Border News Agency
ကလေး၊ စက်တင်ဘာ ၁၁။
ကလေးဒေသတော်လှန်ရေးတပ်(KRF) ရဲ့စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို Annual Camp 2025 တလကြာ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၁၀ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီစုဖွဲ့လေ့ကျင့်ရေးအစီအစဥ်မှာ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်တာတွေကို ပြန်ပြီးမွမ်းမံလေ့ကျင့်တာ၊ စစ်ဗျူဟာသင်ခန်းစာတွေကိုဆွေးနွေးသုံးသပ်တာ၊ ကြံ့ခိုင်တာနဲ့ခံနိုင်ရည်စံနှုန်းတွေကိုလေ့ကျင့်စစ်ဆေးတာ၊ ဒေသတွင်းနဲ့နိုင် ငံတဝန်းလုံးရှိစစ်ရေး၊နိုင်ငံရေးအခြေ အနေတွေကိုဆွေးနွေးသုံးသပ်တာ၊ တပ်ဖွဲ့စည်းပုံနဲ့တာဝန်တွေကို ပြင်ဆင်သတ်မှတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Annual Camp 2025 အတွက် ရိက္ခာနဲ့အထွေထွေလိုအပ်ချက်တွေကို ပံ့ပိုးပေးခဲ့တဲ့ ဒေသခံပြည်သူတွေကို အထူးကျေးဇူးတင်တယ်လို့ဆိုပါတယ်။
ကလေးဒေသတော်လှန်ရေးတပ်အနေနဲ့လည်း ဒေသပြည်သူလူထုရှေ့မှ မားမားမတ်မတ်ရပ်တည်ကာကွယ်နိုင်တဲ့ တော်လှန်တပ်တခုအဖြစ် ဆက်လက်ကြိုးစားတည်ဆောက်နေတယ်လို့ဆိုပါတယ်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းတဲ့ထိ မဟာမိတ်တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့အတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။