Border News Agency
ကိုလံဘီယာ၊ သြဂုတ် ၁၄။
ကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ပြင်းအားခုနှစ်ဒသမလေးအဆင့်ရှိတဲ့ အားပြင်းငလျင်ကြောင့် အခုထိလူပေါင်း နှစ်ရာ့ခြောက်ဆယ့်ငါးဦးသေဆုံးပြီး သုံးထောင်ငါးရာကျော်ဒဏ်ရာရထားပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့ကလှုပ်သွားတဲ့ ဒီငလျင်ဟာ ဒီရာစုနှစ်အတွင်းမှာ အပြင်းထန်ဆုံးဖြစ်ပြီး လူပေါင်းငါးရာနီးပါး ပျောက်ဆုံးနေသလို နေအိမ်ကိုးထောင်ငါးရာငါးဆယ်ကျော်လည်း ပျက်စီးသွားပါတယ်။
ငလျင်ကြောင့် ပီရဲရားမြို့မှာ ရှစ်ဆယ့်သုံးဦး၊ကာလီမြို့မှာ ခုနစ်ဆယ့်လေးဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ပြိုကျသွားတဲ့အဆောက်အအုံတွေအောက်က အသက်ရှင်သူတွေကို အနံ့ခံခွေးတွေ၊စက်ကိရိယာတွေနဲ့ အပူတပြင်းရှာဖွေနေကြပါတယ်။
ငလျင်ဒဏ်အပြင်းထန်ဆုံးခံခဲ့ရတဲ့ ဒေသတွေအတွက် စေတနာရှင်တွေက အစားအသောက်၊သောက်သုံးရေနဲ့ သွေးလှူဒါန်းတာတွေ လုပ်ပေးနေကြပြီး ပြည်သူသောင်းနဲ့ချီဟာ လမ်းဘေးနဲ့ ယာယီစခန်းတွေမှာပဲ နေနေကြရပါတယ်။
သမ္မတအာဘီလာဒိုဒီလာ အက်စ်ပရီယဲလာ ကတော့ စီးပွားရေးအရေးပေါ်အခြေအနေကြေညာထားပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်သုံးရက် သတ်မှတ်ထားပါတယ်။















