Border News Agency
ဆားလင်းကြီး၊ ဒီဇင်ဘာ ၆။
ဆားလင်းကြီးမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားတာတွေပြုလုပ်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီက ဒီဇင်ဘာလ ၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
လာမယ့်ဒီဇင်ဘာ ၂၈ ရက်နဲ့ဇန်နဝါရီ ၁၁ ရက်နေ့တွေမှာအပိုင်းလိုက်ကျင်းပမယ့် စစ်ကော်မရှင်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးနဲ့အတူ ဆားလင်းကြီးမြို့နယ်အတွင်း ပြည်သူလူထုကလည်းအလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်နေကြတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကိုဖန်တီးပြီး အရပ်သားအသွင်ပြောင်းလဲကာ စစ်အာဏာရှင်စနစ်အုပ်ချုပ်ရေးတခုအမြစ်တွယ်စေဖို့ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ရာသက်ပန်ဓားမိုးအုပ်ချုပ်သွားဖို့ဆိုတဲ့ ကြီးစိုးတဲ့နိုင်ငံရေးမျိုးကို ပုံဖော်သွားဖို့ပြင်ဆင်နေတာလို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ထွက်ပေါက်လို့ယူဆထားပြီး ပြည်သူအတွက်ထောင်ချောက်သာ ဖြစ်ပါတယ်လို့ဆိုပါတယ်။
ဒီအတုအယောင်ရွေးကောက်ပွဲပြီးသွားလည်း တော်လှန်ရေးကရပ်တန့်သွားမှာမဟုတ်ပဲ ပြည်သူတရပ်လုံး ဒီစစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ အဆုံးထိတိုက်ပွဲဝင်သွားမှာပဲ ဖြစ်ပါတယ်လို့ဆိုပါတယ်။













