအတွင်း ကင်းထောက်လေယာဉ်တွေနဲ့ မကြာခဏပျံသန်းနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားပြီး နေထိုင်ကြဖို့အသိပေးထားပါတယ်။ - [ညောင်လှရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး](https://burmese.bnanews.net/photo-news/20230/): Border News Agency  ဒီပဲယင်း၊ဖေဖော်ဝါရီ ၆။ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကိုဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီညောင်လှရွာကို စစ်ကော်မရှင်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ မော်တာနဲ့ ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားပြည်သူအမျိုးသားလေးဦးဒဏ်ရာရသွားခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။  စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လူမဆန်စွာတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ ဒီပဲယင်းမြို့နယ် ပအဖကအသိပေးထားပါတယ်။ - [​ရခိုင်မှတ်ပုံတင်နဲ့ကန့်သတ်မြို့နယ်သားတွေခရီးသွားလာရာမှာငွေညှစ်ခံနေရ](https://burmese.bnanews.net/news/20227/): ​Border News Agency ရန်ကုန်၊ဖေဖော်ဝါရီ ၆။ ​ခရီးသွားလာနေကြတဲ့ ရခိုင်မှတ်ပုံတင် ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ကန့်သတ်ထားတဲ့ မြို့နယ်တွေမှ ပြည်သူတွေလမ်းခရီးစစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအမြောက်အမြားတောင်းခံနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ အဲဒီရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ ကန့်သတ်မြို့နယ်တွေမှပြည်သူတွေဟာ ခရီးသွားလာရာမှာ သက်ဆိုင်ရာရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာတွေပါရှိမှသာ ကားလက်မှတ်ဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်းကို အဝေးပြေးယာဉ်လိုင်းဂိတ်တွေက အွန်လိုင်းမှတဆင့် အသိပေးပေးထားပါတယ်။ အဲဒီအပြင် အချို့ကားဂိတ်တွေမှာပြဿနာတက်မည်ကိုစိုးရိမ်တာမို့ ကန့်သတ်မြို့နယ် မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုလက်မှတ်ရောင်းချပေးဖို့ ငြင်းဆန်တာတွေရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။ “ကျွန်မခရီးထွက်တုန်းကဆိုရင် လမ်းမှာတယောက်ကိုငါးသိန်းအထိ တောင်းတာရှိတယ်။ သုံးယောက်ဆိုရင်ဆယ့်ငါးသိန်းပေးရတယ်လို့ ကြားခဲ့ရတယ်။ အထူးသဖြင့် ၁၃/ရှမ်းမှတ်ပုံတင်တွေဆိုရင် ငွေကောက်ပြီးမှဝင်ခွင့်ပေးတာမျိုးတွေရှိသလို၊ ၉/ မန္တလေးမှတ်ပုံတင်တွေလည်း ဝင်ရခက်နေတယ်။ ၁၁/ရခိုင်မှတ်ပုံတင်ဆိုရင်တော့ ပိုပြီးစစ်ဆေးခံရသလို ကျောက်မဲဘက်ကိုသွားဖို့လည်း အရမ်းခက်ခဲနေတယ်။”လို့ ခရီးသွားပြည်သူတဦးက Border News Agency ကိုပြောပါတယ်။  အဲဒီကန့်သတ်လိုက်တဲ့မြို့နယ်တွေထဲဲမှာ ရခိုင်ပြည်အတွင်းရှိ ၁၁/ မှတ်ပုံတင်ကိုင်ဆောင်တဲ့ မြို့နယ်အားလုံး၊ မန္တလေးတိုင်းမိုးကုတ်မြို့ ၉/မကန၊ ရှမ်းပြည်နယ် ၁၃/မှတ်ပုံတင်တွေအပြင် ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကုန်းကြမ်းတွေလည်းပါဝင်နေပါတယ်။ အဲဒီအပြင် ကရင်ပြည်နယ်၊ မြဝတီနဲ့ ကော့ကရိတ်ဘက်မှပြန်လာသူတွေကိုလည်း အစစ်အဆေးပိုမိုတင်းကျပ်နေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။  အဲဒီအပြင်စစ်ကိုင်းတိုင်းအတွင်းရှိ ၅/မုံရွာ၊ မြောင်၊ ရွှေဘိုစတဲ့မြို့နယ်တွေကို စစ်ကော်မရှင်တပ်က ကန့်သတ်ထားပြီး ခရီးသွားလာရာမှာ အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။ အဲဒီမြို့နယ်တွေမှ ပြည်သူတွေဟာမြို့ဝင် မြို့ထွက်ဂိတ်တွေမှာတောင် မှတ်ပုံတင်ကို အသေးစိတ်စစ်ဆေးခံရရုံသာမက ဖုန်းအတွင်းရှိအချက်အလက်တွေကိုပါ စစ်ဆေးခံနေရတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။  “ငွေကောက်တာကတော့တကယ့်ကို အမှန်ပါပဲ။ ဒါပေမယ့်လူတိုင်းတော့မဟုတ်ဘဲ တခါတလေမှကြုံရတာမျိုးလည်းရှိတယ်။ ထောက်ခံစာကတော့မပါမဖြစ် ယူသွားရတယ်။ အထူးသဖြင့် ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်လို့သံသယရှိသူတွေဆီက ပိုပြီးငွေညှစ်တောင်းခံတာတွေရှိတယ်။ တောင်ကြီးနဲ့မန္တလေးဘက်ကဂိတ်တွေမှာ ပိုပြီးကောက်ခံနေတာတွေ့ရတယ်။”လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။  ​စစ်ကော်မရှင်တပ်ဟာ နိုင်ငံတစ်ဝှမ်းရှိ စစ်ရေးအခြေအနေနဲ့ နယ်မြေထိန်းချုပ်မှုတွေကြောင့် အဲဒီလိုမှတ်ပုံတင်နံပါတ်တွေအလိုက် ခရီးသွားလာခွင့်ကိုတင်းကျပ်ကန့်သတ်ထားတာဖြစ်ပြီး လမ်းခရီးမှာငွေကြေးမတက်နိုင်သူတွေလည်းရှိတယ်လို့ဆိုကြပါတယ်။ အဲဒီလို ငွေကြေးမတက်နိုင်သူတွေကို ဂိတ်တွေမှာနာရီပေါင်းများစွာ ထိန်းသိမ်းစစ်ဆေးခံရတာတွေနဲ့ လမ်းဝက်မှပြန်လှည့်ခိုင်းတာတွေလည်းရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။  အဲဒီလုပ်ရပ်တွေကြောင့် ခရီးသွားပြည်သူတွေမှာ ငွေကြေးကုန်ကျမှုမြင့်မားလာတာအပြင် ဘေးကင်းလုံခြုံမှုအတွက်ပါ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။ - [အာရက္ခဒေသမှာခရစ်ယာန်ကျမ်းစာကျောင်းရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ](https://burmese.bnanews.net/photo-news/20208/): ​Border News Agency မြောက်ဦး၊ ဖေဖော်ဝါရီ ၆ ။ ​အာရက္ခဒေသမှာရှိတဲ့ ခရစ်ယာန်ကျမ်းစာကျောင်းတခုရဲ့ ၁၈ ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ​အဲဒီအခမ်းအနားမှာ ဒီပလိုမာဘွဲ့ရသူငါးဦးကို ဘွဲ့လက်မှတ်တွေပေးအပ်ခဲ့သလို ပထမနှစ်နဲ့ ဒုတိယနှစ်က ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဆုတွေချီးမြှင့်ခဲ့ပါတယ်။ ​ဒီပွဲကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ULA/AA တာဝန်ရှိသူတွေကကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားမှုကို ချီးကျူးစကားပြောခဲ့ပြီး ဆုငွေတွေလည်း ချီးမြှင့်ခဲ့ပါတယ်။ ​ပွဲတက်ရောက်လာသူသုံးရာကျော်ကို ထမင်းကျွေးမွေးဧည့်ခံခဲ့သလို ဖျော်ဖြေရေးအစီအစဉ်တွေနဲ့လည်း စည်စည်ကားကား ကျင်းပခဲ့တာပါ။ ​အဲဒီလို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ဘာသာရေးနဲ့ ပညာရေးလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာတာဟာ မျိုးဆက်သစ်လူငယ်တွေရဲ့စာရိတ္တနဲ့ ပညာရည်မြင့်မားဖို့အတွက် ကောင်းမွန်တဲ့ခြေလှမ်းတခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ - [​ရှားတောမှာ စစ်ဘေးရှောင်တွေအရေပြားရောဂါဖြစ်နေလို့ ဆေးဝါးအရေးပေါ်လိုအပ်နေ](https://burmese.bnanews.net/photo-news/20199/): ​Border News Agency ရှားတော၊ ဖေဖော်ဝါရီ ၅ ။ ​ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ဇန်နဝါရီလကစပြီး ယားနာ (Scabies) ကူးစက်မှု မြင့်တက်နေတဲ့အတွက် ကုသဖို့ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ​အဲဒီအရေပြားရောဂါဟာ အသက်ဆယ့်ငါးနှစ်အောက် ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာ အဖြစ်များနေပြီး စခန်းတွေအတွင်း တကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် လအတော်ကြာတဲ့အထိ မထိန်းချုပ်နိုင်ဘဲ ဆက်လက်ပြန့်ပွားနေတာပါ။ အဲဒီ​ယားနာကုသဖို့ လိုအပ်တဲ့ Permethrin လိမ်းဆေး၊ သောက်ဆေးတွေအပြင် ဆပ်ပြာ၊ ပိုးသတ်ဆေးနဲ့ သန့်ရှင်းတဲ့ သုံးရေ၊ သောက်ရေတွေပါ ပြတ်လပ်နေတယ်လို့ ကရင်နီကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။ အဲဒီအရေပြားရောဂါတွေကို အချိန်မီမကုသနိုင်ပါက နောက်ဆက်တွဲဘက်တီးရီးယားပိုးဝင်တာတွေ ဖြစ်လာနိုင်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဆေးဝါးထောက်ပံ့ပေးဖို့ မျှော်လင့်နေကြပါတယ်။ - [မင်းအောင်လှိုင်ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ရ](https://burmese.bnanews.net/photo-news/20188/): ​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ​အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့” ပေးအပ်ခဲ့ပါတယ်။ အဲဒီဘွဲ့ကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့မနက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပေးအပ်ခဲ့တာပါ။  ​နိုင်ငံရေးအပြောင်းအလဲကာလအတွင်း စီမံခန့်ခွဲမှုတွေကြောင့် အခုလိုဘွဲ့ပေးတာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီအခမ်းအနားကို ပညာရေးလောကက တာဝန်ရှိသူတချို့ တက်ရောက်ခဲ့ကြပါတယ်။ - [ဖလမ်းမြို့နယ်က စစ်ဘေးရှောင်ခြောက်ရာကျော်ကို စားနပ်ရိက္ခာနဲ့မိုးကာတွေလှူဒါန်း](https://burmese.bnanews.net/photo-news/20179/): ​Border News Agency ဖလမ်း၊ ဖေဖော်ဝါရီ ၅ ။ ​ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့မြေပြန့်ဒေသတွေအပြင် မီဇိုရမ်ပြည်နယ်ထဲမှာခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ခြောက်ရာကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေသွားရောက်လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာန (Humanitarian Department) ကဖေဖော်ဝါရီ ၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ​အဲဒီလိုလှူဒါန်းမှုဟာ အိမ်ထောင်စုနှစ်ရာနီးပါးက လူဦးရေခြောက်ရာကျော်အတွက် ဖြစ်တယ်လို့ CNO က ဆိုပါတယ်။ အဲဒီဖလမ်းမြို့ကို ​ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစပြီး စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဖလမ်းမြို့နယ်အတွင်းက ဒေသခံပြည်သူနှစ်သောင်းကျော်ဟာ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကနေ အင်အားတ​ထောင်ဝန်းကျင်သုံးပြီး ကလေး – နတ်ချောင်း – ချောင်းခွ – ဟားခါးလေး – ဝေဘူလ လမ်းကြောင်းအတိုင်း ဖလမ်းမြို့အထိ စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီနောက်မှာတော့တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အခုဆိုရင် တိုက်ပွဲကာလသုံးလဝန်းကျင်အထိ ကြာမြင့်နေပြီလို့ ဆိုပါတယ်။ - [​မဲဆောက်မှာ အထောက်အထားမဲ့မြန်မာလုပ်သားဆယ်ဦး ဖမ်းဆီးခံရ](https://burmese.bnanews.net/photo-news/20164/): Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၅။ ​ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးမှာ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားသုံးဦးကိုဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ​အဲဒီ တာ့ခ်ခရိုင် လဝက စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်၊ ညနေပိုင်းကမဲဆောက်မြို့၊ အမှတ် ၂ ကျေးရွာရှိ ချစ်ကြည်ရေးတံတားအနီးတဝိုက်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ အသက်နှစ်ဆယ့်ငါးနှစ်နဲ့ နှစ်ဆယ့်ကိုးနှစ်အရွယ် အမျိုးသားနှစ်ဦး၊ အသက်သုံးဆယ့်နှစ်နှစ်အရွယ် အမျိုးသမီးတဦးကို ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့မှာပတ်စပို့ရော၊ အလုပ်လုပ်ကိုင်ခွင့်ပါမရှိဘဲ အလုပ်လုပ်နေကြတာလို့ ဆိုပါတယ်။ သူတို့ကိုတော့ တရားမဝင်ဝင်ရောက်မှုအပြင် နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့အလုပ်တွေကိုလုပ်ကိုင်မှုနဲ့ပါ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် အဲဒီနေ့ ည ၈ နာရီဝန်းကျင်မှာလည်း မဲကုကျေးရွာ၊ ဂိတ် ၂၉ အနီးမှာ တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားခုနှစ်ဦးကို ထပ်ပြီးဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီဖမ်းမိတဲ့ မြန်မာလုပ်သားဆယ်ဦးကို ထိုင်းအာဏာပိုင်တွေက လုပ်ထုံးလုပ်နည်းတွေအတိုင်းဆောင်ရွက်ပြီး မဲဆောက်မြို့မရဲစခန်းကိုပို့ဆောင်ထားကာ ဥပဒေအရအရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ - [​ကျန်းမာရေးမကောင်းသူတွေကို လာဘ်ပေးလာဘ်ယူလုပ်ကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေ](https://burmese.bnanews.net/news/20159/): ​Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၅။ ​စစ်မှုထမ်းဖို့ လူအင်အားမပြည့်မီတဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်တွေအပါအဝင် ကျန်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါ စစ်ကော်မရှင်တပ်က ဆရာဝန်တွေကိုလာဘ်ထိုးကာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့ သိရပါတယ်။ ​အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြော​ပြချက်အရ သူဟာကျောက်ကပ်မှာကျောက်တည်နေတာမို့ ခွဲစိတ်ကုသထားရသူဖြစ်ပြီး လိုအပ်တဲ့ဆေးလက်မှတ်တွေ အပြည့်အစုံရှိပေမယ့်လည်း စစ်ကော်မရှင်ကအတင်းအဓမ္မ စစ်ထဲသွင်းခဲ့တယ်လို့ ဆိုပါတယ်။ ​”ကျွန်တော့်ကို ဆေးစစ်တဲ့အချိန်မှာ ကျောက်ကပ်ခွဲထားရတဲ့ ဆေးလက်မှတ်တွေအကုန်ပြပေမယ့် ဆေးစစ်တဲ့လူက ဆေးမအောင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အရာရှိတွေကဆရာဝန်တွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး ကျွန်တော့်ကို အတင်းဆေးအောင်တယ်ဆိုပြီး လက်မှတ်ထုတ်ပေးခဲ့တာပါ။” လို့ ဆိုပါတယ်။  ​စစ်ကော်မရှင်တပ်ဟာ လစဉ်ပေးပို့ရမယ့် စစ်မှုထမ်းအင်အားမပြည့်မီတာမို့ ကျန်းမာရေးချို့တဲ့သူတွေကိုပါ မဖြစ်မနေ ထည့်သွင်းနေတာဖြစ်ပြီး သင်တန်းကာလအတွင်း နေမကောင်းဖြစ်တာတောင် “လိမ်နေတယ်” ဆိုပြီး ဆေးကုသခွင့်မပေးဘဲ အတင်းအဓမ္မလေ့ကျင့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ​သူစစ်မှုထမ်းအပတ်စဉ် ၁၆ မှာ လူပေါင်း ၆၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ၉၀ ရာခိုင်နှုန်းခန့်ဟာ အတင်းအဓမ္မစုဆောင်းခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာကဖြစ်ပြီး စစ်ကော်မရှင်ဆီ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကျောက်ကပ်ဝေဒနာခံစားနေရသူတဦးဖြစ်ပြီး မအီဆေးရုံကနေ ရန်ကုန်ကိုဆေးလာကုရင်း လမ်းမှာစစ်ကော်မရှင်တပ်ဖမ်းဆီးတာခံလိုက်ရတာလို့ ဆိုပါတယ်။ - [တန့်ဆည်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်တပါးအပါအဝင် ခြောက်ဦးသေဆုံး](https://burmese.bnanews.net/photo-news/20145/): Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်း သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင်ခြောက်ဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီတန့်ဆည်မြို့နယ်၊ မြောက်ခြမ်းရှိ သစ်စေးကုန်းကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီလ ၅ ရက်၊ ဒီနေ့ မနက်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီလိုတိုက်ခိုက်လို့ ကိုရင်ငယ်တပါးအပါအဝင် အရပ်သားငါးဦးသေဆုံးသွားပြီး ဘုန်းတော်ကြီးကျောင်းလည်းပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။  အဲဒီထဲအမျိုးသားတဦး၊ အမျိုးသမီးသုံးဦးသေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတွေ့ရှိထားပြီး နောက်ထက်ကိုရင်ငယ်တပါးရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေက ဒေသခံပြည်သူတွေကို ရွယ်ရည်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေသေဆုံး၊ ဒဏ်ရာရနေကြပါတယ်။ - [ကချင်တော်လှန်ရေးနေ့သို့ အာရက္ခတပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ်တွေသဝဏ်လွှာပေးပို့](https://burmese.bnanews.net/news/20140/): ​Border News Agency ကချင်ပြည်၊ ဖေဖော်ဝါရီ ၅။ ​ကချင်ပြည်နယ်မှာ ဒီနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက်ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ အာရက္ခတပ်တော် (ULA/AA) အပါအဝင်ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ PSLF / TNLA နဲ့ MNTJP / MNDAA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။ အဲဒီသဝဏ်လွှာမှာ အာရက္ခတပ်တော်အပါအဝင် မဟာမိတ်အဖွဲ့တွေက အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ အမျိုးသားရေးဆိုင်ရာနစ်နာချက်တွေကို ပြန်လည်ရရှိဖို့အတွက် လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်လာခဲ့တာဟာ  နှစ်ပေါင်းကြာရှည်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ ​အဲဒီတော်လှန်ရေးကာလ ၆၅ နှစ်အတွင်းမှာ အသက်၊ ခန္ဓာနဲ့ ဘဝပေါင်းများစွာပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ ကချင့်ဇာနည် သူရဲကောင်းအပေါင်းကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေက လေးလေးနက်နက်ဦးညွှတ်အလေးပြုတယ်လို့လည်း ဆိုပါတယ်။ ​အဲဒီအပြင် ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်လပ်ရေးတပ်မတော် (KIO / KIA) ဟာ မြန်မာ့တော်လှန်ရေး အဖွဲ့အစည်းတွေထဲမှာ စံနမူနာပြတော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေတဲ့အဖွဲ့အစည်းဖြစ်ပြီး ကချင်တော်လှန်ရေး ရည်မှန်းချက်တွေ အမြန်ဆုံးအောင်မြင်ပြီးဆုံးဖို့အတွက်လည်း ဆုတောင်းပေးထားပါတယ်။ ​နောက်ပြီး မျှော်မှန်းထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ကချင်ပြည်သူတွေလိုလားတောင်းတနေတဲ့ ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ဝပါစေဆိုပြီး အာရက္ခတပ်တော်က ညီနောင်မဟာမိတ်တွေနဲ့အတူ ဆန္ဒပြုထားပါတယ်။ - [အရာတော်မှာလေကြောင်း၊ မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးပြုလုပ်](https://burmese.bnanews.net/photo-news/20130/): Border News Agency  စစ်ကိုင်း၊ ဖေဖော်ဝါရီ ၅။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ကျောင်းသားတွေနဲ့ပြည်သူတွေကို လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် ကာကွယ်ရေး အသိပညာပေးသရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလှုပ်ရှားမှုကို အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတွေနဲ့ ဒေသရှိလက်နက်ကိုင်တော်လှန်ရေအင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဟောပြောပွဲမှာ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီဒီယိုတွေပြသတာ၊ ကာကွယ်ရေးနည်းလမ်းတွေကို လက်တွေ့သရုပ်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအပြင် ဗုံးခိုကျင်းတည်ဆောက်ပုံလမ်းညွှန်နဲ့ အသိပညာပေးလက်ကမ်းစာစောင်၂၀၀ ကို ပြည်သူတွေဆီဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။ - [ပြည်သူ့စစ်လူငယ်တွေကို ရှေ့တန်းတွေမှာ လူသားဒိုင်းအဖြစ်အသုံးချနေ](https://burmese.bnanews.net/news/20125/): ​Border News Agency အမ်း၊ ဖေဖော်ဝါရီ ၅။ ​စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံထားရတဲ့ ပြည်သူ့စစ်လူငယ်တွေကို ရှေ့တန်းစစ်မျက်နှာမှာ လူသားဒိုင်းအဖြစ်အသုံးချသွားမယ်လို့ စစ်ကော်မရှင်တပ်အရာရှိတွေက တပ်တွင်းမှာပွင့်လင်းစွာ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။ ​အာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ စစ်ကော်မရှင်တပ်အရာရှိတွေဟာ “မင်းတို့ပစနှစ်ဆယ့်ခြောက်ယောက်သေရင်တောင်ငါတို့ဘက်က တပ်သားတစ်ယောက်နဲ့မလဲနိုင်ဘူး၊ မင်းတို့ ပစတွေက နောက်ထပ်အပတ်စဉ်တွေ အများကြီးရှိသေးတယ်၊ ကြိုက်သလောက်သေ။” ဆိုပြီး တပ်တွင်းမှာခွဲခြားဆက်ဆံ ပြောဆိုနေတာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုက်ပွဲတွေမှာစစ်မှုထမ်းလူငယ်တွေကိုသာ ရှေ့ဆုံးကတက်ခိုင်းမှာဖြစ်ကြောင်းနဲ့ အလုပ်ကြမ်းတွေကိုလည်း  စစ်ကော်မရှင်တပ်သားဟောင်းတွေကမလုပ်ဘဲ ပြည်သူ့စစ်လူငယ်တွေကိုသာ ဖိအားပေးခိုင်းစေနေတယ်လို့ ဆိုပါတယ်။ ​နောက်ပြီး