Border News Agency
မြိတ်၊ အောက်တိုဘာ ၂၇။
ကစယ်ဒိုမြို့နယ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်လေးဆယ်နှစ်လုံးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်မှ အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကစယ်ဒိုမြို့နယ်၊ သရက်ချောင်းနယ်မြေအတွင်းက လဘကျေးရွာကို အောက်တိုဘာလ ၂၅ ရက်နေ့က စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့တပ်ရင်း ၄၀၃၊ ၄၀၄နဲ့ ၄၀၅တို့ ပူးပေါင်းပြီး လဘကျေးရွာမှ ဒေသခံတွေရဲ့ နေအိမ်လေးဆယ်နှစ်လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ဆိုပါတယ်။













