ဓာတ်ပုံသတင်း

ချင်းမိုင်မှာ တရားမဝင်ဗီဇာပွဲစားလုပ်ကိုင်တဲ့ မြန်မာနှစ်ဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

​Border News Agencyချင်းမိုင်၊နိုဝင်ဘာ ၁၀။ ​ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ဗီဇာနဲ့ စာရွက်စာတမ်းပွဲစားလုပ်ငန်းကို နှစ်နှစ်နီးပါးကြာတရားမဝင်လုပ်ကိုင်ခဲ့တဲ့ မြန်မာအမျိုးသားနှစ်ဦးကို ချင်းမိုင်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကဖမ်းဆီးလိုက်ပါတယ်။ ချင်းမိုင်ခရိုင်၊ မောင်းမြို့နယ်၊ မဲဟိယရပ်ကွက်ရှိ နေအိမ်တအိမ်ကို နိုဝင်ဘာလ ၉ ရက်နေ့က တရားရုံးဝရမ်းနဲ့ဝင်ရောက်စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲစီးပွားရေးလုပ်ငန်းလည်ပတ်မှု၊ နိုင်ငံခြားသားတွေလုပ်ကိုင်ခွင့်မရှိတဲ့...

Read more

ကျိုက်ထိုနဲ့ရွှေကျင်နယ်စပ်ရှိ တော်လှန်ရေးစခန်းတွေကို စစ်တပ်ပြန်သိမ်း

​Border News Agency ကျိုက်ထို၊ နိုဝင်ဘာ ၁၀။ ​မွန်ပြည်နဲ့ပဲခူးတိုင်းနယ်စပ်ဖြစ်တဲ့ ကျိုက်ထိုနဲ့ရွှေကျင်မြို့နယ်ရှိ KNU၊ KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့စခန်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။ ​သိမ်ဇရပ်-ကျိုက်ထိုဒေသနဲ့...

Read more

ဂျိုဟိုးဘာရူးထိန်းသိမ်းရေးစခန်းမှ ရှစ်ဆယ့်ခြောက်ဦးကို ပြန်ပို့

​Border News Agency မလေးရှား၊ နိုဝင်ဘာ ၁၀။ ​မလေးရှားနိုင်ငံ၊ဂျိုဟိုးဘာရူးမြို့ရှိ နီနာ့စ်တောင်းလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ စုစုပေါင်းရှစ်ဆယ့်ခြောက်ဦးကို မိခင်နိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ​အဲဒီနေရပ်ပြန်ပို့ခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသားငါးဆယ့်နှစ်ဦးပါဝင်ပြီး ပါကစ္စတန် တဆယ့်နှစ်ဦး၊ဘင်္ဂလားဒေ့ရှ်တဆယ့်တဦး၊ ထိုင်းလေးဦးနဲ့ အခြားနိုင်ငံအသီးသီးမှ ခုနှစ်ဦးပါဝင်တာပါ။...

Read more

နှစ်နှစ်အတွင်း တော်လှန်ရေးအောင်မြင်နိုင်တယ်လို့ SCEF ပြော(ဓာတ်ပုံသတင်း)

​Border News Agencyကိုးရီးယား၊နိုဝင်ဘာ ၉။ ​ဦးဆောင်မှုမှန်ကန်ပြီး ပြည်သူလူထုစုစည်းညီညွတ်စွာပါဝင်ကြိုးစားမယ်ဆိုရင် နှစ်နှစ်အတွင်းတော်လှန်ရေးအောင်မြင်နိုင်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့က ပြောကြားလိုက်ပါတယ်။ ​ကိုရီးယားနိုင်ငံ၊အင်ချွန်းမြို့၌ နိုဝင်ဘာလ ၈ရက်နေ့ကပြုလုပ်ခဲ့တဲ့ မြန်မာလူထုတွေ့ဆုံပွဲမှာ တက်ရောက်လာသူတွေရဲ့ မေးမြန်းမှုအပေါ် SCEF ကိုယ်စားလှယ်အဖွဲ့ကခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။...

