Border News Agency
ဒါကာ၊ အောက်တိုဘာ ၂၀။
အာရက္ခဒေသမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေနဲ့ ရက်စက်ကြမ်းကြု
တ်တဲ့ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေအနေနဲ့မိမိတို့ရဲ့ နေရပ်တွေကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်တာမရှိသေးဘူးလို့ မြန်မာ
နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အပြီးမှာ ပြောပါတယ်။
နီကိုလတ်စ်ခွန်ဂျန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခြောက်ရက်ကြာ ခရီးစဉ်အတွင်း ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် အစိုးရအဆင့်မြင့်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာနှစ်ရာကျော်နဲ့လည်းတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။
”အရပ်သားတွေကို အကြမ်းဖက်နေမှု အဆုံးသတ်ရေးနဲ့ ဒီရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိရေးဟာ ရိုဟင်ဂျာ အသိုင်းအဝန်းတွေဘေးကင်းလုံခြုံစွာနဲ့ ရေရှည်တည်တံ့စွာ နေရပ်ပြန်နိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ဒီလိုဆောင်ရွက်နိုင်မှသာ ရခိုင်ပြည်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်း အား
လုံးအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို စတင်နိုင်မှာ ဖြစ်ပါတယ်။”လို့ နီကိုလတ်စ်ခွန်ဂျန်ကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး အာရက္ခတပ်တော်နဲ့အာဏာသိမ်းစစ်တပ်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာတသိန်းငါးသောင်းလေးထောင်ကျော် ဘင်္ဂလားဒေ့ရှ်ကိုထပ်မံ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဦးရေ တစ်ဒသမနှစ်သန်းကျော် ရှိလာနေတာ ဖြစ်ပါတယ်။
အဲဒီအပြင် နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးပြုန်းစေမှုကို တားဆီးဖို့ ပျက်ကွက်ခဲ့တာရှိမရှိ စစ်ဆေးသုံးသပ်နေချိန်လည်းဖြစ်ပြီး လာမယ့်လတွေအတွင်း ICJ က ဆုံးဖြတ်ချက် ချနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။









