Border News Agency
တနင်္သာရီတိုင်း၊စက်တင်ဘာ ၁၉။
တနင်္သာရီတိုင်းကမြို့နယ်တချို့ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီးလေးဦးဒ ဏ်ရာရသွားခဲ့တယ်လို့ KNU-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးက စက်တင်ဘာလ ၁၈ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဲဒီတနင်္သာရီတိုင်း၊ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့ နယ်နဲ့ရေဖြူမြို့နယ်အတွင်းရှိ ပကာရီ၊ပခပ်၊ရေဝိုင်း၊ကင်းရှေ့၊ဥတ္တူ၊စော်ဖျား၊မဲနယ်အိုး၊ဝေဒီ၊သပြေရှောင်၊ကြက်ယ က်တွင်းနဲ့ကျောက်တွင်းကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကျေးရွာတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၇ ရက်နေ့က လေကြောင်းတို က်ခိုက်ခဲ့တာကြောင့်အရပ်သားသုံးဦးသေဆုံးပြီးအသက်မပြည့်သေးတဲ့က လေးသုံးဦးအပါအဝင်လေးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလောင်းလုံးမြို့နယ်၊ဝေဒီကျေးရွာကို လေကြောင်းတိုက်ခိုက်လို့ အသက် ၆၀ အရွယ်ဒေါ်တင်ရှိန်၊အသက် ၃၄ နှစ်အရွယ် ကိုဝေယံဖြိုး၊အသက် ၃၀ အရွယ်အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ်ဦးယူစိန်၊အသက် ၉ နှစ်အရွယ် ကလေး ၃ ဦး ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
မြိတ်-ထားဝယ်ခရိုင်၊တနောသရီမြို့ နယ်(တနင်္သာရီ)ထိုင်း-မြန်မာ မောတော င်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီးမှာ မနေ့မနက်ပိုင်းကလည်း စစ်ကော်မရှင်နဲ့ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်၊တပ် မဟာ၄ လက်အောက်ခံ၊တပ်ရင်း ၁၁နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ် ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသွားသလို လက်နက် MA1-၁လက်၊MA3-၁လက်၊လက်ပစ်ဗုံး ၁ လုံး၊ကျည်ဆံအလုံး ၁၀၀၊ကျည်ဘောင် ၄ ခု သိမ်းစည်းရမိခဲ့တယ်လို့ဆိုပါတယ်။






