Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၀။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)ရဲ့ ဒဏ်ရာရရဲဘော်တွေအတွက် အာရက္ခတပ်တော်(AA) ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူအဖွဲ့က ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ CNDF မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီတော်လှန်ရေးကာလ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေအတွက် ငွေကျပ်လေးဆယ်နှစ်သိန်းအပါအဝင် သူပုန်ဖြူကဗျာစာအုပ်လေးဆယ်နှစ်အုပ်၊ လွယ်အိတ်လေးဆယ်နှစ်လုံး၊ စာအိတ်လေးဆယ်နှစ်အိတ်ထောက်ပံ့ပေးခဲ့တာပါ။
အဲဒီချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေကို ထောက်ပံ့ပေးလို့သပုန်ဖြူအဖွဲ့ကို ကျေးဇူးအထူးတင်တယ်လို့လည်းဆိုပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ရေးသားတဲ့ “သူပုန်ဖြူ” တော်လှန်ရေးကဗျာစာအုပ်ကို ပြီးခဲ့တဲ့ မေလက ရခိုင်-မြန်မာနှစ်ဘာသာနဲ့ ထုတ်ဝေခဲ့တာပါ ။
အဲဒီကဗျာစာအုပ်ကို တော်လှန်ရေးနယ်မြေတွေကတဆင့် ထိုင်းနိုင်ငံအပါအဝင် ပြည်တွင်း၊ ပြည်ပမှာရောင်းချခဲ့သလို လေလံတင်ရောင်းချခဲ့တာမို့ အမေရိကန်ဒေါ်လာ လေးသောင်းထိရရှိခဲ့ပါတယ်။






