Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၃၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့အဝင်နေရာ၊ ၅၅၀ တပ်ရင်းအနီးဝန်းကျင်၊ အထက်တန်းကျောင်းအနီးဝန်းကျင်နေရာ၊ မြို့ပေါ်ရပ်ကွက်တချို့ကို အောက်တိုဘာလ ၃၀ ရက်၊ဒီနေ့၊နေ့လည် ၁ အချိန်ခန့်က
စစ်ကော်မရှင်တပ်က တိုက်လေယာဥ်နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့ရှိ ၅၅၀တပ်ရင်းအနီးမှာနှစ်လုံး၊ အထက်တန်းကျောင်းအနီးမှာတလုံး၊ မြို့ပေါ်ရပ်ကွက်တချို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုကြပါတယ်။
“အသံကတော့ ဆက်တိုင်းကြားရတ ယ်။ဗုံးရှစ်လုံးကြဲချခဲ့တာ။မြို့ဝင်ဝနေ ရာတွေနဲ့အထကစာသင်ကျောင်းဝန်း ကျင်တွေမှာကျတယ်။မြို့ထဲက ရယ်ကွက်တွေမှာလည်း ကျတယ်။” လို့ ပု ဏ္ဏားကျွန်းမြို့ခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီနေရာအားလုံးမှာအရပ်သားပြည်သူတွေမနေကြတာမို့ အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရတာတွေမရှိကြပေမယ့်နေအိမ်အဆောက်အအုံတွေပျ က်စီးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီနောက် စစ်ကော်မရှင်တပ်တိုက်လေယာဥ်တွေဟာ မြို့ပေါ်မှာဆက်ပျံကင်းထောက်တာတွေပြုလုပ်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်လာနိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်နဲ့စစ်တွေမြို့နယ်ကြားမှာ အာရက္ခတပ်တော်နဲ့စစ်ကော်မရှင်တပ်ကြား အပြန်အလှန်ပစ်ခတ်မှုတွေမကြာခဏဖြစ်နေသလို စစ်ရေးတင်းမာမှုအမြင့်ဆုံးဖြစ်နေ့တယ်လို့ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပု ဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ်ပြန်သိမ်းဖို့ကြိုးစားပြင်ဆင်နေပြီး ပုဏ္ဏားကျွန်းမြို့နယ်မှာ ခြေကုတ်ယူထိုးစစ်ဆင်ဖို့စစ်အင်အားဖြည့်ပြင်ဆင်နေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ဟာ ပြည်နယ်စစ်ကော်မရှင်ရုံးစိုက်ထားတဲ့ စစ်တွေမြို့ နယ်နဲ့ နယ်နိမိတ်ဆက်စပ်နေသလိုကုလားတန်စီမံကိန်းဖြတ်သန်းလာလမ်းကြောင်းမှာတည်ရှိနေပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့က အာရက္ခတပ်တော်မှအပြီးသတ်သိမ်းပိုက်ထိ န်းချုပ်ထားတာမို့ ဒေသကွပ်ကွဲမှုစစ် ဌာနချုပ်တည်ရှိရာပြည်နယ်မြို့တော်စစ်တွေကို စစ်ရေးအရခြိမ်းခြောက်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်အနီးအနားနေရာအားလုံးမှာရေတပ်စစ်သင်္ဘောတွေ၊အ ထိုင်ခံစစ်တွေပြုလုပ်ပြီးအင်အားထော င်ချီဖြည့်တင်းခံစစ်ပြုလုပ်ထားပြီမို့ စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့မလွယ်တော့ဘူးလို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒါကြောင့်စစ်ကော်မရှင်တပ်ရဲ့ကြ ည်း၊ရေ၊လေပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ပြန်သိမ်းနိုင်မယ့် ပုဏ္ဏားကျွန်းမြို့နယ်ဟာ စစ်ကော်မရှင်တပ်ပထမဆုံးပြန်သိမ်းဖို့ထိုးစစ်ဆင်မယ့်မြို့နယ်ဖြစ်နိုင်တာမို့အရပ်သားပြည်သူတွေ၊ စစ်ဘေးရှောင်တွေ ကြိုတင်ပြင်ဆင်သတိထားသင့်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေကြသူတွေက ဆိုကြပါတယ်။





