Border News Agency
မောင်တော၊ နိုဝင်ဘာ ၈။
အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အသက်လေးဆယ့်ရှစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် တပ်မှူးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို မောင်တောခရိုင် ပါတီကော်မတီရဲ့ ဦးဆောင်မှုနဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပပြီးစီးခဲ့ပါတယ်။
အဲဒီပြိုင်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်ကတည်းက စတင်ခဲ့ပြီး မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေရှိ အရပ်ဘက်၊ စစ်ဘက် ဌာနဆိုင်ရာ အသင်းတွေအပါအဝင် စုစုပေါင်းသုံးဆယ်နှစ်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာ A2-FC အသင်းက မောက်သူဇာအသင်းကို ခြောက်ဂိုး – နှစ်ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ပထမဆု ဒိုင်းကြီးကို ကြေးကိုး ပိဿာနဲ့ ထုဆစ်ထားတာ ဖြစ်သလို ပြိုင်ပွဲသို့ ရက္ခိုင်၊ မူဆလင်နဲ့ ဟိန္ဒူ ဘာသာဝင် ပြည်သူထောင်နဲ့ချီ လာရောက်အားပေးခဲ့ကြပါတယ်။
လူငယ်တွေအားကစားစိတ်ဓာတ်မြှင့်တင်ဖို့နဲ့ မတူညီတဲ့လူမျိုးစုတွေအကြား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာစေရဖို့ ရည်ရွယ်ပြီးပြိုင်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်



















