Border News Agency
ရွာငံ၊ နိုဝင်ဘာ ၁ ။
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဓနုပြည်ကာကွယ်ရေးတပ်မှ နိုဝင်ဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီရွာငံမြို့နယ်၊ ရနဲကျေးရွာအနီးမှာ ရိက္ခာသယ်ပြီးပြန်လာတဲ့ စစ်ကော်မရှင်ဖွဲ့ဝင်တွေကို အောက်တိုဘာလ ၃၀ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီးတဦးဒဏ်ရာရသွားသလို MA -1 တလက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာသေဆုံးနေတဲ့ စစ်ကော်မရှင်တပ်သားရဲ့ ရုပ်အလောင်းကိုတွေ့ခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေဟာ မင်းပလောင်ဘက်ကို ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၂၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားနှစ်ရာခန့်ကို DSNA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။






