Border News Agency
မီဇိုရမ်၊ ဩဂုတ် ၂၁။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်မြို့ရှိ ဂန်တေးအဖွဲ့အစည်း (GKO) ရုံးကို ဩဂုတ်လ ၂၀ ရက်၊ညပိုင်းမှာ ဒေသခံလိုင်လူငယ်အသင်း (YLA) ကဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြပါတယ်။
အဲဒီဂန်တေးအဖွဲ့ ရုံးအတွင်းမှစစ်ရေးနဲ့ ဆက်စပ်တဲ့ စစ်ပစ္စည်းအသုံးအဆောင်အချို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဂန်တေးအဖွဲ့နဲ့ဆက်နွယ်မှုရှိတယ်လို့ မသင်္ကာရသူအမျိုးသားတဦးကိုလည်း လိုင်လူငယ်အသင်းက ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်သွားခဲ့တာပါ။
အဲဒီသိမ်းဆည်းရမိခဲ့တဲ့ စစ်ပစ္စည်းအမျိုးအစားနဲ့ အရေအတွက်၊ဖမ်းဆီးခံရသူရဲ့ အမည်စတဲ့ အသေးစိတ် အချက်အလက်တွေကို သီးခြားအတည်မပြုသေးပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဂန်တေးအဖွဲ့ (GKO) ဘက်ကရော လိုင်လူငယ်အသင်း (YLA) ဘက်ကပါ တရားဝင်ထုတ်ပြန်ချက်တစုံတရာမထုတ်သေးဘဲ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။












