Border News Agency
မလေးရှား၊ နိုဝင်ဘာ ၁၀။
မလေးရှားနိုင်ငံ၊ဂျိုဟိုးဘာရူးမြို့ရှိ နီနာ့စ်တောင်းလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ စုစုပေါင်းရှစ်ဆယ့်ခြောက်ဦးကို မိခင်နိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
အဲဒီနေရပ်ပြန်ပို့ခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသားငါးဆယ့်နှစ်ဦးပါဝင်ပြီး ပါကစ္စတန် တဆယ့်နှစ်ဦး၊ဘင်္ဂလားဒေ့ရှ်တဆယ့်တဦး၊ ထိုင်းလေးဦးနဲ့ အခြားနိုင်ငံအသီးသီးမှ ခုနှစ်ဦးပါဝင်တာပါ။
သူတို့ဟာ တရားဝင်နိုင်ငံကူးလက်မှတ်တွေ ဒါမှမဟုတ် သက်ဆိုင်ရာသံရုံးတွေက ထုတ်ပေးတဲ့ ယာယီ ခရီးသွားလက်မှတ်တွေနဲ့ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ကူးတို့ဆိပ်ကမ်းတို့ကတစ်ဆင့် နေရပ်ကို ပြန်လည်ထွက်ခွာသွားကြတာဖြစ်ပါတယ်။
နေရပ်ပြန်ကုန်ကျစရိတ်တွေကို ဖမ်းဆီးခံရသူတွေရဲ့ ကိုယ်ပိုင်ငွေ၊မိသားစုထောက်ပံ့ငွေနဲ့ သက်ဆိုင်ရာ သံရုံးတွေရဲ့ ကူညီပေးမှုနဲ့ ကျခံခဲ့တာဖြစ်ပြီး ပြန်လည်ပို့ဆောင်ခံရသူအားလုံးကို နာမည်ပျက်စာရင်းသွင်းထားမယ်လို့ သိရပါတယ်။
ဂျိုဟိုးဘာရူး လူဝင်မှုကြီးကြပ်ရေးစခန်းအနေနဲ့ နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေကို ဝန်ဆောင်ခကောက်ခံတာမရှိဘဲ သတ်မှတ်ထားတဲ့ကောင်တာတွေမှာ ဆောင်ရွက်ပေးနေတယ်လို့ထုတ်ပြန်ထားပါတယ်။














