Border News Agency
မီဇိုရမ်၊သြဂုတ် ၁၄။
အိန္ဒိယ-မြန်မာနယ်စပ်၊ မိုဇိုရမ်ပြည်နယ်အတွင်း တရားမဝင်ကုန်ကူးတာတွေနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေကို နှိမ်နင်းတဲ့စစ်ဆင်ရေးကို အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မိုဇိုရမ်ရဲတပ်ဖွဲ့ပေါင်းလုပ်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း သြဂုတ်လ ၁၃ ရက်နေ့က စုစုပေါင်းအိန္ဒိယရူပီးခုနှစ်ကုဋေရှစ်ဆယ့်တသိန်း (မြန်မာကျပ်ငွေဘီလီယံချီ)တန်ဖိုးရှိ ဘိန်းဖြူနဲ့ကွမ်းသီးတွေကို ဖမ်းမိခဲ့တာပါ။
အဲဒီချမ်ဖိုင်းခရိုင် မူအယ်လ်ကဝီးလမ်းမပေါ်မှာ ရူပီးတကုဋေနှစ်ဆယ့်ကိုးသိန်းတန်ဖိုးရှိ ကွမ်းသီးအလေးချိန်တသောင်းနှစ်ထောင်လေးရာကီလိုဂရမ်ကို သိမ်းမိခဲ့ပါတယ်။
အဲဒီအပြင် ဆိုင်တွာလ်ခရိုင်၊ ကေဖန်းဒေသမှာလည်း ရူပီးခြောက်ကုဋေငါးဆယ့်တသိန်းတန်ဖိုးရှိ နံပါတ်လေးဘိန်းဖြူအလေးချိန် ရှစ်ရာ့ခြောက်ဆယ့်ရှစ်ဂရမ်ကိုရှာတွေ့ခဲ့ပြီး ဆက်စပ်အမျိုးသားနှစ်ဦးကိုလည်း ဖမ်းခဲ့တာပါ။
အဲဒီဖမ်းမိမှုတွေဟာ နယ်စပ်ဒေသအတွင်းမူးယစ်ဆေးဝါးနဲ့ မှောင်ခိုကုန်စည်စီးဆင်းမှုကွန်ရက်တွေကိုဖြိုခွဲဖို့ အာသံရိုင်ဖယ်တပ်ဖွဲ့ဆောင်ရွက်နေတဲ့ စစ်ဆင်ရေးရလဒ်တွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။