Read more

အီဂျစ်မှာ ရထားနှစ်စင်းတိုက်မိလို့ လူခုနှစ်ဦးသေဆုံးပြီးတရာကျော်ဒဏ်ရာရ (ဓာတ်ပုံသတင်း)

​Border News Agency အီဂျစ်၊နိုဝင်ဘာ ၉။ ​အီဂျစ်နိုင်ငံ၊ကိုင်ရိုမြို့တောင်ဘက်ဂီဇာပြည်နယ်မှာ နိုဝင်ဘာလ ၈ ရက်က ရထားနှစ်စင်းတိုက်မိခဲ့ရာ ရထားမောင်းသူအပါအဝင် လူခုနှစ်ဦးသေဆုံးပြီး တရာ့နှစ်ဆယ့်ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။ ​အနောက်တောင်ဘက် ဖယူးမ်ပြည်နယ်သို့ ဦးတည်ခုတ်မောင်းလာတဲ့ရထားက တောင်ပိုင်းအက်စ်ဝမ်ပြည်နယ်သို့ သွားမယ့်ရထားရဲ့ နောက်ဘက်ပိုင်းကိုဝင်တိုက်ခဲ့တာဖြစ်ပြီး ရထားနှစ်စင်းစလုံး...

Read more

ထီးချိုင့်နဲ့ အင်းတော်တိုက်ပွဲတွေမှာ စစ်သားရှစ်ဆယ်နီးပါး သေဆုံး

​Border News Agency စစ်ကိုင်း၊ နိုဝင်ဘာ ၉။ ​စစ်ကိုင်းတိုင်း၊ထီးချိုင့်နဲ့အင်းတော်မြို့နယ်တို့ရှိ စစ်စခန်းဝင်ရောက်တိုက်ခိုက်မှု၊အင်အားငါး ရာပါအာဏာသိမ်းစစ်ကြောင်းတို့နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှတပ်ကြပ်ကြီး တဦးအပါအဝင်ရှစ်ဆယ်နီးပါး သေဆုံးပြီး စစ်သုံ့ပန်းသုံးဦးဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။...

Read more

ပေါက်မှာ စစ်ဘေးရှောင်သုံးထောင်ကျော် အရေးပေါ်အကူအညီတွေလိုအပ်နေ

​Border News Agency မကွေး၊ နိုဝင်ဘာ ၉။ ​မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ အိမ်ထောင်စုကိုးရာငါးဆယ့်ရှစ်စု၊ စစ်ဘေးရှောင် ပြည်သူသုံးထောင်သုံးရာလေးဆယ့်တဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နိုဝင်ဘာလ ၉ ရက်နေ့ထိ နေရပ်မပြန်နိုင်ဘဲ ဘေးလွတ်ရာ တောတောင်တွေကြား စစ်ဘေးရှောင်နေရပါတယ်။...

Read more

မှော်ဘီမှာ စစ်တပ်လက်အောက်ခံရဲတပ်သားနှစ်ဦး အလင်းဝင်

Border News Agency မှော်ဘီ၊ နိုဝင်ဘာ ၈။ ရန်ကုန်၊မှော်ဘီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံရဲတပ်သားနှစ်ဦးက လက်နက်တွေနဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို နိုဝင်ဘာလ ၆ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ပါတယ်။ အလင်းဝင်ရဲတပ်သားနှစ်ဦးဟာ မှော်ဘီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံရဲတပ်ရင်း...

Read more

ကနီမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ဆယ့်တဦးသေဆုံး

Border News Agency ကနီ၊ နိုဝင်ဘာ ၈ ။ စစ်ကိုင်းဒေသ၊ ယင်းမာပင်ခရိုင်၊ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားဆယ့်တဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီကနီမြို့နယ်၊ညောင်ပင်လယ်ရွာကို နိုဝင်ဘာလ ၇ ရက်၊ မနက် ၁၁ နာရီအချိန်ခန့်က...

Read more

လယ်မူလားမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးသေဆုံး (ဓာတ်ပုံသတင်း)

Border News Agency လယ်မူလား၊ နိုဝင်ဘာ ၈။ တနင်္သာရီတိုင်း၊လယ်မူလားမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ မသန်စွမ်းသူတဦးအပါအဝင် သုံးဦးသေဆုံးပြီး အရပ်သားခုနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ပါတယ်။ အဲဒီလယ်မူလားမြို့နယ်၊မဇောကျေးရွာအုပ်စုရှိမဇောကျေးရွာကို နိုဝင်ဘာလ ၆ ရက်၊ မနက် ၉ နာရီကျော်အချိန်ကအာဏာသိမ်းစစ်တပ်မှ...

Read more
Page 1 of 210 1 2 … 210

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here