Border News Agency
ကျောက်မဲ၊ စက်တင်ဘာ ၂၅။
ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့အမျိုးသားတဦးသေဆုံးပြီးအမျိုးသမီးနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ တအာင်းတပ်မတော်က စက်တင်ဘာလ ၂၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်းပင်ပေါကျေးရွာကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်ဦးဆန်လွင်သေဆုံးခဲ့ပြီးဇနီးဖြစ်တဲ့ဒေါ်နီနီနဲ့သမီးဖြစ်သူမဆုနဒီလွင်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ပင်တီးကျေးရွာကို မနေ့က စစ်ကော်မရှင်လေကြောင်းမှ ပေါင်၂၅၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကျော င်းဆောင်နဲ့ဆွမ်းစားဆောင်တို့ပျက်စိိီးသွားခဲ့ပါတယ်။
နောက်ပြီးနမ့်ဆော့ကျေးရွာကိုလည်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေစိုက်ပျိုးထားတဲ့ပြောင်းဖူးခြံတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာကိုရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ဆိုပါတယ်။






