Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁။
အာရက္ခဒေသမှာ ရေဒီယို ၁ လုံးကို ကျပ်ခုနှစ်သောင်းကျော်ထိဈေးကျဆင်းသွားပေမယ့် သတင်းအချက်အလက်သိရဖို့အသုံးပြုသူနည်းပါးနေတယ်လို့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမစတင်ခင်က ရေဒီယို ၁ လုံးကို အမြင့်ဆုံးဈေးကျပ်တသောင်းကျော်ဝန်းကျင်ခန့်သာရှိခဲ့တယ်လို့ ဆိုကြပါတယ်။
စစ်ပွဲဖြစ်ပွားပြီးနောက်မှာ လမ်းပန်းဆ က်သွယ်ရေးပိတ်ပင်ခံရတာတွေကြောင့် ပစ္စည်းတွေပြတ်လပ်တာ၊ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာ၊လျှပ်စစ်မီးတွေလည်း ပြတ်တောက်သွားတာမို့ သတင်းအချက်အလက်သိရဖို့ အသုံးပြုသူတွေလည်းရှိလာတဲ့အတွက် ကျပ်တသိန်းဝန်းကျင်ခန့်ထိ ဈေးတက်ခဲ့တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
“ရေဒီယိုအသုံးပြုသူက ပိုနည်းလာတယ်။ တိုက်ပွဲတွေဖြစ်ခါစကဝယ်သူတွေရှိလို့ဈေးတက်ခဲ့သေးတယ်။ ခုကဝယ်သူမရှိဘူး။ ဈေးကျနေလည်း အဝယ်နည်းတယ်။ ထင်တာတော့ငွေကြေးအခက်အခဲကြောင့်အသုံးမပြုနိုင်တာလို့ထင်တယ်။ ရေဒီယိုခေတ်ကုန်သွားပြီလို့တောင်ပြောလို့ရတယ်။” လို့ကျောက်တော်မြို့ရှိလျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခပြည်သူတွေမှာ စစ်ပွဲကာလာ အလုပ်အကိုင်ရှားပါးတာကြောင့် နေ့စဥ်ဝင်ငွေမရှိတာ၊တနေ့တာမိသားစုစားဝတ်နေရေးကိုအနိုင်နိုင်ဖြေရှင်းနေရလို့ ငွေကြေးအခက်အခဲတွေကြောင့်လည်း သတင်းအချက်အလက်သိရဖို့ ရေဒီယိုကို အသုံးမပြုနိုင်ကြဘူးလို့လည်း ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် သတင်းအချက်အလက်တွေသိရဖို့ ရေဒီယိုကိုဝယ်ယူအသုံးပြုပေမယ့် ရေဒီယိုသတင်းတွေထုတ်လွှင့်တဲ့လှိုင်းတွေအစုံမရရှိတော့ဘဲ မြန်မာ့အသံနဲ့ BBC စတဲ့လှိုင်းတွေသာရတာမို့ သတင်းအစုံမသိရတော့ဘူးလို့လည်း ဆိုကြပါတယ်။
“ရေဒီယိုသတင်းလွှင့်တဲ့အစီအစဥ်တွေက လှိုင်းစုံမရတော့ဘူး။မြန်မာ့အသံနဲ့ BBC အဲလှိုင်းတွေဘဲရတော့တယ်။ခုအ သုံးပြုနေတဲ့ရေဒီယိုကပျက်လာလို့အ သစ်တလုံးဝယ်ရမလားတွေးနေတာတောင်လှိုင်းစုံမရလို့ဝယ်ဖြစ်မယ်မဟု တ်တော့ပါဘူး။ရေဒီယိုက သတင်းသိဖို့သုံးတာလေ။သတင်းစုံမရတော့မသုံးကြတော့ဘူး။” လို့ ကျောက်တော်မြို့နယ်ရှိ ရေဒီယိုအသုံးပြုနေသူ အမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသမှာ လျှပ်စစ်မီးပြတ်တော က်နေတဲ့အတွက်ငွေကြေးတတ်နိုင်သူတွေမှာ ဆိုလာမီးကိုအသုံးပြုပြီး သတ င်းအချက်အလက်တွေကို စိတ်ဝင်စားသူတွေမှာ ရုပ်မြင်သံကြား(TV )မှကြ ည့်ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုငွေကြေးမတတ်နိုင်သူတွေ၊ အိမ်မှာ ရုပ်မြင်သံကြား(TV)မရှိတဲ့သူတွေဟာ သတင်းတွေသိရဖို့အတွက် ရုပ်မြင်သံကြားရှိတဲ့အိမ်တွေသွားရောက်ပြီးစုပေါင်းကြည့်နေကြရတယ်လို့ ဆိုကြပါတယ်။
အာရက္ခဒေသမှာ ရုပ်မြင်သံကြားတွေ၊ ဖုန်းတွေမပေါ်သေးတဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်တခုကျော်အကြာက သတင်းအချက်အလက်တွေသိရဖို့အတွက် ဒေသခံပြည်သူတွေဟာ ရေဒီယိုကိုသာအသုံး ပြုခဲ့ကြရတယ်လို ပြည်သူတွေကဆိုကြပါတယ်။






