Border News Agency
မွန်ပြည်၊ စက်တင်ဘာ ၇။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရာမညမွန်တပ်တော်ရဲ့အပတ်စဉ် ၁ ရုံးအရာရှိသင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ် ရာမညမွန်တပ်တော်က စက်တင်ဘာလ ၇ ရက်၊ ဒီနေ့ကထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို စက်တင်ဘာ လ ၅ ရက်နေ့က လွတ်မြောက်နယ်မြေတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရာမညမွန်တပ်တော်မှာ စည်းကမ်းပြည့်ဝပြီး စွမ်းရည်ပိုင်းထက်မြက်တဲ့ ရုံးအ ရာရှိတွေမွေးထုတ်ဖို့ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီသင်တန်းဆင်းပွဲသို့ နိုင်ငံရေးစစ်ရေးကော်မတီ နိုင်သူရဌေး၊ သင်တန်းဆရာတွေ၊ ရုံးပိုင်းဆိုင်ရာတာဝန်ရှိသူတွေ၊ရုံးအုပ်တွေနဲ့ ဌာနဆိုင်ရာရုံးစာရေးတွေတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။











