Border News Agency
တအာင်း၊ဇူလိုင် ၂၁။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတ ပ်ဦးဟာ ပလောင်ဒေသကို တအာင်းပြည်နယ်ပေါ်ထွန်းရေးကို ရည်မှန်းထားတယ်လို့ အမျိုးသားစည်းလုံးညီညွတ် ရေးနဲငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၉ ရက်နေ့ကနေပြည်တော်ရှိ ရွှေစံအိမ်ဟို တယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး NSPNC ဘက်မှ တာဝန်ရှိသူဆယ့်တဦးနဲ PSLF/TNLA ဘက်မှဒုတိယဥက္ကဋ္ဌ ၁ တားဂျားဂျားဦးဆောင်တဲ့ကိုယ်စားလှယ်ခြော က်ဦးတက်ရောက်ခဲ့ကြတာပါ။
အဲဒီတအာင်းဒေသဟာဖွဲ့စည်းပုံအခြေ ခံဥပဒေအရတခြားပြည်နယ်တွေနဲ့ တ န်းတူစီမံအုပ်ချုပ်ခွင့်ရရှိပြီးပြည်ထော င်စုမှလုံးဝခွဲမထွက်ဘဲပြည်ထောင်စုကို အတူတကွ တည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ PSLFဆွေးနွေးခဲ့ပါတယ်။
အဲဒီအပြင် တအာင်းတပ်မတော်နဲ တအာင်းဒေသခံ ပြည်သူတွေဟာ ဆယ်စုနှစ်ကျော်ကာလထိ တိုက်ပွဲတွေ၊စစ်ဘေးဒဏ်တွေကို ရင်ဆိုင်ခဲ့ရတာကြော င့် စစ်ဘေးဒဏ်ကို ရှောင်ရှားပြီး အေး ချမ်းစွာနေထိုင်လိုတဲ့ ဆန္ဒရှိကြောင်းလည်း ပြောခဲ့တာပါ။
အဲဲဒီမိုင်းငေါက်၊မန္တုံး၊နမ့်ဆန်နဲနမ့်ဆန်း စတဲ့မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေ က င်းဝေးပြီး ပြည်သူတွေအတွက် ကောင်း မွန်တဲ့အုပ်ချုပ်ရေး ဖော်ဆောင်ပေးနေကာ ပညာရေး၊လူဦးရေစာရင်းနဲလူမှုစီးပွားဘဝဖွံ့ဖြိုးရေးဆိုင်ရာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဟိုပိုင်သဘောတူညီချက်တွေလိုက်နာရေး၊နယ်စပ်ဒေသ တည်ငြိမ်ရေးနဲပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအပါအဝင် ရှေ့ဆက်ကျင်းပမယ့် တွေ့ဆုံဆွေးနွေးပွဲတွေကို နမ့်ဆန်မြို့မှာ ကျင်းပနိုင်ရေး NSPNC အဆိုပြုထားပါတယ်။






