Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး ကျောက်တော်မြို့နယ် စစ်ဘေးရှောင် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

စစ်ဘေးရှောင်ကလေးတွေကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

(ဓာတ်ပုံ - ကျောက်တော်မြို့နယ်မှစစ်ဘေးရှောင်စခန်းတခု / BNA)

(ဓာတ်ပုံ - ကျောက်တော်မြို့နယ်မှစစ်ဘေးရှောင်စခန်းတခု / BNA)

Author picture

By

BNA Author
Reading Time: 1 min read
2
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ ဇူလိုင် ၁၄။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက စစ်ဘေးရှောင်ကလေးတွေဟာအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်က လေးငယ်တဆယ်ကျော်ဟာ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားနေတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီဝါးတောင်စစ်ဘေးရှောင်စခန်းမှာစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ဇွန်လဒုတိယအပတ်ကတည်းက သွေးလွန်တု ပ်ကွေးရောဂါဖြစ်နေတာလို့ စစ်ဘေးရှောင်တွေက ကြပါတယ်။

အဲဒီအချိန်က ကလေးငယ်တဦးသာဖြစ်ခဲ့ပေမယ့်ကလေးငယ်တဆယ်ကျော်ထိ ဖြစ်လာကြတာမို့ စစ်ဘေးရှောင်တွေစိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီရောဂါခံစားနေရတဲ့ ကလေးငယ်တွေဟာ အသက်ခြောက်နှစ်မှဆယ့်လေးနှစ်အရွယ်တွေဖြစ်ကြပြီး စစ်တွေ၊ပုဏ္ဏားကျွန်း၊ကျောက်ဖြူ၊သံတွဲ စတဲ့မြို့နယ်တွေကဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ကျန်းမာရေးကဏ္ဍသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာ နှစ်ကြိမ်၊သုံးကြိမ်ရှိပါပြီ။ခုလည်းဖြစ်နေကြပါတယ်။က လေးတဆယ်ကျော်လောက်ရှိပါတယ်။” ဝါးတောင်စစ်ဘေးရှောင်စခန်းတာဝ န်ခံက Border News Agency ကို ပြောပါတယ်။

အဲဒီကလေးငယ်တွေထဲမှာ အသက်ရှစ်နှစ်အရွယ်မောင်လင်းလင်း၊ အသက်ကိုးနှစ်အရွယ်မထက်မြတ်လင်း၊ အသက်ဆယ့်လေးနှစ်အရွယ်မလှနွယ်ဦးဟာ ရောဂါပြင်းထန်တာမို့မြောက်ဦးမြို့နယ်မှာအရေးပေါ်ကုသမှုခံယူထားရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီအပြင် နောက်ထပ်ကလေးငယ်တွေလည်း မိသားစုစားဝတ်နေရေးအခက် အခဲကြောင့် ဆေးမကုနိုင်သေးတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆို ကြပါတယ်။

“ဆေးခန်းသွားပြဖို့ ငွေကြေးမတတ်နိုင်ပါဘူး။ တတ်နိုင်ရင်ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလိုချင်ပါတယ်။ကျ န်းမာရေးအဖွဲ့တဖွဲဖြစ်ဖြစ်စခန်းထဲကိုလာပြီးစောင့်ရှောက်ပေးစေချင်ပါတ ယ်။” လို့ ဝါးတောင်စစ်ဘေးရှောင်စခန်းမှစစ်ဘေးရှောင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရတာဟာ မသန့်ရှင်းတဲ့ရေတွေ၊ နေရာထိုင်ခင်းတွေ၊ အစားအစာတွေ၊ နေရာဒေသ၊ ရာသီအကူးအပြောင်းတွေကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဝါးတောင်စစ်ဘေးရှောင်စခန်းမှာ စစ်တွေ၊သံတွဲ၊ပုဏ္ဏားကျွန်းစတဲ့မြို့နယ်တွေက စစ်ဘေးရှောင်အိမ်ထောင်စုသုံးဆယ်သုံးစု၊လူဦးရေစုစုပေါင်းတရာ့သုံးဆယ်ရှစ်ဦး နေထိုင်ကြပါတယ်။

အဲဒီရောဂါတွေမဖြစ်ပွားရအောင် ကာကွယ်ဖို့ လုံခြုံတဲ့ခြင်ထောင်အောက်မှာ အိပ်စက်ဖို့လိုအပ်သလို ခြင်ကိုက်မခံရအောင်နေဖို့လည်း လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။

“သွေးလွန်တုပ်ကွေးရောဂါက အတွင်းမှာသွေးယိုစိမ့်ပြီး သွေးခမ်းတာတွေဖြစ်တတ်တယ်ပေါ့နော်။ပထမနဲ့ ဒုတိယအဆင့်ဆို ကုသလို့ရပါသေးတယ်။ တတိယနဲ့စတုတ္တအဆင့်ဆိုရင် ကုသလို့မရတော့ပါဘူး။ အဲဒီရောဂါတွေဖြစ်နေတာကို ဖြစ်မှန်းမသိပါဘူး။ ဒီအတိုင်းဆေးမသောက်ဘဲနေလိုက်ရင် အသက်သေစေတဲ့အထိကို အန္တရာယ်ရှိပါတယ်။” လို့ ကျန်းမာရေးဝန်ထမ်းဟောင်းတဦးက Border News Agencyကို ပြောပါတယ်။

အဲဒီရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိရင် ဆေးစစ်မှုခံယူပြီး ရောဂါအဆင့်အလိုက် ဆေးဝါးကုသမှုတွေခံယူဖို့လို အပ်တယ်လို့လည်း ဆိုပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက အာရက္ခဒေသကို စစ်ကောင်စီတပ်က ကုန်လမ်း၊ ရေလမ်းတွေပိတ်ဆို့ထားတာမို့ ဆေးဝါးရှားပါးတာတွေ၊ အရေးပေါ်ဆေးလိုအပ်ရင် ဆေးရှာမရတာတွေ ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousစစ်ဘေးရှောင်တွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ
Nextကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်လေးဦးဒဏ်ရာရNext
Previous Post

စစ်ဘေးရှောင်တွေ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ

Next Post

ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်လေးဦးဒဏ်ရာရ

Comments 2

  1. 1ii2a says:
    5 months ago

    cialis max dose – site cialis com coupons

    Reply
  2. 6rs5w says:
    5 months ago

    generic cialis available in canada – https://strongtadafl.com/ tadalafil tablets 20 mg reviews

    Reply

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page