Border News Agency
ရေကြည်၊ ဩဂုတ် ၂၄။
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ သြဂုတ်လ ၂၄ ရက်၊ဒီနေ့ထိမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေမြုပ်မှုတွေဖြစ်ပွားနေပြီး အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
သခွတ်ကုန်းကျေးရွာမှာ အိမ်ခြေ ၁၉၀ ကျော်ရှိတဲ့အထဲက လူနေအိမ်တွေတဝက်ခန့်ရေမြုပ်နေကြပါတယ်။
အဲဒီအပြင် အိမ်ခြေ ၁၇၈ အိမ်ရှိတဲ့ ဒယ်ကုန်းကျေးရွာမှာလည်း ဘုန်းကြီးကျောင်းအပါအဝင် ရွာလုံးကျွတ် ရေမြုပ်နေတာပါ။
အဲဒီရွာလုံးကျွတ် ရေမြုပ်နေတဲ့ ဒယ်ကုန်းကျေးရွာအတွက် အစားအသောက်၊ သောက်ရေသန့်နဲ့ အရေးပေါ် အသုံးအဆောင်ပစ္စည်းတွေလိုအပ်နေပါတယ်။

















