Border News Agency
မိုးကုတ်၊ ဇူလိုင်လ ၁၀။
မိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာကို ဇူလိုင်လ ၉ ရက်နေ့ည ၈ နာရီကျော်အချိန်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်နှစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်နှစ်ဦးသေဆုံးခဲ့ပြီးကလေးငယ်နှစ်ဦး၊ အမျိုးသားနှစ်ဦး၊ အမျိုးသမီးလေးဦးဒဏ်ရာရရှိသွားသလိုနေအိမ်ခုနှစ်လုံးလည်း ပျက်စီးသွားခဲ့တယ်။
မိုးကုတ်မြို့အနောက်ပိုင်း၊ဂေါင်းဦးဘာရပ်ကွက်ကို ဇူလိုင်လ ၈ ရက်နေ့ကလ ည်းစစ်ကောင်တပ်လေကြောင်းတိုက်ခို က်လို့ အမျိုးသမီးနှစ်ဦး၊အမျိုးသားတ စ်ဦးသေဆုံးခဲ့ပြီးရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာ၊ လက်နက်ကြီးတွေပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ရည်ရွယ်ချက်ရှိရှိပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တွေကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေ လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။












