Border News Agency
မဲဆောက်၊ဇွန် ၁၀။
ထိုင်းနိုင်ငံ၊မဲဆောက်မြို့နယ်၊ သာဆိုင်းလွတ်ကျေးရွာအုပ်စုမှာရှိတဲ့ PTT ဓာတ်ဆီဆိုင်တဆိုင်မှာ ဇွန်လ ၉ ရက်၊မနေ့ ညနေပိုင်းက ဆီလာဖြည့်တဲ့ မြန်မာကားတစီး မီးလောင်ကျွမ်းခဲ့ပါတယ်။
ကားဆီဖြည့်နေစဉ်မှာပဲ မီးလောင်ခဲ့တာဖြစ်ပြီး မီးသတ်ယာဉ်သုံး စီးနဲ့ ညနေ ၆ နာရီခွဲလောက်မှာ မီးကိုအနိုင်နိုင် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သာဆိုင်းလွတ်စည်ပင်တာဝန်ရှိသူတွေက ဆိုပါတယ်။
အဲဒီမီးလောင်သွားတဲ့ကားက မြန်မာလိုင်စင်နံပါတ် YGN 13 7C-4718 တပ်ဆင်ထားတဲ့ Toyota Lexus အမျိုးအစားဖြစ်ပြီး ကားတစီးလုံး ရာနှုန်းပြည့် မီးလောင်ပျက်စီးသွားခဲ့တာပါ။
အဲဒီ ကားတင်မကဘဲ ဓာတ်ဆီဆိုင်မှာရှိတဲ့ ဆီဖြည့်ခေါင်းတွေ၊ မျက်နှာကြက်တွေနဲ့ စီစီတီဗီကင်မရာတွေလည်း ပျက်စီးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဘာကြောင့်ဖြစ်ရလဲဆိုတာကို ဆက်ပြီး စစ်ဆေးနေပါတယ်။













