Border News Agency
သံတွဲ၊ သြဂုတ် ၃ ။
သံတွဲမြို့နယ်၊ ဂျိတ္တောရွာကို သြဂုတ်လ ၂ ရက်၊မနေ့က စစ်ကောင်စီတပ်နေဗီကနေ လက်နက်ကြီးပစ်ခတ်လို့နေအိမ်တအိမ်ပျက်စီးသွားခဲ့ပါတယ်။
အဲဒီဂျိတ္တော၊အမှတ် ၄ ရပ်ကွက်က ဦးအောင်ထွန်းရဲ့နေအိမ်ဟာ လက်နက်ကြီးကျဥ်ကျလို့ ပျက်စီးသွားခဲ့ပါတယ်။
စစ်ကောင်စိိီတပ်ရဲ့ပင်လယ်ပြင်မှာရှိတဲ့ နေဗီက မနေ့၊ညနေ ၃ နာရီ ၃၅အချိန်မှာအဲဒီဂျိတ္တောကျေးရွာကို ရွယ်ရည်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် နေအိမ်တအိမ်ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက်၊ဒဏ်ရာရတာမရှိခဲ့ပါဘူး။
အဲဒီအပြင် ၃ နာရီ ၃၇ မိနစ်ချိန်ကလည်းနောက်ထပ်လက်နက်ကြီးပစ်ခတ်တာကြောင့် ဂျိတ္တောအမှတ် ၄ ရပ်ကွက်ရှိ ဦးစိန်အောင်ကြည်ရဲ့နေအိမ်အနောက်ဖက်မှာကျရောက်ပေါက်ကွဲခဲ့ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ညောင်ပင်ရင်းကျေးရွာမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၁၀ ရက်နေ့ကလည်းစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးကျော်လှမှာ ညာဖက်လက်မောင်း၊ညာဖက်ခြေထောက်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်ပေါက်တောမြို့နယ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကောင်စိတပ်ဟာ အာရက္ခတပ်တော်(AA)တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နယ်အပါအဝင်မြို့နယ်အားလုံးကို ဇူလိုင်လ ၃၁ ရက်နေ့က အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေလို့ အရ ပ်သားပြည်သူတွေ သေဆုံး၊ဒဏ်ရာရနေကြပါတယ်။






