Border News Agency
မန္တလေး၊ စက်တင်ဘာ ၁၉။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့အခြေခံစစ်ပညာအပတ်စဉ် ၁၇ သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေနေရာမှာပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာ ၁၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းကာလအတွင်း အခြေခံစစ်ပညာဆိုင်ရာသင်ခန်းစာတွေ၊စစ်နည်းဗျူဟာရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာတွေ၊ စစ်သည်တော်ကျင့်ဝတ်နဲ့စည်းကမ်းဆိုင်ရာသင်ခန်းစာတွေ၊နိုင်ငံရေးအသိပညာတွေနဲ့ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့တယ်လို့ဆိုပါတယ်။
အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတာဝန်တွေကို ဦးလည်မသုန် ဆထက်ထမ်းပိုးထမ်းဆောင်နေတယ်လို့လည်း ဆိုပါတယ်။
