သင်တန်းကာလအတွင်းမှာလည်း ထွက်ပြေးဖို့ကြိုးပမ်းသူတွေကို မတ်တပ်မရပ်နိုင်အောင် ရိုက်နှက်တာ၊ လက်ထိပ်ခတ်ပြီး သစ်ပင်မှာတနေကုန်ချည်နှောင်ထားတာမျိုးတွေ ပြုလုပ်ပြီး “ပြေးရဲရင် ပြေးကြည့်၊ ဒီထက်ပိုပြီး လုပ်ပြမယ်” လို့ တခြားလူငယ်တွေကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ရခိုင်လူမျိုးစစ်မှုထမ်းလူငယ်တွေကိုလည်း “မင်းတို့ရခိုင်တွေဆို ရှေ့တန်းမှာစီနီယာတွေရှိတယ်၊ တိုက်မှာလား” ဆိုပြီးအတင်းအဓမ္မမေးမြန်းကာ တိုက်ပွဲဝင်ဖို့ဝါဒဖြန့်ဖိအားပေးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ​အဲဒီလို အရာရှိတွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ လူသားဒိုင်းအဖြစ်အသုံးချခံရမယ့် အခြေအနေတွေကြောင့် စစ်မှုထမ်းလူငယ်တွေဟာ ရှေ့တန်းမရောက်ခင်ကတည်းက စိတ်ဓာတ်ကျဆင်းနေကြပြီး အခွင့်အရေးရရင်ထွက်ပြေးဖို့အတွက်သာ အချင်းချင်းတီးတိုးဆွေးနွေးနေကြတယ်လို့ တပ်သားနိုင်ခန့်ကျော်က ဆိုပါတယ်။ - [​စစ်ကော်မရှင်တပ်ရင်းတွေမှာ WY စိတ်ကြွဆေးပြားတွေကိုအရာရှိတွေကိုယ်တိုင် ဖြန့်ဖြူးရောင်းချနေ](https://burmese.bnanews.net/news/20121/): ​Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၅။ ​စစ်ကော်မရှင်တပ်ရင်းတွေအတွင်းမှာ WY စိတ်ကြွရူးသွပ်ဆေးပြားတွေကို အရာရှိတွေကိုယ်တိုင် စစ်မှုထမ်းလူငယ်တွေကို ပြန်လည်ဖြန့်ဖြူးရောင်းချနေတယ်လို့ အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်က ဆိုပါတယ်။ ​အဲဒီစစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၇၄ မိခင်တပ်ရင်းမှာ မွမ်းမံသင်တန်းတက်ရောက်စဉ်အတွင်း တပ်ရင်းရှိအရာရှိကြီးတွေကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲနေကြသလို သင်တန်းသားတွေကိုလည်း ပြန်လည်ရောင်းချနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ​”ကျွန်တော်တို့ သင်တန်းသားတွေက အပြင်ထွက်လို့မရဘူး။ ဒီဆေးတွေက ဘယ်ကလာလဲဆိုတာစဉ်းစားစရာပဲ။ ညနေပိုင်းဆို အိမ်သာတွေမှာမူးယစ်ဆေးနံ့တွေ မတရားနံနေတယ်။” လို့ တပ်သားနိုင်ခန့်ကျော်က တပ်တွင်းအခြေအနေကို ပြောပြပါတယ်။ ​အဲဒီအပြင် မြေလတ်ဒရုန်းတပ်ဖွဲ့သို့ ရောက်ရှိချိန်မှာလည်း တပ်တွင်းရှိဗိုလ်ကြီးတွေက စစ်မှုထမ်း​ပြည်သူ့စစ်လူငယ်တွေကို WY ဆေးပြားတွေအတင်းအဓမ္မရောင်းချခဲ့ပြီး “ဒီဆေးကရှေ့တန်းစစ်မျက်နှာမှာ ကောင်းတယ်။ မဖြစ်မနေဆောင်ထားရမယ်ဆိုပြီး” တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ​အဲဒီ မူးယစ်ဆေးဝါးတွေကို ပဒါန်းမြို့ကနေတပ်ကြပ်ကြီးတဦးက ဆိုင်ကယ်နဲ့လာရောက်ပို့ဆောင်ပေးတာဖြစ်ပြီး  မြေလတ်ရှိဗိုလ်ကြီးတွေကတစ်ဆင့် တပ်မ ၁၀၁ က အရာရှိတွေကိုပါ ပြန်ပြီးရောင်းချနေတာလို့ ဆိုပါတယ်။ အဲဒီတပ်ရင်းတွေအတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေဟာ အလွန်အမင်းကျယ်ပြန့်နေတာကြောင့် စစ်တပ်နဲ့မတူဘဲ မူးယစ်ဆေးဝါးအရောင်းအဝယ်စင်တာတခုလိုဖြစ်နေသလို ဆေးသုံးစွဲမှုလွန်ကဲပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်သတ်သွားတဲ့ တပ်ကြပ်တဦးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ - [ရန်ကုန်သွားတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကငွေယူပြီးရောင်းစား](https://burmese.bnanews.net/news/20116/): ​Border News Agency အမ်း၊ ဖေဖော်ဝါရီ ၅။ အာရက္ခဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေချိန်မှာ ရန်ကုန်သို့ဆေးကုသဖို့နဲ့ ကျောင်းတက်ဖို့သွားရောက်ကြတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပါတယ်။ အဲဒီအာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့ စကခ ၁၇၊ ခမရ ၅၇၄ မှ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်မှရန်ကုန်သို့ခိုးထွက်ခဲ့ကြတဲ့ အမျိုးသားကိုးဦးနဲ့ အမျိုးသမီးလေးဦး၊ စုစုပေါင်းလူငယ်ဆယ့်သုံးဦးဟာ ပွဲစားရဲ့လိမ်လည်မှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီလူငယ်တဦးကို ငွေကျပ်ဆယ့်ခုနှစ်သိန်းစီပေးခဲ့ရပြီး ပွဲစားဖြစ်သူကလမ်းခရီးမှာ ဘာမှမဖြစ်စေရဘူးလို့အာမခံခဲ့သလို ရန်ကုန်သွားမယ့်ဂိတ်တွေမှာပြသဖို့အတွက်ဆိုကာ လူငယ်တွေရဲ့ဓာတ်ပုံတွေကို တဦးချင်းစီရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ​ဒါပေမယ့် အဲဒီလူငယ်တွေဟာ မင်္ဂလာဦးရွာကနေ ဆီရွာကိုရောက်ရှိချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး ကန်ဘားမြို့ရှိစစ်ကော်မရှင်ရဲ့ စုဆောင်းရေးစခန်းသို့ အတင်းအဓမ္မအပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ​အဲဒီဖမ်းဆီးခံရသူတွေထဲက အမျိုးသားငါးဦးကို စစ်မှုထမ်းဥပဒေနဲ့ညီညွတ်တယ်ဆိုပြီး သီးသန့်ဖယ်ထုတ်ကာ စုဆောင်းရေးစခန်းမှာ တလကြာပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစခန်းမှာ လူငယ်တွေရဲ့ဖုန်းတွေနဲ့ ငွေကြေးတွေကိုပါသိမ်းဆည်းခဲ့ပြီး ထွက်ပြေးရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ကာ  လေဝင်ပေါက်တောင်မရှိတဲ့ အချုပ်ခန်းပုံစံအခန်းတွေမှာ ထားထားခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီအထူးသဖြင့် တပ်သားနိုင်ခန့်ကျော်ဟာ ကျောက်ကပ်ဝေဒနာရှင်ဖြစ်ပြီး ဆေးစစ်မှုမအောင်ပေမယ့် စစ်ကော်မရှင် အရာရှိတွေက ဆရာဝန်တွေကိုလာဘ်ပေးကာ ဆေးအောင်ကြောင်း လက်မှတ်အတုပြုလုပ်ပြီး စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ လက်ရှိမှာရှေ့တန်းစစ်မျက်နှာသို့ အပို့ခံရစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အာရက္ခတပ်တော်ဆီသို့ အလံဖြူထောင်အလင်းဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ - [ဘန်နာမှာလျှပ်စစ်ကေဘယ်မြောင်းတူးစဉ် မြေပြိုပြီး မြန်မာလုပ်သားတဦးသေဆုံး](https://burmese.bnanews.net/photo-news/20099/): ​Border News Agency မဲဆောက်၊ဖေဖော်ဝါရီ ၅။ ဘန်ကောက်မြို့၊ ဘန်နာခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြေအောက်လျှပ်စစ်ကေဘယ်မြောင်းတူးဖော်နေစဉ်  မြေပြိုမှုဖြစ်ပွားပြီး မြန်မာလုပ်သားတဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။ အဲဒီသုခမွတ်လမ်းမကြီးပေါ်ရှိ ဘန်နာ BTS ဘူတာအနီးမှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၁၁ နာရီကျော်အချိန်ဖြစ်ပွားခဲ့တာပါ။ အဲဒီ မြေအောက်လျှပ်စစ်ကေဘယ်မြောင်းဟာအနက် ၁၀ မီတာခွဲကျော်ရှိပြီး ကေဘယ်ကြိုးသွယ်တန်းမယ့် ကျင်းကြီးအတွင်းမြေညှိနေစဉ် ရုတ်တရက်မြေပြိုကျခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီမြေပြိုမှုကြောင့် အသက်သုံးဆယ်နှစ်အရွယ် မြန်မာအလုပ်သမား မစ္စတာဝေအယ် (Mr. Wai A Le) ဟာ မြေစာတွေနဲ့ ရွှံ့နွံတွေအောက်ပိတ်မိပြီး သေဆုံးသွားခဲ့တာပါ။ ကယ်ဆယ်ရေးအဖွဲ့တွေက ဝန်ချီစက်နဲ့ကြိုးတွေကိုအသုံးပြုကာ ခက်ခဲစွာဆွဲတင်ခဲ့ရပြီး ဖေဖော်ဝါရီ ၅ ရက်၊ မနက်အစော၂ နာရီအချိန်ခန့်က ရုပ်အလောင်းကို ဆွဲတင်နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းခွင်ရှိ အလုပ်သမားတွေရဲ့ပြောကြားချက်အရ ဘက်ဟိုးစက်နဲ့ကျင်းတူးပြီးနောက် အောက်ခြေမှာမြေညှိဖို့ ဆင်းသွားချိန်မှာ လမ်းဘေးမြေနံရံက ရုတ်တရက်ပြိုကျလာတာဖြစ်ပြီး တခြားသူတွေအချိန်မီလွတ်မြောက်ခဲ့ပေမယ့်  မစ္စတာဝေအယ်ကတော့ ပိတ်မိသွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီသေဆုံးသူဟာ မြေပိပြီးအသက်ရှူကျပ်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆေးရုံစစ်ဆေးချက်တွေက အတည်ပြုထားပါတယ်။ အဲဒီဘန်နာရဲစခန်းက လုပ်ငန်းခွင်ကြီးကြပ်သူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးနေပြီး လုပ်ငန်းခွင်အတွင်း လုံခြုံရေးအကာအရံ (Safety Shoring) တွေ ထည့်သွင်းထားခြင်းမရှိဘဲ ပေါ့ဆမှုကြောင့်သေဆုံးရတာဆိုရင် ဥပဒေအရအရေးယူသွားမယ်လို့ သိရပါတယ်။ - [ထိုင်းမှာပစ္စည်းအတုပေါင်းနှစ်သိန်းကျော်နဲ့ မြန်မာအမျိုးသမီးတဦး ဖမ်းဆီးခံရ](https://burmese.bnanews.net/news/20093/): ​ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်ရှိဂိုဒေါင်တခုမှာ ပစွည်းအတုပေါင်းနှစ်သိန်းကျော်နဲ့မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေကဖေဖော်ဝါရီလ ၄ ရက်၊မနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအမျိုးသမီးဆီက ခေါင်းလျှော်ရည်နဲ့သွားတိုက်ဆေးအပါအဝင်အလှကုန်ပစ္စည်းအတုပေါင်းနှစ်သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒါကြောင့် စီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးဌာန (ECD) က အရာရှိတွေဟာ ရှာဖွေဝရမ်းနဲ့အတူဘန်ကော့ (Ban Koh) ကျေးရွာရှိ ဂိုဒေါင်တခုနဲ့ နဒီ (Na Di) ရပ်ကွက်ရှိ လူနေအိမ်တလုံးကို မနေ့​ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီစီးနင်းမှုအတွင်း “ဆန့်” (Sank) အမည်ရှိ မြန်မာအမျိုးသမီးတဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူမဟာ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေကို အတုပြုလုပ်ကာ အွန်လိုင်းကနေတဆင့် ပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။ ​အဲဒီပစ္စည်းအတုတွေကို အွန်လိုင်းပလပ်ဖောင်းတွေမှာ ပုံမှန်ပေါက်ဈေးထက် အလွန်အမင်းလျှော့ဈေး (Aggressive discount) တွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ရောင်းချခဲ့တာလို့ ဆိုပါတယ်။ ​သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ဒီလိုပစ္စည်းအတုတွေကို အသုံးပြုမိရင် ပြင်းထန်တဲ့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။ ​အဲဒိဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးရဲ့ ဝန်ခံချက်အရ သူမဟာ စီမံခန့်ခွဲသူအဖြစ် တာဝန်ယူပြီး သူမရဲ့ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားနဲ့အတူ ဒီလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီအမျိုးသမီးကို ECD ဌာနခွဲ ၁ ဆီ လွှဲပြောင်းပေးထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူမရဲ့ခင်ပွန်းတရုတ်နိုင်ငံသားကို ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ - [​အိန္ဒိယမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားနှစ်ဆယ့်ခုနှစ်ဦးကို နေရပ်ပြန်ပို့](https://burmese.bnanews.net/news/20089/): ​အိန္ဒိယနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက်ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား နှစ်ဆယ့်ခုနှစ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ​အဲဒီပြန်ပို့ပေးလိုက်တဲ့သူတွေဟာ မဏိပူရ်ပြည်နယ်ရှိနိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသားနှစ်ဆယ့်လေးဦးနဲ့ အမျိုးသမီးသုံးဦး၊စုစုပေါင်းနှစ်ဆယ့်ခုနှစ်ဦး ပါဝင်ပါတယ်။ ​သူတို့ကို အိန္ဒိယအစိုးရရဲ့ အစီအစဉ်နဲ့ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ကနေတဆင့် နယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် တမူးမြို့က အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်မှာ မြန်မာဘက်က တာဝန်ရှိသူတွေဆီလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ​ဒီလို နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာသံရုံးကနေ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနဲ့ မဏိပူရ်ပြည်နယ်က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူတို့အားလုံးကို နေရပ်အသီးသီးဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီလို့ဆိုပါတယ်။ - [သမ္မတဟောင်းမာဒူရိုကို ပြန်လွှတ်ပေးဖို့ ဗင်နီဇွဲလားပြည်သူထောင်ချီလမ်းပေါ်ထွက်ဆန္ဒပြ](https://burmese.bnanews.net/news/20082/): ​အမေရိကန်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံထားရတဲ့ ဗင်နီဇွဲလား သမ္မတဟောင်း နီကိုးလပ်စ် မာဒူရို (Nicolás Maduro) နဲ့ ဇနီးဖြစ်သူတို့ကိုခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲကို မြို့တော် ကာရာကတ်စ် (Caracas) မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ဒီနေ့အထိ ပြုလုပ်နေတယ်လို့ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာန (MINCI) က ထုတ်ပြန်ပါတယ်။ အဲဒီဆန္ဒပြပွဲကို မြို့တော်ရှိအဓိကလမ်းမကြီးတွေနဲ့သမ္မတနန်းတော်အနီးမှာ “နီကိုးလပ်စ်ကို လွတ်မြောက်စေရမည်” (Free Nicolas) ဆိုတဲ့ကမ်ပိန်းနဲ့အတူ ပြည်သူထောင်ပေါင်းများစွာက စုဝေးဖော်ထုတ်ခဲ့ကြတာလို့ သိရပါတယ်။ ​အမေရိကန်အထူးတပ်ဖွဲ့တွေရဲ့ လျှို့ဝှက်စစ်ဆင်ရေးကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကသမ္မတဟောင်း မာဒူရိုနဲ့ ဇနီးဖြစ်သူဆီလီယာ ဖလောရက်စ် (Cilia Flores) တို့ဟာ ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ​သူတို့ဇနီးမောင်နှံကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးမှာ မူးယစ်ဆေးဝါးမှောင်ခိုမှု(Narco-terrorism)၊ ငွေကြေးခဝါချမှုနဲ့ လက်နက်မှောင်ခိုမှုပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ ​အဲဒီဆန္ဒပြပွဲမှာ မာဒူရိုရဲ့ “ချာဗစ္စတာ” (Chavista) လှုပ်ရှားမှုအဖွဲ့ဝင်တွေ၊အစိုးရဝန်ထမ်းတွေနဲ့ ထောက်ခံသူတွေက အနီရောင်ဝတ်စုံတွေ ဝတ်ဆင်ကာ မာဒူရိုရဲ့ ပုံတူကားချပ်တွေကို ကိုင်ဆောင်ပြီး “ဗင်နီဇွဲလားက နီကိုးလပ်စ်ကို လိုအပ်တယ်” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက စွပ်စွဲပြောဆိုထားပါတယ်။ ​မာဒူရိုကို ဖမ်းဆီးထားတာကြောင့် လက်တင်အမေရိကအတွင်းရှိ မဟာမိတ်နိုင်ငံတွေကြား တင်းမာမှုတွေမြင့်တက်နေပြီး အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလည်း တကျော့ပြန် အားကောင်းလာနေတယ်လို့ သိရပါတယ်။  - [အဓမ္မစစ်မှုထမ်းခိုင်းမှုကြောင့် လူငယ်တွေအလုံးအရင်းထွက်ခွာနေရတယ်လို့ ဦးကျော်မိုးထွန်းပြော](https://burmese.bnanews.net/news/20078/): ​မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာ၊ လုပ်ခလစာမတိုးတာနဲ့အထူးသဖြင့် လူငယ်တွေကို ပစ်မှတ်ထားတဲ့အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းမှုတွေကြောင့် လူငယ်တွေ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။ ​အဲဒါဟာမြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျှော့ချရေး အလားအလာတွေကို စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂ (UNDP) အစည်းအဝေးမှာထောက်ပြခဲ့တာပါ။ ​အဲဲဒါကြောင့် လက်ရှိမြန်မာလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက်ရောက်နေပြီး လူလတ်တန်းစားတွေလည်းပျောက်ကွယ်လုနီးပါး ဖြစ်နေသလို မြို့ပြဆင်းရဲမှုဟာလည်း သိသိသာသာ မြင့်တက်လာတယ်လို့ဆိုပါတယ်။ ​အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသလို ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ တရားစီရင်ရေးစနစ်ကိုလည်း ဖြိုချဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။ အဲဒီအပြင်တရားဥပဒေစိုးမိုးရေး ပြိုလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှုတွေက ပြည်သူတွေအကြား စိုးရိမ်ကြောက်ရွံ့မှုတွေကို ပိုမိုကျယ်ပြန့်စေခဲ့တယ်လို့ဆိုပါတယ်။ ​မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်အာဏာသိမ်းငါးနှစ်တာအတွင်းမှာ သူတို့ရဲ့အနာဂတ်နဲ့ နှစ်ပေါင်းများစွာကို အကျိုးမဲ့ ဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ - [​ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဟာ အာဏာရှင်စနစ်ကိုသက်ဆိုးရှည်စေဖို့အတွက်သာဖြစ်](https://burmese.bnanews.net/news/20074/): အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြဋ္ဌာန်းလိုက်တဲ့ “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ” ဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမှာဖြစ်ပြီး အချုပ်အခြာအာဏာကို စစ်အုပ်စုထံ အပြီးတိုင်အပ်နှင်းလိုက်တဲ့ အစီအမံသာဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ကဖေဖော်ဝါရီလ၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ​အဲဒီဥပဒေကို စစ်ခေါင်းဆောင်က ဥပဒေပြုလွှတ်တော်မစတင်မီဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကိုယ်တိုင်လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒါဟာတိုင်းရင်းသားအားလုံးရဲ့ အချုပ်အခြာအာဏာကို စစ်အုပ်ချုပ်ရေးအောက်ရောက်သွားစေကာ ဖက်ဒရယ်ဒီမိုကရေစီ ရှင်သန်မှုကို ဟန့်တားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ​စစ်ခေါင်းဆောင် ပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရ အတိုင်ပင်ခံကောင်စီဟာနိုင်ငံတော်ရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အကြံပေးတာနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ​မြန်မာနိုင်ငံရှေ့နေများကောင်စီကတော့ အဲဒီလို “ညှိနှိုင်းဆောင်ရွက်ခြင်း” ဆိုတဲ့ စကားရပ်ဟာနိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ အတိုင်းအဆမရှိ ဝင်ရောက်စွက်ဖက်တာဖြစ်သလို စစ်အုပ်စုအာဏာရှင်စနစ်ကြီးစိုးရေးအတွက်သာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ ​အဲဒီအပြင် အနာဂတ်ရွေးကောက်ပွဲတွေကနေ ပေါ်ပေါက်လာမယ့် လွှတ်တော်၊ အစိုးရနဲ့ တရားစီရင်ရေး အဖွဲ့အစည်းအားလုံးအပေါ် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီက ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးချုပ်ကိုင်ခွင့် ရယူလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေအရ လာမယ့်အစိုးရသစ်မှာ တက်လာမယ့် သမ္မတဟာအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌကို တာဝန်ပေးခန့်အပ်ရမှာဖြစ်ပြီး အဲဒီဥက္ကဋ္ဌကနိုင်ငံတော်ရဲ့ အရေးကြီးကိစ္စတွေကို စီမံခန့်ခွဲရာမှာ အဓိကပါဝင်ပတ်သက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်ရာထူးကို မစွန့်လွှတ်ဘဲ နိုင်ငံတော်အာဏာကို ဘက်ပေါင်းစုံကနေ ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။ - [​မြိုင်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရ](https://burmese.bnanews.net/news/20066/): ​မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ မြောက်ဆည်ကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်၊ညနေ ၅ နာရီ ၄၆ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ပါတယ်။  အဲဒီ မြောက်ဆည်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့သလို စက်လက်နက်တွေနဲ့လည်းနှစ်ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးဒဏ်ရာရသွားခဲ့သလို  တောင်သူတွေမွေးမြူထားတဲ့ ဆိတ်နဲ့ နွားတွေလည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​မြိုင်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းထိုးနိုင်တာမရှိတာမို့ မြောက်ပိုင်း၊အနောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေကိုအဓိကအားထား လေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ​အဲဒီမြိုင်မြို့နယ် တောင်ပိုင်းနဲ့အရှေ့ပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၃ ရက်နေ့ကတည်းကနေ ဒီနေ့ထိမြေပြင်စစ်ကြောင်းတွေထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရင်ကတိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟောင်းတွေကိုပါထပ်ပြီးပစ်မှတ်ထားနေတာကြောင့် မြိုင်မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကိုအထူးသတိထားကြဖို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ကအသိပေးထားပါတယ်။ - [ARSA ထိပ်တန်းတပ်မှူး ဇာဟိဒ်ဟူဆိန်းကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖမ်းဆီး](https://burmese.bnanews.net/news/20060/): ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင် ကုတုပါလောင်ဒုက္ခသည်စခန်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်၊မနေ့​ကဖမ်းဆီးလိုက်ပါတယ်။ အဲဒီ​အသက်လေးဆယ်အရွယ်ရှိပြီဖြစ်တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဒုက္ခသည်စခန်းအမှတ် ၁ မှာ ဝင်ရောက်စီးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ့်သတင်းဌာနတွေမှာဖော်ပြပါတယ်။ သူ့ကို ဖမ်းဆီးစဉ်အတွင်း နိုင်ငံခြားဖြစ် ပစ္စတိုတစ်လက်နဲ့ကျည်ဆန်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ARSA ထိပ်သီးခေါင်းဆောင် အဘူအမ္မာဂျူနူနီရဲ့ အနီးကပ်လူယုံတော်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခဒေသတွင်းမှာအကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ အဓိကတာဝန်ရှိသူတဦး ဖြစ်ပါတယ်။ ​အဲဒီအကြမ်းဖက်သမားဟာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်အတွင်းက မူဆလင်ခေါင်းဆောင် မာစတာမူဟီဘူလာကို သတ်ဖြတ်မှု၊ကျောင်းဆရာနဲ့ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့ မက်ဒရဆာကျောင်းအကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူလို့ ဆိုပါတယ်။ အဲဒီ ARSA တပ်မှူးကို အုခီယာရဲစခန်းဆီ လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ - [​မော်လိုက်ခရိုင် PDF တပ်ရင်း ၃ က ကျဆုံးရဲဘော်မိသားစုဝင်တွေကို ထောက်ပံ့ငွေပေးအပ်](https://burmese.bnanews.net/photo-news/20047/): ​Border News Agency မော်လိုက်၊ ဖေဖော်ဝါရီ ၄။ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်အတွင်းရှိ PDF ရဲဘော်တွေနဲ့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကျဆုံးရဲဘော်တွေအတွက် ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ အမှတ် ၃ တပ်ရင်းက ဖေဖောဝါရီလ ၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကို  တတ်စွမ်သလောက်ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအခမ်းအနားမှာ ကျဆုံးရဲဘော်တွေကိုရည်စူးပြီး အမျှအတန်းပေးဝေတာနဲ့ ဆုတောင်းပေးတာတွေပြုလုပ်ခဲ့သလို ဧည့်ခံကျွေးမွေးမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီထဲကျန်ရှိနေတဲ့ ရဲဘော်တွေအနေနဲ့လည်း ကျဆုံးသွားတဲ့အာဇာနည်တွေကို အစဉ်သတိရဦးညွှတ်နေမှာဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်းက ကတိပြုထားပါတယ်။ - [​ဖိလစ်ပိုင်မှာ ကူးတို့သင်္ဘောနစ်မြုပ်လို့ လေးဆယ့်ငါးဦးသေဆုံး](https://burmese.bnanews.net/photo-news/20027/): ​Border News Agency ဖိလစ်ပိုင်၊ ဖေဖော်ဝါရီ ၄။ ​ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ ဘာစီလန် (Basilan) ခရိုင်၊ ဘာလွတ် – ဘာလွတ် (Baluk – Baluk) ကျွန်းအနီးမှာနစ်မြုပ်ခဲ့တဲ့ MV Trisha Kerstin 3 ကူးတို့သင်္ဘောကို ၁၀ ရက်ကြာရှာဖွေပြီးနောက် ရုပ်အလောင်း ၂ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ဖေဖော်ဝါရီလ ၄ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီရုပ်အလောင်းသစ်တွေကို အစိုးရဌာနဆိုင်ရာတွေ၊ ဒေသန္တရအဖွဲ့တွေနဲ့ ဒေသခံရေလုပ်သားတွေ ပူးပေါင်းရှာဖွေခဲ့တာဖြစ်ပြီး လက်ရှိမှာသေဆုံးသူစုစုပေါင်း လေးဆယ့်ငါးဦးအထိရှိလာပြီလို့ သိရပါတယ်။ အဲဒီကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်နေ့က ခရီးသည်နဲ့အမှုထမ်း ၃၅၀ ကျော်တင်ဆောင်လာစဉ် ဘာလွတ် – ဘာလွတ်ကျွန်းအနီးမှာ စတင်နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီသင်္ဘောနစ်မြုပ်ပြီးနောက်ပိုင်း ၁၀ ရက်ဆက်တိုက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ရာမှာ ဒီနေ့အထိ အသက်ရှင်ကျန်ရစ်သူ သုံးရာ့တဆယ့်ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ​ရေငုပ်ရှာဖွေမှုတွေအရ နစ်မြုပ်နေတဲ့သင်္ဘောဟာ ဘာလွတ် – ဘာလွတ်ကျွန်းရဲ့ အရှေ့ – အနောက်တည့်တည့်အနေအထားမှာ ရှိနေတာကိုတွေ့ရှိခဲ့တယ်လို့ PCG နည်းပညာဆိုင်ရာရေငုပ်အဖွဲ့ကြီးကြပ်ရေးမှူး Commander Cheska Jamorol က အတည်ပြုထားပါတယ်။ ​အဲဒီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေ ရှိ၊ မရှိနဲ့ ကျန်ရှိနိုင်တဲ့ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ - [​ချင်းမိုင်မှာ ATM မှ ငွေထုတ်ပေးနေတဲ့ Call Center ကြေးစားတဦး ဖမ်းဆီးခံရ](https://burmese.bnanews.net/news/20022/): ​Border News Agency ချင်းမိုင်၊ ဖေဖော်ဝါရီ ၄။ ​ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှာ Call Center ဂိုဏ်းအတွက်ငွေထုတ်ပေးနေတဲ့ အမျိုးသားတဦးကို ATM စက်ရှေ့မှာတင် လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ် ၅ နယ်မြေရဲတပ်ဖွဲ့ (PCT 5) က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒိိီချင်းမိုင်ခရိုင်၊ ဆန်ဆိုင်း (San Sai) မြို့နယ်ရှိ စက်သုံးဆီဆိုင်တခုမှာ သံသယရှိသူနိုင်အတ်စဝင်း (Mr. Atsawin) ဆိုသူက ATM စက်ကနေငွေထုတ်ယူနေစဉ် ရဲတပ်ဖွဲ့ကစောင့်ကြည့်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူနဲ့အတူ ငွေသား ၄၉,၉၀၀ ဘတ်၊ လက်ကိုင်ဖုန်းနဲ့ အခြားသက်သေခံပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ​ဖမ်းဆီးရမိသူရဲ့ဝန်ခံချက်အရ သူဟာတရုတ်အကြီးအကဲ (Chinese Bosses) တွေရဲ့ခိုင်းစေမှုကြောင့် Telegram  ကနေတဆင့်ချိတ်ဆက်ကာ ဘဏ်ကတ်မလိုဘဲငွေထုတ်တဲ့စနစ် (Cardless Withdrawal) နဲ့ ငွေထုတ်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ​အဲဒီလို ငွေထုတ်ပေးပြီးနောက် အခြားဘဏ်စာရင်းတခုဆီ ပြန်လည်လွှဲပြောင်းပေးရတာဖြစ်ပြီး အဲဒီလုပ်ငန်းအတွက် တရက်ကို လုပ်ခ ၃,၀၀၀ ဘတ်ရရှိတယ်လို့ သူကဝန်ခံထားတယ်လို့ သိရပါတယ်။ သူရဲ့ဖုန်းကို စစ်ဆေးရာမှာတော့ ငွေထုတ်ဖို့ခိုင်းစေထားတဲ့ အွန်လိုင်းအဖွဲ့ပေါင်းများစွာကိုတွေ့ရှိခဲ့ရပြီး အမှုပေါင်း ၁၀ ခုထက်မနည်းမှာ ပါဝင်ပတ်သက်နေတာကိုရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီတရားခံကို တရားမဝင်လျှို့ဝှက်အဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မှု (Ang-Yi) စတဲ့ ပုဒ်မတွေနဲ့အမှုဖွင့်ပြီး မဲ့ဂျိုး (Mae Jo) ရဲစခန်းမှာ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ​အဲဒီအပြင် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ဘဏ်စာရင်းတွေကို သူတပါးကိုအငှားဖွင့်ပေးတာ ဒါမှမဟုတ် ငွေထုတ်ပေးတာမျိုးတွေမလုပ်ကြဖို့နဲ့ ကျူးလွန်မိပါက ပြင်းထန်တဲ့ဥပဒေအရ အရေးယူမှုတွေခံရနိုင်တယ်လို့ အမှတ် ၅ နယ်မြေရဲတပ်ဖွဲ့က အထူးသတိပေးထားပါတယ်။ - [​ကမ်ဖဲန်းဖက်မှာ လူငယ်အချင်းချင်းရန်ဖြစ်ပွားလို့ တဦးသေဆုံး](https://burmese.bnanews.net/news/20017/): ​Border News Agency မဲဆောက်၊ ဖေဖော်ဝါရီ ၄။ ​ထိုင်းနိုင်ငံ၊ ကမ်ဖဲန်းဖက်ခရိုင် (Kamphaeng Phet) အတွင်းမှာ ဖေဖော်ဝါရီလ ၄ ရက်၊ မနက်အစောပိုင်းက လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာကနေ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားပြီး အသက်ဆယ့်ကိုးနှစ်အရွယ်လူငယ်တဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။ အဲဒီကမ်ဖဲန်းဖက်မြို့၊ နိုင်မောင်းရပ်ကွက်ရှိ နေအိမ်တအိမ်ရှေ့မှာ မနက်၂ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကမ်ဖဲန်းဖက်မြို့မရဲစခန်းမှူး ရဲမှူးကြီးဆုမ်ကဆမ် ကျာရတ် (Pol. Col. Somkasem Jarak) နဲ့ အဖွဲ့ကအခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့တာပါ။ ​သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ အသက်ဆယ့်ကိုးနှစ်အရွယ် မစ္စတာမုန်ကွန်းချန်အင် (Mr. Mongkol Jan-im) ဖြစ်ပြီး သူ့ရဲ့ ဘယ်ဘက်နံဘေးမှာ ကျည်ထိမှန်ဒဏ်ရာပြင်းထန်တာကြောင့် ကမ်ဖဲန်းဖက်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် ဆေးရုံရောက်ပြီးမကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ​ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ဒီပစ်ခတ်မှုဟာ လူငယ်အချင်းချင်းအငြှိုးအတေးရှိရာကနေ စကားများရန်ဖြစ်ပြီးနောက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ယူဆထားပါတယ်။ ​အဲဒီပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ကအနီးကပ်လိုက်လံစုံစမ်းခဲ့ရာမှာ ပါဝင်ပတ်သက်သူလူငယ်လေးဦးကို  သက်သေခံလက်နက်တွေနဲ့အတူ ဒီနေ့နေ့လည်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီဖမ်းဆီးရမိသူတွေဟာ အသက်ဆယ့်ငါးနှစ်ကနေ ဆယ့်ခုနှစ်နှစ်အတွင်းရှိ လူငယ်တွေဖြစ်ကြပြီး သူတို့နဲ့အတူအမှတ်စဉ်မပါတဲ့ လက်လုပ်ပြောင်းတိုသေနတ်တလက်၊ ကျည်ဆန်သုံးတောင့်နဲ့ဆိုင်ကယ်နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့တာပါ။ ​သူတို့ဟာ အရင်ကတည်းကအငြှိုးအတေးရှိတာကြောင့် စကားများရန်ဖြစ်ရာကနေ နောက်ထပ်လူတစုကလာရောက်ကူညီပြီး ကလဲ့စားချေပစ်ခတ်ခဲ့တာလို့ ထွက်ဆိုထားကြပြီး လက်ရှိမှာတော့ သူတို့ကိုကြိုတင်ကြံစည်မှုနဲ့ လူသတ်မှုအပါအဝင် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ - [မောင်တောမှာ ကလေးတဦးနဲ့အမျိုးသားတဦး