Border News Agency
မန္တလေး၊ သြဂုတ် ၂၀။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးရွာရှိ 147 KTV ကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဩဂုတ်လ ၁၉ ရက်၊ မနေ့က စဥ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးရွာရှိ 147 KTV ကိုတံတားတံတားဦး လေတပ်မှ YAK 130 နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒါကြောင့် အရပ်သားခြောက်ဦးသေ ဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပြီး အဆောက်အဦးတချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီစဉ့်ကူးမြိုနယ်လက်ပန်လှကျေးရွာ ရဲစခန်းနဲ့ရွှေပန်တောကျေးရွာကို ဇူလိုင် လ ၂၉ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်တာတွေကြောင့်အ ကျဉ်းသားတွေ၊သံသယတရားခံအမျိုး သား နှစ်ဆယ့်တဦး၊အမျိုးသမီးတဦးသေဆုံးသွားခံပြီးသုံးဆယ်ကျော်ဒဏ် ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်အနှံ့မှာ လေကြောင်းတိုက် ခိုက်မှုတွေကို စစ်ကော်မရှင်တပ်နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ နေ့စဥ်သေဆုံးဒဏ်ရာရနေကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြုလုပ်လာနေပေမယ့် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေက ထိရောက်တဲအရေးယူတာတွေမရှိကြဘူးလို့ မြန်မာပြည်သူတွေက ဆိုကြပါတယ်။







Comments 2
https://www.behance.net/gallery/207414235/Vinjeta-za-Cesku
https://webyourself.eu/blogs/464038/Strade-a-pedaggio-nella-Repubblica-Ceca