Border News Agency
မိုင်းတုံ၊ စက်တင်ဘာ ၂၁။
ထိုင်း-မြန်မာနယ်စပ်မြို့ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့မှာ မူးယစ်ဆေးဝါးဆေး ဝါးငါးသန်းနီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)က စက်တင်ဘာလ ၂၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပုံပါကျင်၊ Daguang ကျေးရွာမှာ စက်တင်ဘာလ ၂၀ ရက်၊ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က UWSA ကို သတင်းပေးပို့လာတာကြောင့် မသင်္ကာဖွယ်လူတွေတင်ဆောင်လာတဲ့TIGER ယာဉ်တစီးကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသတင်းပေးသူက UWSA ရဲ့တပ် ရင်းမှူးကိုအကြောင်းကြားပြီး ယာဉ်ကိုလိုက်ရှာခဲ့ပေမယ့် နန်ဖိုင်ကျေးရွာအနီးမှာ ယာဉ်ပျောက်ဆုံးခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် ယာဉ်နံပါတ်ကိုအခြေခံပြီး သံသယရှိတဲ့လမ်းကြောင်းတွေကို လုံ ခြုံရေးတပ်တွေက ပိတ်ဆို့ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီထိုင်း-မြန်မာနယ်စပ် Bangge နဲ့ Luoshitang ကြားနေရာတွေမှာ မနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်ကမူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို တွေရှိခဲ့ပြီးရပ်တန့်စစ်ဆေးဖို့ အမိန့်ပေးခဲ့တယ်လို့ဆိုပါတယ်။
မူးယစ်ကုန်ကူးသူတွေဟာသတိပေးခတာကိုလက်မခံဘဲနယ်စပ်သို့ ထွက် ပြေးသွားခဲ့ပေမယ့်ပုံပါကျင်မြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊နားကောင်းမှူးရွာက အသက် ၃၇ နှစ်အရွယ် လီဆူအ မျိုးသားတဦးကို ဆေးပြားတွေနဲ့အတူ ကားကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။