ရေနစ်သေဆုံး](https://burmese.bnanews.net/news/20013/): Border News Agency  မောင်တော၊ ဖေဖော်ဝါရီ ၄။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၁ နာရီခန့်အချိန်မှာ ဇီးသီးခူးဖို့အတွက် ရွာအနောက်ဘက်မှာရှိတဲ့ ချောင်းကိုဖြတ်ကူးနေချိန် ရေနစ်ခဲ့တာလို့ဆိုပါတယ်။ အဲဒီနောက် ရွာသားတွေကသူတို့နှစ်ဦးကို ရှာဖွေခဲ့ကြရာမှာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၃ နာရီခွဲခန့်အချိန်မှာ ကမ်းနဲ့မီတာ ၁၀၀ ဝေးတဲ့ဂေါ်ဒူသာရချောင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။ အဲဒီအပြင် သေဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊ ဒီနေ့နေ့လည်ပိုင်းမှာ  င်္သဂြိုဟ်သွားမယ်လို့ မိသားစုတွေက ဆိုကြပါတယ်။ အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်ကကလေးငယ်တွေနဲ့  စိတ်ဝေဒနာခံစားနေရသူတွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီး ဂရုစိုက်ကြည့်ရှုကြဖို့လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ - [​အင်းတော်ကြီးဒေသရှိ ဟဲပါးစခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်](https://burmese.bnanews.net/photo-news/20011/): ​Border News Agency မိုးညှင်း၊ ဖေဖော်ဝါရီ ၄။ ​ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာရှိတဲ့ ဟဲပါးကျေးရွာစစ်တပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၃ ရက်နေ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ​အဲဒီအင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့လပိုင်းကတည်းက စစ်ကော်မရှင်တပ်နဲ့ ရှမ်းနီ (SNA) တပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အခုအခါမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက တန်ပြန်ထိုးစစ်ဆင်ကာ ဟဲပါးစခန်းကိုသိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအပြင် စစ်ကော်မရှင်ရဲ့ လုံးတုံးစခန်းနဲ့ နမ့်မွန်းတောင်ပေါ်စခန်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေသလို စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းကနေ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ​အဲဒီလို တိုက်ပွဲပြင်းထန်နေတာကြောင့် အင်းတော်ကြီးဒေသရှိ ကျေးရွာအများအပြားကဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲကို တိမ်းရှောင်နေကြရပြီး ဖုန်းနဲ့ အင်တာနက်လိုင်းအချို့လည်း ပြတ်တောက်နေတာကြောင့် ဆက်သွယ်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ​အဲဒီအပြင် တိုက်ပွဲဖြစ်ပွားရာ ဝိုင်းမော် – ဗန်းမော် လမ်းပိုင်းအပါအဝင်အဓိက လမ်းမကြီးအချို့မှာလည်း လမ်းပန်းဆက် သွယ်ရေးခက်ခဲနေပြီး ကုန်စည်စီးဆင်းမှုတွေရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီကချင်ပြည်နယ်အတွင်းက ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဘက်က အရပ်သားတွေနေတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေလည်း သေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။ - [စစ်ခေါင်းဆောင်နဲ့ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး တွေ့ဆုံ](https://burmese.bnanews.net/news/19997/): ​Border News Agency  နေပြည်တော်၊ ဖေဖော်ဝါရီ ၄။ ​အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergey SHOIGU ကို ဖေဖော်ဝါရီလ ၃ ရက်၊ မနေ့ကနေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ​အဲဒီတွေ့ဆုံစဉ်အတွင်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၈ ရက်က စတင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ အောင်မြင်ခဲ့ကြောင်းနဲ့ လာမယ့်မတ်လတတိယပတ်အတွင်းမှာ လွှတ်တော်အစည်းအဝေး ခေါ်ယူသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ​ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးကလည်း မြန်မာနိုင်ငံမှာအခက်အခဲတွေကြားက ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာကို အသိအမှတ်ပြုကြောင်းနဲ့ ရုရှားသမ္မတ ပူတင်ကပေးပို့တဲ့ဂုဏ်ပြုသဝဏ်လွှာကို လာရောက်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ရုရှားအပါအဝင် နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေတက်ရောက်ခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေတွေနဲ့ နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ့် ကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ​အဲဒီနှစ်နိုင်ငံကြား Cyber security နဲ့ Information security ဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေအပြင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ ​အဲဒီအပြင် စီးပွားရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ အာကာသနည်းပညာနဲ့ ပညာရေးကဏ္ဍတွေမှာပါ ပူးပေါင်းဆော င်ရွက်မှုတွေတိုးမြှင့်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ - [ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေးဥပဒေကို စစ်ကော်မရှင်ပြင်ဆင်ပြဋ္ဌာန်း](https://burmese.bnanews.net/news/19993/): ​နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေပြင်ဆင်တဲ့ဥပဒေကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။ ​အဲဒီပြင်ဆင်ချက်ဟာ နေအိမ်သို့ ဝင်ရောက်ရှာဖွေတာ၊ ပစ္စည်းသိမ်းဆည်းတာ သို့မဟုတ် လူပုဂ္ဂိုလ်ကိုရှာဖွေဖမ်းဆီးဆောင်ရွက်ရာမှာအနည်းဆုံး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသို့မဟုတ် တာဝန်ခံနှစ်ဦးနဲ့အတူဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ အဲဒီအပြင်နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးအတွက်အရေးကြီးလိုအပ်ချက်ရှိပါက ဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။ ​နောက်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တာဝန်အရ ဆောင်ရွက်ရသူတွေဟာ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့် သို့မဟုတ် ဝရမ်းတစုံတရာ မရှိဘဲ ဆောင်ရွက်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။ ​အဲဒီအပြင် နိုင်ငံတော်သမ္မတသို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ အဲဒီကိစ္စရပ်တွေကို ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။ ​အဲဒီပြင်ဆင်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်တာလို့ဆိုပါတယ်။ ​အဲဒီဥပဒေပြင်ဆင်ချက်ဟာထုတ်ပြန်တဲ့နေ့မှစပြီး အာဏာတည်မှာဖြစ်သလို နိုင်ငံတော်အခြေအနေအရ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ဥပဒေကြောင်းအရ ပိုမိုခိုင်မာစေဖို့ ဆောင်ရွက်တာလို့လည်းဆိုပါတယ်။ - [​လွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိမှုစာရင်းချုပ် UEC ထုတ်ပြန်](https://burmese.bnanews.net/news/19987/): ၂၀၂၅ ခုနှစ်အတွင်း အပိုင်းလိုက်ခွဲခြားကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်စာရင်းချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၃ ရက်၊ မနေ့ကအတည်ပြု ထုတ်ပြန်ပါတယ်။ ​အဲဒီပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၇၃၉ ဦးနဲ့ အများဆုံး အနိုင်ရရှိထားပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၈ ဦးနဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၃၉ ဦးစီ အသီးသီး အနိုင်ရရှိထားပါတယ်။ ​အဲဒီထဲနိုင်ငံရေးပါတီတွေဖြစ်တဲ့ ပြည်သူ့ပါတီက ၃၀ ဦး၊ပြည်သူ့ရှေ့ဆောင်ပါတီက ၂၀ ဦးနဲ့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၁၈ ဦးတို့လည်း လွှတ်တော်အသီးသီးအတွက် ရွေးကောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ​အဲဒီတိုင်းရင်းသားနိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက ၁၇ ဦး၊နာဂအမျိုးသားပါတီက ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီက ၈ ဦးနဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၇ ဦးဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၂၅ ရက်အထိ အပိုင်း ၃ ပိုင်းခွဲပြီး မဲဆန္ဒနယ်ပေါင်း ၆၈၈ နယ်မှာ ကျင်းပခဲ့တာလို့ဆိုပါတယ်။ အဲဒီအပြင် ဇိုမီးအမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီနဲ့ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ အပါအဝင် အခြားသော တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်နေပါတယ်။ ​အဲဒါဟာ FPTP နဲ့ PR စနစ်နှစ်မျိုးစလုံးကို အသုံးပြုပြီး မဲဆန္ဒနယ်အလိုက် ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေရဲ့ နောက်ဆုံးအတည်ပြုစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တာဖြစ်ပါတယ်။ - [စစ်တွေခရိုင်မှာပျက်စီးနေတဲ့လမ်းပိုင်းတွေကိုအာရက္ခအစိုးရပြုပြင်နေ](https://burmese.bnanews.net/photo-news/19979/): ​အာရက္ခပြည်၊ စစ်တွေခရိုင်အတွင်း တိုက်ပွဲကာလနဲ့မိုးတွင်းမှာ ယိုယွင်းပျက်စီးခဲ့တဲ့ မြို့ချင်းဆက်၊ရွာချင်းဆက်လမ်းပိုင်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြုပြင်မွမ်းမံပေးနေပါတယ်။ အဲဒီစစ်တွေခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အဝေးပြေးလမ်းမကြီးတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ​အဲဒီပုဏ္ဏားကျွန်း – ရသေ့တောင် လမ်းမကြီး၊ရသေ့တောင် – ဘူးသီးတောင် လမ်းမကြီးတွေအပြင် ရွာချင်းဆက်လမ်းတွေ ပြုပြင်နေမှုဟာရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီလို့ သိရပါတယ်။ အဲဒါကြောင့် လမ်းတွေပြန်ကောင်းလာတာအပြင် ယာဉ်စည်းကမ်းထိန်းသိမ်းမှုတွေပါ ရှိလာတာကြောင့် အရင်ကမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ယာဉ်တိုက်မှုတွေဟာလည်း သိသိသာသာ လျော့နည်းလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ​ဒါပေမယ့် စက်ယန္တရား မလုံလောက်မှုနဲ့ ကုန်ကျစရိတ်ကြီးမားတာတွေကြောင့် လမ်းပိုင်းတချို့မှာတော့လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ​အဲဒီလိုလမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာတာဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ လူမှုစီးပွားဘဝတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ကျန်ရှိနေတဲ့ လမ်းပိုင်းတွေကိုလည်း အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။ - [အာရက္ခဒေသရှိဈေးဆိုင်တွေစည်ပင်စည်းကမ်းလိုက်နာမှု ရှိ၊ မရှိ စစ်ဆေး](https://burmese.bnanews.net/news/19969/): အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဈေးဆိုင်ပိုင်ရှင်တွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ကွင်းဆင်းစစ်ဆေးနေပါတယ်။  ​အဲဒီလိုစစ်ဆေးရာမှာ ဆိုင်ပိုင်ရှင်တွေအနေနဲ့ စည်ပင်ကချမှတ်ထားတဲ့ ဈေးစည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာခြင်း ရှိ၊ မရှိကို အဓိကထား ကြည့်ရှုနေတာဖြစ်ပါတယ်။ ​အဲဒီထဲအထူးသဖြင့် သတ်မှတ်ထားတဲ့မျဉ်းကို ကျော်ပြီး လူသွားလမ်းတွေပေါ်မှာ ဈေးပစ္စည်းတွေ တိုးချဲ့ခင်းကျင်း ရောင်းချတာမျိုး ရှိ၊ မရှိကို လိုက်လံစစ်ဆေးနေတာပါ။ ​အဲဒီလိုစစ်ဆေးတာတွေကို စည်ပင်သာယာရေးဌာနနဲ့အတူ ဈေးကော်မတီ၊ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DELPS) နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ ​အဲဒီစစ်ဆေးချိန်အတွင်း စည်းကမ်းမလိုက်နာတဲ့ ဆိုင်ပိုင်ရှင်တွေကို သတိပေးတာတွေပြုလုပ်ခဲ့ပြီး စည်းကမ်းချိုးဖောက်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူသွားမယ်လို့သိရပါတယ်။ - [​ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကိုအာဏာသိမ်းစစ်ခေါင်းဆောင် လက်မှတ်ရေးထိုး](https://burmese.bnanews.net/news/19965/): ​အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယာယီသမ္မတအဖြစ်လက်မှတ်ရေးထိုးပြီး “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ” ကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေဟာ နိုင်ငံတော်သမ္မတကို လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေမှာ အကြံပေးဖို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။ ​အဲဒိီကောင်စီကို နိုင်ငံတော်သမ္မတက သင့်လျော်တဲ့ပုဂ္ဂိုလ် ငါးဦးထက်မနည်းနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကိုလည်း သမ္မတကပဲတိုက်ရိုက်သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကောင်စီဝင်တွေရဲ့ သက်တမ်းဟာ သမ္မတရဲ့သက်တမ်းအတိုင်းဖြစ်ပြီး၊သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေကိုတော့ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးမယ်လို့ ပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။ ​ဒီဥပဒေရဲ့ ရည်ရွယ်ချက်တွေအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့နဲ့ တိုင်းပြည်သာယာဝပြောရေးအတွက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတော်သမ္မတရုံးကနေ ဒီဥပဒေနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ​ခုထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။ - [ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး](https://burmese.bnanews.net/news/19961/): ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ၂ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ဘေးရှောင်တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။  အဲဒီ ကျောက်ဖြူမြို့နယ်၊မော်ကြီးရွာကို ဖေဖော်ဝါရီလ ၃ ရက်၊ည ၅ နာရီအချိန်ခန့်က စစ်ကော်မရှင်တပ်ပါရာမော်တာတစီးနဲ့ရည်ရွယ်ချက်ရှိရှိဗုံးငါးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ခိုက်လို့ မော်ကြီးရွာမှာစစ်ဘေးရှောင်နေတဲ့ ငပုချွိန်ရွာသားအသက် ရှစ်ဆယ့်ငါးနှစ်အရွယ်ဦးခိုင်အောင် သေဆုံးသွားခဲ့ပြီး၊ဦးခင်မောင်ချေနဲ့ ဦးသိန်းကျော်နုတို့ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအပြင်မော်ကြီးရွာရှိ နေအိမ်နှစ်လုံးလည်း မီးလောင်ပြာကျခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကျောက်ဖြူမြို့နယ်၊မူရွင်းရွာရှိဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်ကဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့လို့ ကိုးလသားအရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူ အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော် မရှင်တပ်ရေကြေ - [​ဟတ်ယိုင်မြို့ Lotus’s စင်တာရှိ ရွှေဆိုင်ကို သေနတ်သမားတဦးဓားပြတိုက်](https://burmese.bnanews.net/news/19957/): ထိုင်းနိုင်ငံ၊ ဆောင်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့က ဆောင်ခလာမင်းသားတက္ကသိုလ် (PSU) အနီးမှာရှိတဲ့ Lotus’s Go Fresh ဈေးဝယ်စင်တာအတွင်းက နာမည်ကြီးရွှေဆိုင်တဆိုင်ကို ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၆ နာရီခွဲအချိန်မှာ တကိုယ်တော် သေနတ်သမားတဦး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ​CCTV မှတ်တမ်းတွေအရ အဲဒီသေနတ်သမားဟာ အနက်ရောင်အဝတ်အစားတွေ ဝတ်ဆင်ထားပြီး ဆိုင်ကယ်စီးဦးထုပ် (Full-face) ဆောင်းထားတဲ့ အမျိုးသားတဦးဖြစ်တယ်လို့ သိရပါတယ်။ ​အဲဒီတရားခံဟာ လက်နက်တိုတလက်ကို ကိုင်ဆောင်ပြီးရွှေဆိုင်အတွင်းကို တိုက်ရိုက်ဝင်ရောက်လာကာ ဆိုင်ဝန်ထမ်းတွေကို သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တာပါ။ ​အဲဒီနောက် ရွှေထည်တွေပြသထားတဲ့ မှန်ကောင်တာကို ရိုက်ခွဲပြီး အတွင်းမှာရှိတဲ့ ရွှေဆွဲကြိုးတွေကို လုယူခဲ့တာဖြစ်ပြီး လုယူသွားတဲ့ ရွှေထည်စုစုပေါင်း အလေးချိန်ဟာ ဘတ် ၆၀ (မြန်မာအလေးချိန် ၆၀ ကျပ်သားခန့်) ရှိတယ်လို့ ဆိုပါတယ်။ ​အဲဒီလုယူခံရတဲ့ ရွှေထည်တွေရဲ့ လက်ရှိကာလတန်ဖိုးဟာ ဘတ်ငွေ ၂ သန်းကျော် (မြန်မာငွေ သိန်းပေါင်းများစွာ) တန်ဖိုးရှိပြီး တရားခံဟာရွှေတွေကို ယူဆောင်ကာ စင်တာအပြင်ဘက်မှာ အသင့်ရပ်ထားတဲ့ ဆိုင်ကယ်နဲ့အလျှင်အမြန် မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီတရားခံ ထွက်ပြေးရာမှာ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ဟာ နေ့လည်ပိုင်းက စဏ္ဏား (Chana) ခရိုင်ဘက်ကနေ ခိုးယူလာတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ ​အဲဒီဟတ်ယိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ အခင်းဖြစ်နေရာကို ပိတ်ဆို့စစ်ဆေးနေပြီး တရားခံကိုအမြန်ဆုံးဖမ်းဆီးနိုင်ဖို့ CCTV မှတ်တမ်းတွေကို အခြေခံကာ ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။  - [မြန်မာနိုင်ငံအနောက်ပိုင်းနဲ့အလယ်ပိုင်းမှာအင်အားပြင်းငလျင်လှုပ်ခတ်](https://burmese.bnanews.net/news/19953/): ​Border News Agency  မောင်တော၊ ဖေဖော်ဝါရီ ၄။ ​ရခိုင်-မကွေးအစပ်ကို ဗဟိုပြုပြီး ပြင်းအား ၅.၉ (Mw) အင်အားပြင်းငလျင်နဲ့ ၄.၂ (Mw) ရှိတဲ့ ငလျင်ငယ်တခု ဖေဖော်ဝါရီလ ၃ ရက်၊ညပိုင်းမှာ လှုပ်ခတ်သွားတယ်လို့ USGS ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီငလျင်ဟာ ရေနံချောင်းမြို့ရဲ့ အနောကဘက် ၉၅ ကီလိုမီတာအကွာ ရခိုင်ရိုးမတောင်တန်းအတွင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ရခိုင်တစ်ပြည်လုံးအပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ ပြင်းထန်စွာ တုန်ခါသွားခဲ့တာပါ။ ​အဲဒီလှုပ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောမြို့နယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ​အဲဒီမောင်တောဒေသကို မနေ့ည ၁၀ နာရီ ၇ မိနစ်မှာအမြင့်ဆုံးစကေး ၅.၁ (Mw) အဆင့်နဲ့ ပထမတကြိမ် လှုပ်ခတ်ခဲ့ပြီး၊ ၁၀ နာရီ ၂၃ မိနစ်မှာတော့ ၄.