Border News Agency
ဆိုင်ဟ၊ဇူလိုင် ၁၈။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ဆိုင်ဟခရိုင်မှာ ဇူလိုင်လ ၁၇ ရက်နေ့က ဘိန်းခြောက်ဒသမရှစ်ခုနှစ်ကီလိုဂရမ်နဲ့အတူမြန်မာတဦးအပါအဝင်နှစ်ဦးကိုဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖမ်းဆီးမှုကို မီဇိုရမ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာနနဲ့ဒေသခံလူင ယ်အသင်းပေါင်းပြီး ဆိုင်ဟခရိုင်မှာ လုပ်ခဲ့တာပါါ
အဲဒီဘိန်းတွေကို မင်းတပ်မြို့နယ်မှမီဇိုရမ်ပြည်နယ်၊လောင်းတလိုင်မြို့မှာ ရောင်းဖို့သယ်ဆောင်လာတာမို့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ်က အသက်လေးဆယ်အ ရွယ်မြန်မာနိုင်ငံသားလီဆာနဲ့မီဇိုရမ်ဒေ သခံ အသက်လေးဆယ်တနှစ်အရွယ် Chungnuamthangaဖြစ်ပါတယ်။
သူတို့နှစ်ဦးကို မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်ထားပြီး ဇူလိုင်လ ၁၈ ရက်နေ့တရားရုံးသို့ လွှဲပြောင်းပို့ထားပါတယ်။






