Border News Agency
မန္တလေး၊ အောက်တိုဘာ ၂၁။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီနွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကို အောက်တိုဘာလ ၁၉ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။
အဲဒီအသက်ငါးဆယ်ငါးနှစ်အရွယ်ဦးကျော်နိုင်၊ ဒေါ်ခင်သန်းနု၊ အသက်ငါးဆယ်ခုနှစ်နှစ်အရွယ်ဦးခင်မောင်ဝင်း၊ အသက်ကိုးဆယ်တနှစ်အရွယ်ဒေါ်ခင်တင့်သေဆုံးခဲ့ပြီး အသက်ဆယ်နှစ်အရွယ်မဂျူဂျူးကို၊ အသက်လေးဆယ်ငါးနှစ်အရွယ်ဒေါ်ရွှေဝါထွန်းဒဏ်ရာရသွားတာပါ။
ပဲချက်ကျေးရွာကို စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြာင်းတိုက်ခိုက်ခဲ့တာမို့ နေအိမ်အများအပြားလ ည်းပျက်စီးသွားခဲ့ပါတယ်။













