Boder News Agency
အီရန်၊ မေ ၂၄။
အီရန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့အတွက် အချက်အလက်အများစုကို ညှိနှိုင်းထားပြီးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ဒါပေမယ့်ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးကိစ္စနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေရှိနေဆဲဖြစ်တယ်လို့ Reuters သတင်းဌာနမှာ ဖော်ပြထားတာပါ။
သမ္မတဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးမူဘောင် အသေးစိတ်အချက်အလက်တွေကို မကြာမီကြေညာသွားမှာဖြစ်ပြီးလက်ရှိမှာလည်း ဆွေးနွေးမှုတွေဆက်လုပ်နေတယ်လို့ သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါပေမယ့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမယ်ဆိုတဲ့ နားလည်မှုစာချွန်လွှာပါ ထရမ့်ရဲ့ပြောကြားချက်တွေနဲ့ပတ်သက်လို့တော့ အီရန်အစိုးရဘက်က ပြန်လည်ငြင်းဆိုထားတယ်လို့ သိရပါတယ်။




