Border News Agency
စစ်ကိုင်း၊ နိုဝင်ဘာ ၉။
စစ်ကိုင်းတိုင်း၊ထီးချိုင့်နဲ့အင်းတော်မြို့နယ်တို့ရှိ စစ်စခန်းဝင်ရောက်တိုက်ခိုက်မှု၊အင်အားငါး
ရာပါအာဏာသိမ်းစစ်ကြောင်းတို့နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှတပ်ကြပ်ကြီး တဦးအပါအဝင်ရှစ်ဆယ်နီးပါး သေဆုံးပြီး စစ်သုံ့ပန်းသုံးဦးဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထီးချိုင့်၊ အင်းတော်နဲ့ တကောင်းမြို့နယ်တွေမှာ စစ်ရေးဖော်ဆောင်ခဲ့ရာ အောက်တိုဘာလ ၄ ရက်ကထီးချိုင့်မြို့နယ်၊တုံလုံကျေးရွာစခန်း တိုက်ပွဲမှာ စစ်တပ်ဘက်မှကိုးဦး သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှနှစ်ဦး ကျဆုံးခဲ့တာပါ။
အဲဒီအပြင် အင်းတော်မြို့နယ်သို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းကိုဆယ်ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှခုနှစ်ဆယ်ကျော် သေဆုံးပြီး စစ်သုံ့ပန်းသုံးဦးနဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ရပါတယ်။
အဲဒီအပြင် အောက်တိုဘာလ ၂၃ နဲ့၂၄ ရက်ကလည်း တကောင်းမြို့နယ်ရှိ နီကယ်တောင်စခန်းနဲ့ ၆ မိုင်ဂိတ်စခန်းတို့ကို ပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။











