Border News Agency
မှော်ဘီ၊ နိုဝင်ဘာ ၈။
ရန်ကုန်၊မှော်ဘီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံရဲတပ်သားနှစ်ဦးက လက်နက်တွေနဲ့အတူ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို နိုဝင်ဘာလ ၆ ရက်နေ့က အလင်းဝင်ရောက်လာခဲ့ပါတယ်။
အလင်းဝင်ရဲတပ်သားနှစ်ဦးဟာ မှော်ဘီမြို့နယ်ရှိ စစ်တပ်လက်အောက်ခံရဲတပ်ရင်း ၅ (မှော်ဘီ)မှ အပတ်စဥ် ၃၇၉ သင်တန်းဆင်းတပ်သားတွေဖြစ်ပါတယ်။
အလင်းဝင်ရဲတပ်သားနှစ်ဦးနဲ့အတူ သေနတ်နှစ်လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာကြောင့် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖက ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့ပါတယ်။
အခုလို အလင်းဝင်ရောက်လာတဲ့ စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကို နွေးထွေးစွာကြိုဆိုလက်ခံခဲ့သလို ဘေးကင်းလုံခြုံရာကိုလည်း ပို့ဆောင်ပေးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ TTA-PDF က ဆိုပါတယ်။












