Border News Agency
စစ်တွေ၊အောက်တိုဘာ ၁၅။
ရခိုင်မှာ ရွေးကောက်ပွဲအတွက် ပြည်နယ်အဆင့် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့အစည်းအဝေးခန်းမမှာလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေ၊ အဖွဲ့ဝင်တွေအပြင်ဖိတ်ထားသူတွေတက်ရောက်ခဲ့ကြပါတယ်။
ကျောက်ဖြူနဲ့မာန်အောင်က ခရိုင်၊မြို့ နယ်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေကလည်း Video Conference စနစ်နဲ့ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြ ည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန် ကြီးဗိုလ်မှူးကြီးကျော်သူရကလာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့လုပ်မယ့် ရွေး ကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြင်ဆင်နေပြီမဲဆန္ဒရှင်အခွင့်အရေးတွေ မနစ်နာ၊ မ သာမာမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြည်နယ်၊ခရိုင်၊မြို့နယ်အ ဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ဖွဲ့စည်းတာဝန်ပေးပြီးဖြစ်ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာတွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်အောင် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် လုံခြုံရေးကြီးကြပ်မှုကော်မတီတွေကိုတာဝန်ပေးထားတယ်လို့ ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲမှာအသုံးပြုမယ့် မဲပေးစက်တွေကို လွှတ်တော်သုံးရပ်မဲဆ န္ဒနယ်တွေ၊တိုင်းရင်းသားလူမျိုးမဲဆန္ဒ နယ်တွေအတွက် သတ်မှတ်အရေအတွ က်အတိုင်းရရှိပြီး စနစ်တကျထိန်းသိ မ်းထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မဲပေးစက်သုံးနည်းသင်တန်းတွေဖွင့်ပြီး အများပြည်သူနားလည်အောင် အသိပညာပေးလုပ်ငန်းတွေ၊ လက်တွေ့စမ်းသပ်မဲပေးတာတွေလည်း လုပ်နေကြတယ်လို့ ဆိုပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင် အားဝန်ကြီးဌာန၊ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှညွှန်ကြားရေးမှူးက မဲစာရင်းမှန်ကန်ရေး၊ မဲဆန္ဒရှင်စာရင်းပြုစုရေးတွေကို ရှင်းပြခဲ့ပြီးပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှအရာရှိတွေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ကော်မတီဥက္ကဋ္ဌတွေလည်း ဆောင်ရွက်နေတာတွေကို တင်ပြခဲ့ကြတယ်လို့ ဆိုကြပါတယ်။