၂ (Mw) အဆင့်နဲ့ ဒုတိယတကြိမ် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ USGS ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ​အဲဒီငလျင်ဟာ မောင်တောမြို့ရဲ့ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြေပြင်အောက်အနက် ၁၂ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တဲ့ အလွန်တိမ်တဲ့ငလျင်ဖြစ်တာကြောင့် မောင်တောမြို့ပေါ်မှာ တုန်ခါမှု အတော်လေး ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ​အဲဒီငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အအုံတွေနဲ့ ဘုန်းကြီးကျောင်းတွေ သိသိသာသာ တုန်ခါသွားလို့ လူတွေဟာ နေအိမ်အပြင်ဘက်ကို ထွက်ပြေးခဲ့ကြရတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။  ​”ပထမတကြိမ် လှုပ်တာက အရမ်းပြင်းတယ်။ငါးမိနစ်လောက်ကို တုန်နေတာ။ ဘုန်းကြီးကျောင်းတွေလည်း အတော်လေး တုန်ခါသွားလို့ အပေါ်ထပ်တောင် မတက်ရဲဘူး ဖြစ်နေတယ်။”လို့ မောင်တောမြို့ခံကျောင်းထိုင်ဆရာတော်တပါးက Border News Agency ကို မိန့်ကြားပါတယ်။ ​အဲဒါကြောင့် ညအချိန်မတော် ငလျင်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့အတွက် မောင်တောဒေသခံတွေဟာ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။ - [​မောင်တောမှာ ၇၅ ကြိမ်မြောက် ဟိန္ဒူ "ရာမ" ပွဲတော် စည်ကားစွာကျင်းပ (ဓာတ်ပုံသတင်း)](https://burmese.bnanews.net/news/19911/): Border News Agency မောင်တော၊ ဖေဖော်ဝါရီ ၃။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့၊ ကျောက်ပန္ဒူကျေးရွာအနီးက ရာမ၊ လက္ခဏတောင်ခြေရင်းမှာ ၇၅ ကြိမ်မြောက် မဟာရာမယန ဟရီနာမ “ရာမ” အသံမစဲပဋ္ဌာန်းပွဲတော်ကို ဇန်နဝါရီ လ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲ​ဒီပွဲတော်ဟာ ရာမ၊ လက္ခဏနဲ့ မယ်သီတာတို့ကို ရိုးရာအစဉ်အလာအတိုင်း ဆုတောင်းပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။ အဲဒီပွဲတော်ကို မောင်တောခရိုင် ဟိန္ဒူလူမျိုးစုရေးရာ ကြီးကြပ်ရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး အနီးအနားက ရခိုင်လူမျိုးတွေလည်း လာရောက်လည်ပတ်ခဲ့ကြပါတယ်။ အဲဒီအပြင်​ ULA/AA က တာဝန်ရှိသူတွေဟာ ဒီဘာသာရေးပွဲတော်ကို တက်ရောက်ဂုဏ်ပြုခဲ့ကြသလို ပွဲတော်ဖြစ်မြောက်ရေးအတွက် အာရက္ခတပ်တော်က ငွေကျပ် သိန်း ၃၅၀ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ​လိုမျိုးဘာသာရေးပွဲတော်တွေကို စည်းစည်းကားကား ကျင်းပနိုင်တာဟာ ဒေသတွင်း တည်ငြိမ်မှုနဲ့ လူမျိုးစုအချင်းချင်း ချစ်ကြည်လေးစားမှုကို ပြသရာရောက်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ - [လန်းပန်းကရာစုနှစ်ချီ မြန်မာကျောင်းကြီးမီးလောင်](https://burmese.bnanews.net/photo-news/19900/): Border News Agencyထိုင်း၊ ဖေဖော်ဝါရီ ၃။ ​ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်းပန်းမြို့က နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ Wat Mon Pu Yak (ခေါ်) Wat Santhan မြန်မာ့ဗိသုကာလက်ရာ ဘုန်းကြီးကျောင်းဆောင်ကြီးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က မီးလောင်ကျွမ်းသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာဖော်ပြပါတယ်။ မီးသတ်ကားဆယ်စီးကျော်နဲ့ ၂ နာရီကြာ ငြှိမ်းသတ်ခဲ့ရပေမယ့် ကျွန်းသစ်ဝိဟာရ ကျောင်းဆောင်ကြီးကတော့ ပြာကျသွားခဲ့ပါတယ်။ အဲ​ဒီမီးလောင်မှုကြောင့် ကျောင်းဆောင်အတွင်းက တန်ဖိုးဖြတ်မရတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ပဓာနရုပ်ပွားတော်ကြီးပါ ပျက်စီးသွားခဲ့ရပါတယ်။ အဲဒီကျောင်းထိုင်ဘုန်းကြီးဟာ တာ့ခ် (Tak) ခရိုင်က ပွဲတခုကိုကြွနေလို့ အသက်ဘေးက ကင်းဝေးခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကျောင်း​မီးမလောင်ခင် ပေါက်ကွဲသုံးချက်လောက်ကြားခဲ့ရပြီးမှ မီးကူးစက်သွားတာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ အာဏာပိုင်တွေက မီးလောင်ရတဲ့အကြောင်းရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ - [မင်းအောင်လှိုင်ကိုတရားစွဲထားတဲ့အမှု တီမောတရားရုံး လက်ခံ](https://burmese.bnanews.net/news/19895/): Border News Agencyတီမော၊ ဖေဖော်ဝါရီ ၃။ ​စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတိုင်ကြားထားတဲ့အမှုဖိုင်ကို တီမောလက်စတေနိုင်ငံကစစ်ဆေးဖို့ တရားဝင်လက်ခံလိုက်ပြီလို့ သိရပါတယ်။ အဲ​ဒီအမှုထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အုပ်စုလိုက်အဓမ္မပြုကျင့်တာ၊ ကလေးနဲ့သတင်းသမားအပါအဝင် လူဆယ်ဦးကိုအစုလိုက်သတ်ဖြတ်တာ၊ ဘုရားကျောင်းနဲ့ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်တာ စတဲ့စစ်ရာဇဝတ်မှုသက်သေအထောက်အထားတွေကို တင်ပြထားတာပါ။ CHRO ညွှန်ကြားရေးမှူးဆလိုင်းဇာအုပ်ကတော့ မြန်မာနိုင်ငံမှာတရားမျှတမှုကို ငြင်းပယ်ခံထားရပေမယ့် တီမောမှာတော့အဖြေတခုရနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အဲဒီအပြင် ​တဖက်မှာလည်းစစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါဟာပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တာလို့ဆိုပြီး တီမောအစိုးရဆီကန့်ကွက်လွှာ (Protest Note) ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် တီမောဘက်ကရှေ့နေတွေကတော့ ဘယ်လိုပြင်ပစွက်ဖက်မှုမျိုးကိုမဆို ပယ်ချသွားမယ်လို့ ပြောထားပါတယ်။ အဲ​ဒီအမှုကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တီမောပြည်သူ့ရှေ့နေရုံးကို စတင်တိုင်ကြားခဲ့တာဖြစ်ပြီး နှစ်ပတ်အကြာမှာတော့ အခုလိုအမှုဖိုင်ကိုစစ်ဆေးဖို့အတွက် လက်ခံလိုက်တာဖြစ်ပါတယ်။ အဲဒီအမှုဖွင့်ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့မှာလည်း CHRO တာဝန်ရှိသူတွေဟာ တီမောသမ္မတရာမို့စ်ဟောတာနဲ့တွေ့ဆုံပြီး မြေပြင်ကအခြေအနေတွေကို ရှင်းလင်းပြခဲ့ပါသေးတယ်။ - [​မဲဆောက်မှာ တားမြစ်အလုပ်တွေလုပ်ကိုင်တဲ့ မြန်မာခြောက်ဦးဖမ်းဆီးခံရ](https://burmese.bnanews.net/photo-news/19883/): Border News Agencyမဲဆောက်၊ ဖေဖော်ဝါရီ ၃။ ​ထိုင်း – မြန်မာနယ်စပ်မဲဆောက်မြို့မှာ ဖေဖော်ဝါရီလ၂ ရက်၊ မနက်ပိုင်းက တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားခြောက်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ​အဲဒီဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာနိုင်ငံခြားသား အလုပ်သမားတွေလုပ်ကိုင်ခွင့်မရှိတဲ့ တားမြစ်အလုပ်တွေဖြစ်တဲ့ စျေးဆိုင်ရောင်းတာ၊ စက်ချုပ်တာ၊ စက်ဘီးပြင်တာနဲ့ အေဂျင်စီလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတာကြောင့် ဖမ်းဆီးခံရတာလို့ တာ့က်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ​အဲဒီဖမ်းဆီးခံရသူတွေကို မဲဆောက်ရဲစခန်းမှာထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရအရေးယူသွားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီမဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက တရားမဝင်အလုပ်သမားတွေနဲ့ တားမြစ်အလုပ်လုပ်ကိုင်နေသူတွေကို မြို့အနှံ့မှာနေ့တိုင်းလိုလို လိုက်လံစစ်ဆေးဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ​အဲဒီထိုင်းနဲ့မြန်မာကြား ပဋိပက္ခတချို့ကြောင့် တရားမဝင်လုပ်သားတွေကို လိုက်လံဖမ်းဆီးနေတာမို့ ထိုင်းရောက်မြန်မာတွေအနေနဲ့ ဥပဒေနဲ့ယဉ်ကျေးမှုကိုအလေးထားပြီး အနေအထိုင်ဆင်ခြင်ကြဖို့ မြန်မာအရေးလှုပ်ရှားသူတွေက သတိပေးထားပါတယ်။ ## Pages - [Donor Dashboard](https://burmese.bnanews.net/donor-dashboard-2/) - [Donation](https://burmese.bnanews.net/donation/) - [Donation Failed](https://burmese.bnanews.net/donation-failed-2/): We're sorry, your donation failed to process. Please try again or contact site support. - [Donation Confirmation](https://burmese.bnanews.net/donation-confirmation-2/) - [Donor Dashboard](https://burmese.bnanews.net/donor-dashboard/) - [Donation Failed](https://burmese.bnanews.net/donation-failed/): We're sorry, your donation failed to process. Please try again or contact site support. - [Donation Confirmation](https://burmese.bnanews.net/donation-confirmation/) - [Payment Failed](https://burmese.bnanews.net/payment-failed/): We’re sorry, but your transaction failed to process. Please try again or contact site support. - [Payment Confirmation](https://burmese.bnanews.net/payment-confirmation/) - [Privacy Policy](https://burmese.bnanews.net/privacy-policy/): Who we are Suggested text: Our website address is: https://burmese.bnanews.net/ Comments Suggested text: When visitors leave comments on the site we collect the data shown in the comments form, and also the visitor’s IP address and browser user agent string to help spam detection. An anonymized string created from your email address (also called a hash) may be provided to the Gravatar service to see if you are using it. The Gravatar service privacy policy is available here: https://automattic.com/privacy/. After approval of your comment, your profile picture is visible to the public in the context of your comment. Media Suggested […] - [Home](https://burmese.bnanews.net/): edit post စစ်ရေး မိုးမိတ်မြို့နယ်မှာ လေကြောင်းတိုက် ခိုက်ခံရလို့ ကလေးနှစ်ဦးအပါအဝင်ခုနှစ်ဦးသေဆုံး by BNA Author October 10, 2025 edit post ရိုဟင်ဂျာအရေးအပေါ် စစ်ဖက်ရေးရာအမြင် October 9, 2025 edit post ရေဖြူမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ့်သုံးဦးသေဆုံး October 9, 2025 edit post မင်းတပ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံး October 9, 2025 edit post အာရက္ခတောင်သူတွေ ဆောင်းသီးနှံစိုက်ပျိုးဖို့ အကူအညီတွေ လိုအပ်နေ October 9, 2025 edit post စစ်ရေး 96 Soldiers – PDFရဲ့တပ်သက်တမ်း၄နှစ်ပြည့်နဲ့စစ်သင်တန်းဆင်းပွဲ by BNA Author October 9, 2025 0 Border News Agencyစစ်ကိုင်း၊ အောက်တိုဘာ ၉။ အညာဒေသ 96 Soldiers… Read more edit post မိုင်းငေါ့ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေဆုံး October 8, 2025 edit post ရခိုင်က အမျိုးသမီးသုံးဆယ်နှစ်ရာခိုင်နှုန်း ပညာရေးနဲ့အလုပ်အကိုင်ဖယ်ကျည်းခံနေရ October 8, 2025 edit post ထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်တွေပျက်စီး October 8, 2025 edit post အိုဘယ့်ရယ်တဲ့သင်းရနံမြေ သို့မဟုတ် အာဖဂန်ထံမှ ယူသင့်သောသင်ခန်းစာ […] [comment]: # (Generated by Hostinger Tools Plugin)