Border News Agency
ပဲခူးခရိုင်၊ စက်တင်ဘာ ၁၈။
ပဲခူးခရိုင်၊ပကဖရဲ့ အပတ်စဉ် ၁ တိုက်ခိုက်ရေးမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၁၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနနဲ့ပူးပေါင်းပြီး ပဲခူးတိုင်းတော်လှန်ရေးနယ် မြေတခုမှာ စက်တင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီသင်တန်းကိုအစီအစဥ် ၁၂ ခုနဲ့ပြု လုပ်ပြီး ပဲခူးခရိုင်ပကဖနာယကကြီး အဖူးမန်းဂျော်နီ၊ အထူးတိုင်းစစ်ဌာနနည်းဗျူဟာမှူးရဲဘော်ရန်နိုင်၊ ABSDF ရဲဘော်ဟောင်းရဲဘော်လွမ်းသူက အမှာစကားတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းမှာသင်တန်းသားရဲဘော်တွေဟာ သစ္စာရေသောက်တာ၊ သစ္စာအဓိဌာန်ဆိုတာတွေကိုပြုလုပ်ခဲ့ပြီး ပဲခူးခ ရိုင်မှစံပြရဲဘော်ဆု၊အကောင်းဆုံးတပ် စိပ်ဆုတွေကိုချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒိီအပြင် ပဲခူးခရိုင်ပကဖတာဝန်ခံ ရဲဘော်ဖြိုးမောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ABSDF အမှတ်-၃ တပ် ရင်းမှူးနဲ့ရဲဘော်တွေ၊ပဲခူးခရိုင်အတွင်းရှိပဲခူး ဘုရားကြီး၊ အင်းတကော်၊သနပ္ပင်၊ ဝေါ၊ကဝ၊ဒိုက်ဦးမြို့နယ်တွေက ကပဖ တာဝန်ခံတွေနဲ့ ရဲဘော်တွေ တက်ရော က်ခဲ့ကြတယ်လို့ဆိုပါတယ်။











