Border News Agency
စစ်ကိုင်း၊ နိုဝင်ဘာ ၂၂ ။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကို စစ်ကော်မရှင်တပ်က Gyrocopter နဲ့ လေကြောင်းတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ကလေးနှစ်ဦးအပါအဝင်သုံးဦးသေဆုံးပါတယ်။
အဲဒီမုံရွာမြို့နယ်၊ ရတုံရွာနဲ့ဘူးတောင်းကန်ရွာကြားကနေရာတွေကို နိုဝင်ဘာ လ၂၂ ရက်၊ ဒီနေ့မနက် ၁၁ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတွေအပါအဝင်သုံးဦးသေဆုံးခဲ့တာပါ။
အဲဒီအသက်ငါးနှစ်အရွယ်မောင်ဟိန်းထက်အသက်ရှစ်နှစ်အရွယ် မအိရွှေရည်ဖြိုးနဲ့အသက်သုံးဆယ်အရွယ်အောင်စိုးထွေးတို့သေဆုံးခဲတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ မုံရွာ နမခ နဲ့ ၇မိုင်၊ အမြောက်တပ်နဲ့ ၁မိုင်လောက်သာဝေးတဲ့ကျေးရွာတွေကို Gyrocopterနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီမုံရွာမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကော်မရှင်တပ်ကရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်နေတာကြောင့် ကျေးရွာတချို့က ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီမုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၆ ရက်၊ သီတင်းကျွတ်လပြည့်နေ့ကလည်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဆယ်ဦးသေဆုံးပြီးလေးဆယ်ကျော်ဒဏ်ရာရသွားခဲ့ပါတယ်။












