Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်၊ ဆင်ခြံကျေးရွာမှာစက်တင်ဘာလ ၅ ရက်နေ့က စစ်ဘေးရှောင်အမျိုးသမီးတဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရခန့်ကျေးရွာအုပ်ချုပ်ရေးမှူးမှအဓမ္မပြုကျင့်ဖို့ကြိုး စားမှုဖြစ်ပွားခဲ့တယ်လို့ မြောက်ဦးဒေ သခံတွေက ဆိုကြပါတယ်။
အဲဒီဆင်ခြံကျေးရွာအုပ်ချုပ်ရေးမှူးအ သက် ၄၇ နှစ်အရွယ်ဦးမောင်အေးညွှန့် ဟာ စက်တင်ဘာလ ၅ ရက်နေ့ညက စစ်ဘေးရှောင်အမျိုးသမီးနေအိမ်သို့တက်ပြီးအတင်းအဓမ္မပြုကျင့်ဖို့ကြိုး စားခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီအချိန်မှာဦးမောင်အေးညွှန့်ဟာ ကို ယ်ခန္ဓာတခုလုံးမှာအဝတ်အစားဗလာနတ္ထနဲ့စစ်ဘေးရှောင်အမျိုးသမီးကို အတ င်းအဓမ္မဖက်ပြီး အတင်းအဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့တာမို့ စစ်ဘေးရှောင်အမျိုးသမီးဟာ အတင်းရုန်းထွက်ကာအော်ဟစ်ထွက်ပြေးခဲ့ကြရတယ်လို့ မြောက်ဦးဒေသခံတွေက ဆိုကြပါတယ်။
“အိမ်ပေါ်တက်ပြီးအတင်းအဓမ္မပြုကျင့်ဖို့ကြိုးစားတာပါ။ အဝတ်အစားတွေချွတ်ပြီးအတင်းအဓမ္မပြုလုပ်တာပါ။ အုပ်ချုပ်ရေးမှူးဆိုပြီးအေအေအားကိုးနဲ့အားတင်တာပေါ့။ ကာကွယ်ပေးရမယ့်သူကကျူးလွန်နေရင်ဘယ်သူ့ကို အားကိုးရမလဲ။ ထိထိရောက်ရောက်အရေးမယူရင် ထပ်ပြီးကျူးလွန်နေမှာပါပဲ။” လို့မြောက်ဦးမြို့ခံအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးဦးမောင်အေးညွှန့်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံ ခြုံရေးဌာန(ဒီလပ်)မှဖမ်းဆီးသွားပေမယ့် ဘယ်ဥပဒေနဲ့ဘယ်လောက်ထိ ထိထိရောက်ရောက်အရေးယူမလဲဆိုတာမသိရသေးဘူးလို့ မြောက်ဦးဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတ ချို့မှာ စစ်ဘေးရှောင်အမျိုးသမီးတချို့ဟာ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊တိုက်နယ်မှူးတွေရဲ့အတင်းအဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုတွေကိုခံနေကြရပေမယ့်သက်ဆိုင်ရာမှာသွားရောက်တိုင်ကြားပေမယ့် အမှုကိုလက်မခံကြဘူးလို့ စစ်ဘေးရှောင်အ မျိုးသမီးတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အုပ်ချုပ်ရေးယန္တရားမတည်ငြိမ်နိုင်သေးတာတွေ၊ တရားဥပဒေစိုးမိုးမှုမခိုင်မာသေးတာတွေကို အခွင့်ကောင်းယူပြီးရာဇဝတ်မှုကျူးလွန်သူတွေဟာ အမျိုးသမီးတွေဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ဆီမှာအမျိုးသားတွေစစ်မှုထမ်းနေရတဲ့အတွက် နေအိမ်မှာကျန်ခဲ့တဲ့အမျိုးသမီးတွေဟာမိသားစုစားဝတ်နေရေးကို ကိုယ်တိုင်ဦးဆောင်ဖြေရှင်းတေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့်ကောက်စိုက်၊ဟင်းရှာ၊ထင်ခွေစတဲ့အလုပ်တွေ သွားရောက်လုပ်ကို င်နေကြရတာမို့ အသက်အန္တရာယ်အပါအဝင် ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
“အိမ်မှာအမျိုးသားတွေရှိတော့ လူရှိန်တာပေါ့။အိမ်ထောင်တာဝန်ကိုယူထားရတော့ ဘာမှမလုပ်ဘဲနေလို့မရဘူးလေ။ ဝမ်းရေးအတွက် အလုပ်ခွင်ကိုသွားတဲ့အခါ…အမျိုးသားမရှိဘဲ ကလေးတွေနဲ့ ညဘက်အိပ်တဲ့အခါလုံခြုံမှုမရှိသလိုခံစားရတယ်။ရွာတွေမှာလည်း အရက်သောက်သူတွေပိုများလာတော့လုံခြုံဖို့အနေအထိုင်ဆင်ခြင်ပြီးနေနေရတယ်။” လို့ကျောက်တော်မြို့နယ်မှကလေးအမေတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အုပ်စုဖွဲ့သောက်စားမူးယစ်နေကြတာတွေများလာနေပြီး အမျိုးသမီးတဦးတည်းသွားလာနေရင် လိင်ပိုင်းဆို င်ရာထိပါးစော်ကားပြောဆိုကြတာတွေ အရင်ထက်ပိုများလာနေတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အမျိုးသမီးတွေဟာ နေအိမ်၊ လမ်း၊ လုပ်ငန်းခွင်တွေထိ ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတာမို့ ကိုယ်စိတ်နှစ်ပါးမလုံခြုံမှုတွေကို ခံစားနေကြရတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီအပြင်စစ်ဘေးရှောင်အမျိုးသမီးတွေဟာ အမိုးအကာမလုံခြုံတဲ့နေရာတွေမှာအိပ်စက်နေကြရသလို အမိုးအကာမဲ့နေရာတွေမှာ အိပ်သာတတ်တာတွေ၊ရေချိုးတာတွေ ပြုလုပ်နေကြရတာမို့ ဘေးကင်းလုံခြုံမှုကင်းမဲနေကြတယ်လို့ ဆိုကြပါတယ်။






