Border News Agency
ကမ္ဘောဒီးယား၊ စက်တင်ဘာ ၁၁။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံ ခေတ္တ နိုင်ငံတော်အကြီးအကဲ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆင်တို့ဟာ စက်တင်ဘာလ ၁၁ ရက်၊ဒီနေ့ ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်မှာရှိတဲ့ ညီညွတ်ရေးနန်းတော်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဦးမောင်မြင့်၊တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်အချို့နဲ့ စစ်တပ်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြတာပါ။
အဲဒီအပြင် ကမ္ဘောဒီးယားဘက်ကလည်း ခေတ္တနိုင်ငံတော်အကြီးအကဲ ဟွန်ဆင်နဲ့အတူ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

















Comments 1
Hunting for useful knowledge resources I happened upon an engaging educational site
that covers science, history, psychology, and more
Click here to explore : https://forum.maistrafego.pt/index.php?topic=529509.new#new