Border News Agency
မြိုင်၊ ဇူလိုင် ၁၈။
မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ဝက်ပုတ်ကျေးရွာအုပ်စု၊ ဝါးရင်းချိုင်ရွာကိုဝင်ရောက်ပြီး ဒေသခံတဦးကို သတ်ဖြတ်ကာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဇူလိုင်လ ၁၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ကိုင်းတောမ၊ အိုင်းမရွာဘက်ကနေ ဝင်လာတဲ့ အဲဒီစစ်ကြောင်းဟာဇူလိုင်လ ၁၅ ရက်နေ့က နေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းတွေကို လုယက်ဖျက်ဆီးခဲ့သလို ထွက်ပြေးဖို့အချိန်မမီတဲ့ အသက်သုံးဆယ်တနှစ်အရွယ် ကိုဖိုးပိန်ကိုလည်း ညှဉ်းပန်းသတ်ဖြတ်ခဲ့ပါတယ်။
အဲဒီအပြင် တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျွဲတင်းရွာကို ရောက်ရှိနေပြီး Y8 လေယာဉ်နဲ့ရိက္ခာဆယ်ကြိမ်ကျော် ချပေးနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတိ၊လေကြောင်းသတိနဲ့ သွားလာနေထိုင်ဖို့ အညာမြေတပ်ပေါင်းစုက သတိပေးထားပါတယ်။














