Border News Agency
ဧရာဝတီ၊ အောက်တိုဘာ ၃၁။
ဧရာဝတီတိုင်းမှာ စစ်ကော်မရှင်တပ်ကြောင့် အရပ်သားနှစ်ဆယ့်လေးဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အောက်တိုဘာလ ၃၁ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဧရာဝတီတိုင်း၊ စပြင်ကျေးရွာကို အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားနှစ်ဆယ့်လေးဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ပြည်သူတွေအပေါ် စစ်ကော်မရှင်တပ်က စစ်ရာဇဝတ်မှုတွေကျူးလွန်နေပြီး ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဟန်ပြပြောနေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူတွေရဲ့မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းရတယ်လို့လည်းဆိုပါတယ်။
အဲဒါကြောင့် ပြည်သူအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေကို သတိထားစောင့်ကြည့်ကြဖို့လည်း အသိပေးထားပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမှာဖြစ်သလို အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့လည်းဆိုပါတယ်။






