Border News Ageny
နေပြည်တော်၊ နိုဝင်ဘာ ၂၈။
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ဘယ်လာရုစ်နိုင်ငံသမ္မတမစ္စတာအလက်ဇန်းဒါးလူကာရှန်ကိုနဲ့ မင်းအောင်လှိုင်ဟာ နိုဝင်ဘာ ၂၈ ရက်၊ ဒီနေ့မနက်ပိုင်းကသမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလို ပူးပေါင်းဆောင်ရွက်ဖို့အတွက် နားလည်မှုစာချွန်လွှာတွေကိုလက်မှတ်ရေးထိုးကြပါတယ်။
အဲဒီပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အသေးစိတ်အကြောင်းအရာအချက်အလက်တွေကို ဖော်ပြတာမရှိပါ။
အာဏာသိမ်းစစ်တပ်ဟာ ဘယ်လာရုစ်နှစ်နိုင်ငံက စစ်လက်နက်ပစွည်းတွေဝယ်ယူနေသလို စစ်လက်နက်ပစွည်း၊ နည်းပညာတွေ သင်ယူနေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကပြောဆိုထားပါတယ်။










