Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၇။
အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အသက်လေးဆယ့်ရှစ်နှစ်ပြည့် မွေးနေ့အတွက် ဒုတိယတပ်မှူးချုပ်နဲ့တပ်မှူးတွေက နိုဝင်ဘာလ ၇ ရက်၊ဒီနေ့မှာ မွေးနေ့ဆုတောင်းစကား ပေးပို့လိုက်ပါတယ်။
တပ်မှူးချုပ်ရဲ့ စိတ်ထဲမှာရှိတဲ့ ဆန္ဒတွေ တခုပြီးတခု အကောင်အထည်ပေါ်လာနိုင်ပြီး အာရက္ခပြည်သူတရပ်လုံး ရည်မှန်းထားတဲ့ ဆန္ဒတွေလည်း မကြာခင် ပြည့်ဝလာမယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ဆုတောင်းလွှာမှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် အာရက္ခဒေသလိုချင်တဲ့ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိနိုင်ဖို့ တပ်မှူးချုပ်ရဲ့ ဦးဆောင်မှုနဲ့အတူ အားလုံးတူတူ ဆက်လက်ကြိုးစားသွားမယ်လို့လည်း သန္နိဋ္ဌာန်ပြုထားကြတာဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခဒေသက ဆယ့်လေးမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးလက်ရှိမှာ စစ်ရေးနဲ့အုပ်ချုပ်ရေး လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။










